တပတ်လုံး အလုပ်တွေနဲ့ လုံးပန်းခဲ့သမျှ Friday မှာ TGIF လုပ်ရင်း အနားယူအပန်းဖြေဖို့ စဉ်းစားနေသူတွေအတွက် ရန်ကုန်မြို့တွင်းက ထိုင်လို့ကောင်းတဲ့ Rooftop Bar ၅ ခုကို ရွေးချယ်တင်ဆက် ပေးချင်ပါတယ်။ ရန်ကုန်မြို့ရဲ့ ညနေဆည်းဆာအလှကို အပေါ်စီးကနေ ကြည့်ရှု့ခံစားချင်တယ် ၊ View လှလှလေးတွေကြည့်ရင်း အစားအသောက်ကောင်းတွေ မြည်းစမ်းကြည့်ချင်တယ် ၊ သန့်ရှင်းလတ်ဆတ်တဲ့ လေကောင်းလေ သန့်တွေ ရှုရှိုက်ရင်း မွန်းကြပ်မှုတွေနဲ့ဝေးရာ လွတ်လပ်မှု ရဲ့အရသာကို အပြည့်အဝခံစားချင်တယ် ဆိုရင်တော့ အခုဖော်ပြပေးမယ့် အမိုက်စား Rooftop Bar တွေကို တစ်ကြိမ်လောက် သွားရောက်ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်။

(၁) The Strip Yangon – Rooftop Bar

Photo : The Strip Yangon – Rooftop Bar

ဒီ Bar လေးကတော့ ရန်ကုန်မြို့ရဲ့ မြို့ပြအလှကို အပေါ်စီးကနေ ကြည့်ရှု့ခံစားနိုင်မယ့် အမိုက်စား Rooftop Bar လေး။ Rooftop ကိုမှ indoor နဲ့ outdoor ပုံစံ ၂ မျိုးထိုင်လို့ရအောင် ပြင်ပေးထားတယ်။ Outdoor area အတွက် အခုနောက်ပိုင်း အမိုးလေး ထပ်မိုးပေးထားတော့ မိုးရွာလည်း အေးအေးဆေးဆေး Rooftop ရဲ့ အရသာကို အပြည့်အဝ ခံစားနိုင်မှာပါ။ ဒီဆိုင်မှာ ကော့လ်တေးတွေ တော်တော်မိုက်တယ်။ Asian food‌ ၊ european food နဲ့ တခြား အစားအသောက် Menu တွေစုံတယ်။ အပတ်စဉ် DJ နဲ့ Unplugged Music အစီအစဉ်တွေလည်း ရှိသေးတယ်။ လိပ်စာကတော့ အမှတ် – ၃၀၃/၃၀၅ ၊ Hotel Grand Vista ၉ လွှာ ၊ အောက်ကြည့်မြင်တိုင်လမ်းမကြီး ၊အလုံမြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၂) Sky View Bar & Restaurant

Photo : Sky View Bar & Restaurant

ဒီ Bar လေးက view တော်တော်လေးလှတဲ့ Rooftop Bar တွေထဲမှာပါတယ်။ ကန်တော်ကြီးရဲ့ စိမ်းစိမ်းစိုစို ရှုခင်းတွေနဲ့ ကန်ရေပြင်အလှကို ခံစားရင်း အေးဆေး relax လုပ်လို့ကောင်းတယ်။ စိတ်ပါရင် ရွှေတိဂုံဘုရားကို အဝေးကနေလှမ်းဖူးပြီး Bar သွားရင်း ကုသိုလ်ယူလို့ပါ ရသေးတယ်။ အစားအသောက်တွေထဲမှာတော့ အနောက်တိုင်း အစားအစာတွေ တော်တော်စုံစုံရတယ်။ ကော့လ်တေး ဆန်းဆန်းလေးတွေ ၊ ဘီယာ ၊ ဝိုင် ရွေးချယ်စရာစုံတယ်။ လိပ်စာကတော့ အမှတ် ၂၃ ၊ Esperado Lake View Hotel ၉ လွှာ ၊ ကန်ရိပ်သာလမ်း ၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၃) Iceland Rooftop Bar & Restaurant

Photo : Iceland Rooftop Bar & Restaurant

ဒီ Bar လေးက မိုးတိမ်တွေအောက်မှာ ရန်ကုန်ရဲ့ ညနေခင်း နေဝင်ဆည်းဆာအလှကို ခံစားနိုင်မယ့် Rooftop Bar လေး။ ဒီဆိုင်လည်း indoor နဲ့ outdoor ၂ မျိုးရှိတော့ အထဲမှာပဲ အေးအေး ထိုင်ထိုင် ၊ အပြင်မှာပဲ လွတ်လွတ်လပ်လပ် ထိုင်ထိုင်အဆင်ပြေတယ်။ အစားအသောက်တွေလည်း တော်တော်စုံတယ်။ ဘီယာ ၊ အပြင်း ၊ အပျော့ ၊ ကော့လ်တေး အစုံရတယ်။ အနောက်တိုင်းအစာအစာ ၊ ထိုင်းအစားအစာ ၊ BBQ နဲ့ ပင်လယ်စာ ဟင်းပွဲတွေ အစုံပဲ။ အပတ်စဉ် တနင်္လာ ၊ ဗုဒ္ဓဟူး ၊ သောကြာ ၊ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ Unplugged Music လည်းရှိတော့ အေးဆေး Relax လုပ်ချင်တဲ့သူတွေအတွက် အဆင်ပြေတယ်။ လိပ်စာက အမှတ် ၁၂၃/၁၂၄ ၊ ပြည်လမ်း ၊ ၁၀ မိုင် ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၄) Date Bar

Photo : Date Bar

ဒီ Bar လေးက Date Bar ဆိုတဲ့အတိုင်း ချစ်သူစုံတွဲတွေကြားမှာ ရေပန်းစားနေတဲ့ အမိုက်စားRooftop Bar လေး။ ဆိုင်ရဲ့ အပြင်အဆင်လေးက ရိုမန်တစ်ဆန်ဆန်နဲ့ အရမ်းလှတယ်။ ဓာတ်ပုံလှလှ ရိုက်ချင်တဲ့ ချစ်သူစုံတွဲတွေအတွက် Decoration အမိုက်စားလေးတွေ ရှိတယ်။ Stake ၊ Pizza ၊ Pasta နဲ့ european food တွေတော်တော်လေး စုံစုံလင်လင်ရတယ်။ ကော့လ်တေးနဲ့ Drinks တွေလည်း အမယ်စုံရတယ်။ လိပ်စာကတော့ အမှတ် ၁၄၆ (G) ၊ Hotel Scion Yangon ၊ ရွှေနှင်းဆီလမ်း ၊ ၉ မိုင် ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၅) The Glass Yangon


Photo : The Glass Yangon

ဒီ Bar လေးက လူငယ်ဆန်ဆန် အမိုက်စား အပြင်အဆင်တွေနဲ့ open air area ဖြစ်တဲ့အတွက် အေးအေးဆေးဆေး သက်တောင့်သက်သာ relax လုပ်လို့ကောင်းတယ်။ ရန်ကုန်မြို့ရဲ့ ညနေဆည်းဆာအလှကို အပေါ်စီးကနေ မျက်စိတစ်ဆုံးကြည့်ရှု့ခံစားရင်း လွတ်လပ်မှု ရဲ့အရသာကို အပြည့်အဝ ခံစားလို့ရတယ်။ မီးရောင်လှလှလေးတွေနဲ့ lighting မိုက်တော့ ဓာတ်ဖမ်းချင်သူတွေအတွက်လည်း ကွက်တိပဲ။ သီချင်းလေးတွေနဲ့ မျောလွင့်ချင်သူတွေအတွက်လည်း အပတ်စဉ် သောကြာ ၊ စနေ နဲ့ တနင်္ဂနွေနေ့တွေမှာ Unplugged Music အစီအစဉ်တွေရှိတယ်။ အစား အသောက်ပိုင်းမှာ ဝါရင့်စားဖိုမှုးတွေရဲ့ လက်ရာ european စတိုင် ၊ ထိုင်းစတိုင်နဲ့ တခြား menu တွေ အစုံရတယ်။ ဒီဆိုင်ရဲ့ ကော့လ်တေး တွေကလည်း လုံးဝထူးခြားပြီး မိုက်တယ်။ လိပ်စာက အမှတ် ၁၈ (B) ၊ ကျိုက်ဝိုင်းဘုရားလမ်း ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

Featured Photo : The Glass Yangon