ဘော်ဒါတွေ ဆုံရင် ၊ အသည်းကွဲရင် ၊ သောကြာနေ့ရောက်ရင် ၊ လစာထုတ်ရင် ၊ ပင်ပန်းမှုတွေ ဖြေဖျောက်ချင်ရင် စတဲ့ စတဲ့အကြောင်းပြချက်အမျိုးမျိုးနဲ့ ကျွန်တော်တို့လို အသောက်တလိုင်း ကွီးတွေ အမြဲရောက်ဖြစ်တဲ့နေရာတစ်ခုက ၁၉ လမ်းပါ။ ၁၉ လမ်းဆိုတာ အကင်တွေ ၊ ဘီယာဆိုင်နဲ့ Bar တွေ စုဝေးရာ ရန်ကုန်မြိုရဲ့ အကြီးဆုံး Night Life တစ်ခုလို့ ပြောလို့ရသလို နိုင်ငံခြားသားတွေကို ဆွဲဆောင်နိုင်ဆုံး နေရာတစ်ခုလို့ ပြောရင်လည်း မမှားပါဘူး။ နောက်ပြီး ရန်ကုန်မြို့ရဲ့ အချက်အချာအကျဆုံး Downtown Area မှာရှိတာဆိုတော့ သွယ်ရေးလာရေးအတွက်လည်း အတော်လေးသင့်ပြီး တော်ရုံလူမပြတ်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ လသာ ၁၉ လမ်း ထဲမှာ ထိုင်စရာဆိုင်တွေပေါလို့ ရွေးရခက်နေတယ်ဆိုရင်တော့ အစားအသောက်ကောင်းတွေနဲ့ အေးအေးဆေးဆေး Chill လို့ရမယ့် အကောင်းဆုံး Bar တွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

(၁) The Cuban

Photo : The Cuban

ဒီဆိုင်လေးက ဖွင့်ထားတာ သိပ်မကြာသေးဘူး။ ဆိုင်နေရာ ခပ်ကျဉ်းကျဉ်းဆိုပေမယ့် အပေါ်အောက် ၃ ထပ်ရှိတယ်။ ဒီဆိုင်ရဲ့ ထူးခြားချက်ကတော့ အရောင်အသွေးစုံတဲ့ နံရံဆေးရေးပန်းချီတွေပဲ။ အေးဆေးထိုင်ချင်သူတွေ ၊ ချစ်သူစုံတွဲတွေ ၊ ဓာတ်ဖမ်းချင်သူတွေ အကြိုက်တွေ့မယ့် ဆိုင်လေး။ အစားအသောက်နဲ့ ကော့လ်တေး Drinks တွေလည်း စုံတယ်။ Open Mic Day နဲ့ Unplugged Music တွေလည်းရှိတော့ သီချင်းတွေ ဟဲမယ် ၊ ဆိုမယ် ဆိုသူတွေအတွက်လည်း ကွက်တိပဲ။ လိပ်စာကတော့ အမှတ် ၁၃၀ ၊ ၁၉ လမ်း ၊ လသာမြို့နယ် ဖြစ်ပါတယ်။

(၂) A150 Chinatown Bistro

Photo : A150 Chinatown Bistro

ဒီဆိုင်လေးက လူငယ်တွေကြားမှာ တော်တော်လေး ရေပန်းစားတဲ့ Hidden Cocktail Bar လေး။ တစ်ဆိုင်လုံးက Chinese အငွေ့အသက် အနီရောင် Theme လေးနဲ့ အမှိုင်း Vibe လေး ဘက်သွားတယ်။ ဓာတ်ပုံကောင်းကောင်းရိုက်တက်သူတွေအတွက် တော်တော်လေးလှတယ်။ ဒီဆိုင်ရဲ့ စိတ်ဝင်စားဖို့ အကောင်းဆုံးက အစားအသောက်တွေပဲ။ Cocktail ဆန်းဆန်းလေးတွေ ၊ Chinese စတိုင် ဟင်းပွဲတွေ တော်တော်စုံတယ်။ ဆိုင်နေရာ နည်းနည်းကျဉ်းပေမယ့် လူငယ်ဆန်ဆန် အေးအေးဆေးဆေး Chill လို့အဆင်ပြေတယ်။ ဆိုင်လိပ်စာက အမှတ် ၁၀၅/A ၊ ၁၉ လမ်း ၊ လသာမြို့နယ် ဖြစ်ပါတယ်။

(၃) Johnny & Julie – 19th Street

Photo : Johnny & Julie – 19th Street

ဒီဆိုင်လေးက Vintage ဆန်ဆန်နဲ့ မီးရောင်မှိန်မှိန်လေးအောက်မှာ အေးဆေး Chill လို့ရမယ့် ဆိုင်လေး။ ဒီဆိုင်မှာ နာမည်အကြီးဆုံးက အကင်တွေပဲ။ တခြား Food Menu တွေလည်း အစုံရတယ်။ ဘီယာ ၊ အပြင်း Drinks တွေ စုံတယ်။ ကော့လ်တေးတွေလည်း တော်တော်မိုက်တယ်။ Unplugged Music လည်းရှိတော့ အေးဆေး Relax လုပ်ချင်တဲ့သူတွေအတွက် အဆင်ပြေတယ်။ ဆိုင်လိပ်စာက အမှတ် ၈၉ ၊ ၁၉ လမ်း ၊ လသာမြို့နယ် ဖြစ်ပါတယ်။

(၄) It’s Me Japanese Bar & Resturant

Photo : It’s Me Japanese Bar & Resturant

ဒီဆိုင်လေးက Japanese Bar & Resturant ဆိုတဲ့အတိုင်း ဆိုင်အပြင်အဆင်ကို Japan Street Bar ပုံစံလေးပြင်ဆင်ပေးထားတာဆိုတော့ အေးအေးဆေးဆေး သက်တောင့်သက်သာ ထိုင်ချင်တဲ့သူတွေအတွက် အဆင်ပြေတယ်။ ဂျပန်စတိုင် အစားအစာတွေ တော်တော်လေးကို စုံတယ်။ Chef Bar Counter လေးလည်းလုပ်ပေးထားတော့ စားရင်းသောက်ရင်း Chef Show လည်း ကြည့်လို့ရပါသေးတယ်။ သောက်စရာထဲမှာ Beer နဲ့ ကော့လ်တေးတွေ အစုံရတယ်။ ဈေးကလည်း ၁၅၀၀ ကစတာဆိုတော့ တော်တော်လေး သင့်တင်တယ်လို့ ပြောလို့ရတယ်။ လိပ်စာကတော့ အမှတ် ၁၀၈ ၊ ၁၉ လမ်း ၊ လသာမြို့နယ် ဖြစ်ပါတယ်။

(၅) Terminal5 – Bar & Grill 19th Street

Photo : Terminal5 – Bar & Grill 19th Street

ဒီဆိုင်လေးက ၁၉ လမ်း T5 လို့လူသိများပြီး ဆိုင်အပြင်အဆင် အထာကျကျနဲ့ လူငယ်ဆန်ဆန် Vibe လေး ခံစားရမယ့် ဆိုင်လေး ။ သူက အပေါ်အောက် ၂ ထပ် ပုံစံ။ ရာသီဥတုသာယာတဲ့နေ့ဆို Street Life ဆန်ဆန် Outdoor မှာလည်း ထိုင်လို့ရတယ်။ အကင်တွေ ၊ Chinese Foods နဲ့ တခြားအရသာရှိတဲ့ အစားအသောက်တွေလည်း တော်တော်စုံတယ်။ ဈေးနှုန်းလေးတွေလည်း မဆိုးဘူး သင့်တယ်။ သောကြာနဲ့ စနေနေ့တွေမှာ Unplugged Music လည်းရှိတယ်။ ဆိုင်လိပ်စာက အမှတ် ၁၁၉ ၊ ၁၉ လမ်း ၊ လသာမြို့နယ် ဖြစ်ပါတယ်။

Featured Photo : Myanmar Mix