ပျော်ရွှင်ပြီး လွတ်လပ်တဲ့ လူငယ် ဘဝကို တဝကြီး ကုန်ဆုံးချင်တဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ ရန်ကုန်မြို့တွင်းရှိ ဘား များအကြောင်းကို ဝေမျှပေးချင်ပါတယ်။ ဘယ်လိုဘားတွေက လွတ်လွတ်လပ်လပ်နဲ့ လူငယ် ဆန်ပြီး ထိုင်လို့ကောင်းတဲ့ ဘား တွေဖြစ်မလဲဆိုတာ အတူတူ ဆက်လေ့လာကြည့် လိုက်ရအောင်။
Traditional DC Bar

Photo: Facebook
ဒီဘားရဲ့ တည်နေရာကတော့ ရွှေအုန်းပင်အိမ်ရာ၊ ရန်ရှင်းလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့မှာ တည်ရှိတာပဲဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၁ နာရီကနေ ည ၁၁ နာရီအထိပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ထူးခြားချက်ကတော့ Traditional DC Bar ဆိုတဲ့အတိုင်း မြန်မာမှု လက်ရာတွေကို ခံစားနိုင်ခြင်းပဲဖြစ်ပါတယ်။ ဘီလူးနဲ့ တခြားပန်းပုအရုပ်တွေလည်း အများကြီးရှိပြီး Unplugged သီချင်းနားထောင်ရင်း အေးအေး ဆေးဆေး Chill လို့လည်း ရပါသေးတယ်။
ကွီးတို့ ကြိုက်နှစ်သက်ရာ အယ်လ်ကိုဟော ဖျော်ရည်များကို မှာယူသောက်သုံးနိုင်ပြီး အရသာရှိတဲ့ ဒေသထွက်အစားအစာ အမျိုးမျိုးကိုလည်း မြည်းစမ်းစားသုံးနိုင်ပါသေးတယ်။
The Beer Factory Yangon

Photo: Facebook
ဒီဆိုင်လေးရဲ့ တည်နေရာကတော့ အမှတ် (၁၀) A ၊ ရွှေတောင်ကြားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့မှာ တည်ရှိပါတယ်။ ဆိုင်ရဲ့ အပြင်အဆင်က လူငယ် ဆန်ပြီးတော့ ထိုင်လို့ကောင်းတဲ့ ဘား တစ်ခုပဲဖြစ်ပါတယ်။ မနက်စာ၊ နေ့လည်စာ၊ အနောက်တိုင်းအစားအစာများ၊ အရှေ့တိုင်းအစားအစာများ အစရှိတဲ့ မီနူးမျိုးစုံကို မြည်းစမ်းစားသုံးနိုင်တဲ့အပြင် အကောင်းစား ဝိုင်အမျိုးမျိုး၊ ဘီယာ၊ ဝီစကီနှင့် ကော့တေးမျိုးစုံကိုလည်း မှယူသောက်သုံးနိုင်ပါတယ်။ အစားအစာ အမြည်းတွေထဲမှာဆိုရင် Best Seller ကတော့ ဆော့စ်မျိုးစုံနဲ့ စားသုံးနိုင်တဲ့ Chicken Chop ပဲဖြစ်ပါတယ်။ ကွီးတို့ The Beer Factory မှာ သွားထိုင်ဖြစ်တဲ့အခါ မမေ့မလျော့ မြည်းစမ်းကြည့်သင့်ပါတယ်။
Mysterious Bar Yangon – The Myst

Photo: Facebook
ဒီဆိုင်ကတော့ အမှတ် ၂၅/၂၇ ၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့မှာ တည်ရှိတာပဲ ဖြစ်ပါတယ်။ အလန်းစား ဂီတများနှင့် မြူးတူးကခုန်ပျော်ပါးချင်တယ်ဆိုရင်တော့ Mysterious Bar Yangon – The Myst ကိုသာ လှမ်းလာခဲ့လိုက်ပါ။ နာမည်ကြီး DJ များရဲ့ ဖျော်ဖြေတင်ဆက်မှုများနှင့် ဖျော်ဖြေတင်ဆက်ပေးမှာ ဖြစ်ပါတယ်။ ဒီတစ်ပတ် Friday Flyday သောကြာနေ့ညမှာလည်း အပီလွှင့်နိုင်အောင် DJ လှိုင်းထဲ ခေါ်ဆောင်သွားမယ့် Paranoid ကိုလည်း Special Guest အဖြစ် ငှားရမ်းထားပါသေးတယ်။ မြန်မြန် ဘိုကင်တင်ထားနိုင်မှ တော်ရာကျလိမ့်မယ်နော်။
Featured Image: Mysterious Bar Yangon – The Myst
