ရန်ကုန်မြို့အတွင်းက ထိုင်လို့ကောင်းတဲ့ အမိုက်စား Barလေးတွေ ရှာဖွေနေတဲ့ Barကြိုက်မောင် ကွီးတို့အတွက် ဒီတစ်ခေါက်မှာတော့ သာကေတ နဲ့ ဒေါပုံ မြို့နယ် တကြောက ခပ်လန်းလန်း ခပ်မိုက်မိုက် Bar လေးတွေကို စုစည်းတင်ဆက်ပေးချင်ပါတယ်။

(၁) The Queen Bar

Photo : The Queen Bar

ဒီဆိုင်လေးကတော့ သာကေတမြို့နယ် ၊ ရှုခင်းသာမြို့ပတ်လမ်းပေါ်မှာ ခန့်ခန့်ထည်ထည်ကြီး တည်ရှိနေတဲ့ The Queen Bar ဆိုတဲ့ ဆိုင်လေးပါ။ ဒီဆိုင်လေးမှာက အပေါ်ထပ်အောက်ထပ် နေရာထိုင်ခင်း ကျယ်ကျယ်ဝန်းဝန်းနဲ့ လွတ်လပ်မှုရဲ့ အရသာကို အပြည့်အဝခံစားလို့ ရတယ်။ ရွေးချယ်စရာ ဟင်းပွဲပေါင်း ၁၀၀ ကျော်နဲ့ Menu တွေကလည်း လုံးဝရှယ်မိုက်ပဲဆိုတော့ အစားတလိုင်း ကွီးတို့ရော ၊ အသောက်တလိုင်း ကွီးတို့အတွက်ပါ ကွက်တိပါပဲ။ မြူးကြွတဲ့ သံစဉ်တွေကြားမှာ အရသာရှိတဲ့ အစားအသောက်တွေ မြည်းစမ်းရင်းနဲ့ လွတ်လပ်ပေါ့ပါးစွာ Chill ချင်ရင်တာ့ The Queen Bar လေးက ကွီးတို့ကို စိတ်ကျေနပ်မှု အပြည့်အဝပေးနိုင်မှာ သေချာပါတယ်။ ဆိုင်လိပ်စာကတော့ အမှတ် (၇/ ခ) ၊ ရှုခင်းသာမြို့ပတ်လမ်း ၊ ဆီဆိုင်မှတ်တိုင် အရှေ့ ၊ သာကေတ မြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၂) အရှေ့သို့

Photo : အရှေ့သို့ Bar & Restaurant

Live Music သီချင်းတွေ နားထောင်ရင်း ၊ ဘော်ဒါတွေနဲ့ တစ်ခွက်တစ်ဖလား သောက်ရင်းစားရင်း Chill ချင်တယ်ဆိုရင်တော့ ဒေါပုံ မြို့နယ် ၊ သင်္ဘောကျင်း မှတ်တိုင်အနီးက “အရှေ့သို့” လို့ အမည်ရတဲ့ Bar လေး ရှိပါတယ်။ ဒီဆိုင်လေးရဲ့ အပြင်အဆင်က တော်တော်လေး ထူးခြားပြီး အပေါ်ထပ်အောက်ထပ် ကျယ်ကျယ်ဝန်းဝန်းရှိတဲ့အတွက် လူငယ်တွေရော လူလတ်ပိုင်းတွေမှာ သဘောကျရမယ့် ပုံစံလေးပါ။ အစားအ သောက် Menu တွေလည်း တကယ်ကို စုံလင်ပြီး Music Band တွေရဲ့ ဖျော်ဖြေမှု အစီအစဉ်တွေကလည်း လုံးဝအမိုက်စားပါပဲ။ မွန်းကြပ်မှုတွေဖြေဖျောက်ဖို့ ဘော်ဒါတွေနဲ့ သီချင်းတွေအတူတူ နားထောင်ရင်း Chill မယ်ဆိုရင် ဒီဆိုင်လေးက သေချာပေါက် သွားသင့်ပါတယ်။ ဆိုင်လိပ်စာလေးကတော့ အမှတ် ၄၈၈ ၊ မင်းနန္ဒာလမ်း ၊ သင်္ဘောကျင်း မှတ်တိုင်အနီး ၊ ဒေါပုံ မြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၃) Easy Bar

Photo : Easy Bar

ဒီဆိုင်လေးကတော့ မြင်တော်သာလမ်းမကြီးပေါ်က လူငယ်ဆန်ဆန် Chill လို့ရမယ့် အမိုက်စား Bar လေးပါ။ ဆိုင်နေရာ ကျယ်ကျယ်ဝန်းဝန်းနဲ့ Air Con ခန်းလေးဖြစ်လို့ အေးအေးဆေးဆေး ဘော်ဒါတွေနဲ့ သီးသန့် မွေးနေ့ပါတီပဲ လုပ်မလား ၊ ချစ်သူလေးနဲ့ နှစ်ပတ်လည်နေ့ Surprise ပါတီလေးပဲ ကျင်းပမလား ဒီဆိုင်လေးက လုံးဝအဆင်ပြေပါတယ်။ ဘီယာ ၊ ဝီစကီ သောက်စရာ Drinks တွေအများကြီးရှိတဲ့ အပြင် Shot နဲ့ ကော့လ်တေးတွေလည်း ဒီဆိုင်မှာ တော်တော်လေး စုံတယ်။ Shisha လေးနဲ့ လွင့်ချင်ပါတယ် ဆိုသူတွေအတွက်လည်း Shisha အိုးလေးတွေ မှာလို့ရတယ်။ အစားတလိုင်းလေးတွေအတွက်ကတော့ အရသာထိမိတဲ့ အကင်စုံ ၊ အထောင်းစုံနဲ့ ရွေးချယ်စရာ Menu တွေ အများကြီးရတယ်။ အပတ်စဉ် Unplugged Live Music ဖျော်ဖြေမှု အစီအစဉ်လေးတွေလည်းရှိတော့ တစ်နေရာတည်းမှာ အားလုံးအငြိမ်းပါပဲ။ လူငယ်ဆန်ဆန် ၊ အေးအေးဆေးဆေး Chill ချင်ရင် Easy Bar လေးက ရွေးချယ်စရာ ဆိုင်လေးတစ်ခုပါပဲ။ ဆိုင်လိပ်စာကတော့ အမှတ် (၂၈၀) ၊ မြင်တော်သာလမ်းမကြီး ၊ (၃) ရပ်ကွက် ၊ 2000 ဆီဆိုင်အနီး ၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

Featured Photo : အရှေ့သို့ Bar & Restaurant