Bar မိုက်မိုက်လေး ထိုင်ချင်တဲ့ ကွီးတို့အတွက် ဒီတစ်ခေါက်မှာတော့ လက်တလော လူငယ် တွေကြားမှာ လူပြောများ ဟော့ဖြစ်နေတဲ့ ရန်ကုန်မြို့ က အမိုက်စား Bar လေးတွေကို စုစည်း တင်ဆက်ပေးချင်ပါတယ်။ ဘော်ဒါတွေ ဆိုင်ထိုင်ရင်း Chill ချင်လို့ပဲ ဖြစ်ဖြစ် ၊ ချစ်သူလေးနဲ့ ဒိတ်လုပ်ဖို့ပဲ ဖြစ်ဖြစ် အခုပြောပြမယ့် ဆိုင်လေးတွေက လုံးဝ Must Try ပါနော်။

(၁) The Space Lounge

Photo : The Space Lounge

ပထမဆုံး ကိုရီးယားစတိုင်လေး Bar အမိုက်စားလေးနဲ့ မိတ်ဆက်ပေးပါမယ်။ ဒီဆိုင်လေးက ဗိုလ်တထောင် ၊ Urban Asia Center မှာ အသစ်ဖွင့်ထားတဲ့ The Space Lounge ဆိုတဲ့ Bar လေးပါ။ တစ်ဆိုင်လုံး ဖြူးဖြူးဖွေးဖွေး ခပ်သန့်သန့် Theme လေး ယူထားပြီး Neon မီးလေးတွေနဲ့ ပေါင်းစပ်ထားတဲ့အတွက် ဆိုင်လေးက တော်တော်လေး ချစ်စရာကောင်းပြီး လူငယ်ဆန်တဲ့ Vibe လေး ရတယ်။ ဆိုင်ရဲ့ Decoration အပြင်အဆင်လေးက ဓာတ်ဖမ်းချင်လေးစရာမလို့ ဓာတ်ပုံလှလှလေး ရိုက်ရတာ ကြိုက်တဲ့သူတွေ လုံးဝသေချာပေါက် သွားသင့်ပါတယ်။ ကိုရီးယားဆန်တဲ့ ချစ်သူလေးနဲ့ နှစ်ယောက်တည်း အေးအေးဆေးဆေး ဒိတ်မလား ၊ ဘော်ဘော်တို့နဲ့ ညနေခင်း ရုံးဆင်းချိန်တွေမှာ Chill ကြမလား ဒီဆိုင်လေးက လုံးဝ ကွက်တိကျစေမှာပါ။

Photo : The Space Lounge

အစားအသောက်ပိုင်း မှာဆိုလည်း ကိုရီးယားစတိုင် Food Menu တွေအပြင် အနောက်တိုင်း စတိုင် ဟင်းပွဲတွေလည်း ရတယ်။ ဆိုဂျူးနဲ့ဖျော်စပ်ထားတဲ့ Signature Cocktail တွေဆိုလည်း ရွေးချယ်စရာတော်တော်များပြီး အကုန်လုံးက သောက်ချင်စရာချည်းပဲ။ Live Music Band တွေရဲ့ ဖျော်ဖြေမှု အစီအစဉ်တွေလည်း ရှိတော့ ဘာလိုသေးလဲ။ အခုလက်ရှိ လူငယ် ပိုင်းတွေကြားမှာ လူပြောနေတဲ့ အမိုက်စား ကိုရီးယားစတိုင် Bar လေး ဖြစ်တာကြောင့် ကွီးတို့ သွားရောက် Chill ချင်ဖို့ ညွှန်းပေးလိုက်ပါတယ်။ ဆိုင်လိပ်စာကတော့ G16 ၊ Urban Asia Center ၊ ၄၈ လမ်း နဲ့ မဟာဗန္ဓုလလမ်းထောင့် ၊ ဗိုလ်တထောင်မြို့နယ် ၊ ရုန်ကုန်မြို့ ဖြစ်ပါတယ်။

(၂) Z Bar B Q

Photo : Z Bar B Q

ညနေခင်းတွေမှာ လေတဖြူးဖြူးနဲ့ လွတ်လပ်တဲ့ Feeling ကို အပြည့်အဝခံစားနိုင်မယ့် ဆိုင်လေးတစ်ခု ညွှန်းပေးပါမယ်။ ဒီဆိုင်လေးကတော့ ကမ်းနားလမ်းပေါ်က Z Bar B Q လို့ ခေါ်ပါတယ်။ ကမ်းနားလမ်းပေါ်မှာဆိုပေမယ့် ဆိုင်နေရာအခင်းအကျင်းက ကျယ်ကျယ်ဝန်းဝန်းရှိပြီး အောက်ထပ်မှာပဲ Chill မလား အပေါ်ထပ်မှာပဲ လေတဖြူးဖြူးနဲ့ လွင့်မလား စိတ်ကြိုက်ရွေးလို့ ရတယ်။ ကားရပ်စရာနေရာတွေလည်း အကျယ်ကြီး စီစဉ်ပေးထားတာမလို့အတွက် ကားပါကင်အတွက် စိတ်ပူနေစရာမလိုပါဘူး။ ဆိုင်အပြင်အဆင် ကတော့ ဘန်ကောက်ဘက်က Bar တွေလိုပဲ တော်တော်လေး အထာကျပြီး လူငယ် ဆန်တယ်။ စျေးသက်သာပြီး အရသာရှိတဲ့ အစားအသောက် Menu တွေလည်း တော်တော်လေးကို စုံစုံလင်လင်ရတယ်။ Unplugged Music နဲ့ Chill ချင်သူတွေအတွက်လည်း တစ်ရက်နဲ့တစ်ရက် မတူညီတဲ့ အမိုက်စား ဖျော်ဖြေမှုတွေ ရှိသေးတယ်ဗျာ။ ညခင်းမှာ ရန်ကုန်ရဲ့မြို့ပြအလှကို ခံစားရင်း မြူးဇစ်အဆန်း မြူးဇစ်အလန်းတွေနဲ့ Chill ချင်ရင်တော့ Z Bar B Q ကိုသာ အရောက်သွားလိုက်ပါ။ ဆိုင်လိပ်စာကတော့ ၃၂ လမ်းထိပ် ၊ ကမ်းနားလမ်း ၊ ပန်းပဲတန်းမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၃) Sky Lounge Bar

Photo : Sky Lounge Bar

Rooftop Bar လေးတွေမှ ကြိုက်တဲ့ ကွီးတို့အတွက်ကတော့ ဗဟန်းမြို့နယ်ထဲက Merchant Hotel အပေါ်ဆုံးထပ်မှာ အသစ်ဖွင့်လိုက်တဲ့ Sky Lounge Bar လေးနဲ့ မိတ်ဆက်ပေးပါမယ်။ ဒီ Bar လေးက Rooftop Bar ဖြစ်တဲ့အပြင် နေရာထိုင်ခင်းကလည်း ကျယ်ကျယ်ဝန်းဝန်း ရှိတဲ့အတွက် အေးအေးဆေးဆေး Chill ချင်သူတွေ လုံးဝ အကြိုက်တွေ့စေမှာပါ။ Indoor / Outdoor စိတ်ကြိုက်ရွေးထိုင်နိုင်မယ့်အပြင် ကိုယ့်လူနဲ့ကို သီးသီးသန့်သန့် လေးထိုင်ချင်သူတွေအတွက်လည်း Private Arch Area လေးတွေလည်းလုပ်ထားပေးပါတယ်။

Photo : Sky Lounge Bar

အစားအသောက်ပိုင်းမှာ ဒီဆိုင်ရောက်ရင် သေချာပေါက် မြည်းစမ်းကြည့်ရမယ့် Drink တစ်ခုက Green Beer ပါပဲ။ ရိုးရိုး Beer တွေလည်း အစုံရသလို Cocktail နဲ့ တခြားသောက်စရာ Drinks တွေ Shisha တွေလည်း အရသာစုံရတယ်။ Food Menu အသစ်အဆန်းတွေ မျိုးစုံရတာမလို့ သောက်ရင်းစားရင်း Rooftop အေးဆး Chill ရုံပါပဲ။ မရိုးနိုင်တဲ့ မြို့ပြရှုခင်းအလှတွေ ခံစားရင်း Unplugged Music တွေနဲ့အတူ အေးအေးဆေးဆေး လွတ်လပ်ပေါ့ပါးစွာ Chill Out လုပ်ချင်ရင်တော့ Sky Lounge Bar လေးက လုံးဝကွက်တိပါပဲ။ ဆိုင်လိပ်စာက အမှတ် ၆၇/၇၁ ၊ ရေတာရှည်လမ်းသစ် ၊ ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။