ပိတ်ရက်လေးမှာ ဘော်ဒါတွေနဲ့ Chill ဖို့ ထိုင်လို့ကောင်းတဲ့ ဘားလေးတွေ ရှာနေပါသလား။ ဒါဆိုရင်တော့ ကွီးတို့အတွက် လူငယ်ဆန်ဆန် ထိုင်လို့ကောင်းတဲ့ ရန်ကုန်မြို့က ဘား လေးတွေကို ဖော်ပြပေးချင်ပါတယ်။

7Bar

လူငယ်ဆန်ဆန် ဘား

Photo : 7Bar

ကွီးတို့အတွက် ပထမဆုံးဖော်ပြပေးချင်တဲ့ လူငယ်ဆန်ဆန် ထိုင်လို့ကောင်းတဲ့ ဘား လေးကတော့ မြောက်ဒဂုံမြို့နယ်မှာ ရှိတဲ့ 7Bar ပဲ ဖြစ်ပါတယ်။ ဒီဘားလေးရဲ့ အနေအထားက ကျယ်ကျယ်ဝန်းဝန်းရှိတဲ့အပြင် အထပ်နှစ်ထပ်ရှိတော့ အောက်ထပ်မှာပဲ အေးအေးဆေးထိုင်မလား၊ အပေါ်ထပ် Rooftop မှာပဲ လေညှင်းလေးတွေ ခံစားရင်းထိုင်မလား ဆိုတာ ကွီးတို့စိတ်ကြိုက် ရွေးချယ်လို့ရပါတယ်။ ဒါ့အပြင် ကား ပါကင်နေရာလည်း ရှိတော့ တကယ်ကို အဆင်ပြေတာပေါ့။

ဒီဘားလေးမှာ အဖျော်ယမကာများအပြင် မြည်းစမ်းကြည့်ချင်စရာ အစားအသောက်ကောင်းတွေလည်း ရပါတယ်။ အေးအေးဆေးဆေး သောက်ရင်း တေးဂီတလေးတွေ နားဆင်ချင်ပါတယ်ဆိုတဲ့ ကွီးတို့အတွက်လည်း Unplugged တေးဂီတ အစီအစဉ်လေးတွေလည်း ရှိပါတယ်။ ဒီဘားလေးရဲ့ လိပ်စာကတော့ အမှတ် (၄၂)၊ ဦးဝိစာရလမ်းမကြီး၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။

BAR4U

လူငယ်ဆန်ဆန် ဘား

Photo : BAR4U

ဒီဘားလေးကလည်း စမ်းချောင်းထဲမှာ လူငယ်ဆန်ဆန် ထိုင်လို့ကောင်းတဲ့ ဘား လေးပဲ ဖြစ်ပါတယ်။ ဒီဘားလေးရဲ့ အပြင်အဆင်ကလည်း တကယ်ကို လူငယ်တွေ အကြိုက်တွေ့စေမဲ့ အမိုက်စားလေးပါ။ ကွီးတို့ ချစ်သူလေးနဲ့ပဲ Date ချင်လား၊ ဘော်ဒါတွေ အများကြီးနဲ့ပဲ Chill ချင်လား၊ တကယ်ကို ရွေးချယ်ချင်စရာ ဘားလေးပဲ ဖြစ်ပါတယ်။

ဒီဘားလေးမှာ အဖျော်ယမကာများနဲ့ တွဲဖက်စားသုံးဖို့ အစားအသောက် Menu တွေကလည်း မြည်းစမ်း ကြည့်ချင်စရာပါ။ ဒါ့အပြင် ဒီဘားမှာ ကချင်မြေကလာတဲ့ ကချင်ရိုးရာ ငချိတ်ခေါင်ရည်စစ်စစ်လည်း ရတာကြောင့် ခေါင်ရည်မှ ခေါင်ရည်ဆိုတဲ့ ကွီးတို့ အတွက်တော့ တကယ်ကို ရွေးချယ်သင့်တဲ့ ဘားလေး ဖြစ်ပါတယ်။ သံစဉ်တွေ အကြား လွင့်မျောချင်တဲ့ ကွီးတို့အတွက်လည်း Unplugged တေးဂီတ အမိုက်စားလေးတွေကိုလည်းနားဆင်လို့ ရပါတယ်။ လိပ်စာကတော့ အမှတ် Sa/16 ၊ စမ်းချောင်းလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။

Night Life Bar

bar

Photo : Night Life Bar

နောက်ထပ်ဖော်ပြချင်တဲ့ ဘားလေးကတော့ လွတ်လွတ်လပ်လပ်နဲ့ အေးဆေးထိုင်ချင်တဲ့ ကွီးတို့အတွက် အဆင်ပြေစေမဲ့ Night Life Bar ဆိုတဲ့ ဘားလေးပဲ ဖြစ်ပါတယ်။ ဆိုင်အပြင်အဆင်လေးက တကယ်ကို အမိုက်စားဖြစ်တဲ့အပြင် လူငယ်ဆန်ပြီး ထိုင်လို့ကောင်းတဲ့ ဘားလေးပါ။ ဒီဘားလေးက နှစ်ထပ်ရှိတဲ့အတွက် အောက်ထပ်မှာပဲ ဖြစ်ဖြစ်၊ အပေါ်မှာပဲ ဖြစ်ဖြစ် လေလေးဖြူးဖြူနဲ့ အေးဆေးထိုင်လို့ ရပါတယ်။

ဒီဘားလေးမှာ ဘီယာ၊ ဝိုင် စတဲ့ သောက်စရာ အစုံအလင်အပြင် Signature ကော့လ်တေး ကိုလည်း မြည်းစမ်းကြည့်လို့ ရပါတယ်။ ဒါ့အပြင် အဖျော်ယမကာများနဲ့ လိုက်ဖက်တဲ့ အစားအသောက်ကောင်းတွေလည်း ရပါတယ်။ ဒီဘားလေးရဲ့ လိပ်စာကတော့ Yangon Night Market၊ ကမ်းနားလမ်းနဲ့ မဟာဗန္ဓု ပန်းခြံလမ်းထောင့်၊ ကမ်းနားလမ်း၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။

Featured Photo : BAR4U