ဘော်ဒါတွေနဲ့အတူတူ ဘားထိုင်ရတာ နှစ်သက်တဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ သာကေတ မြို့နယ်အတွင်းရှိ ထိုင်လို့ကောင်းတဲ့ ဘား နှင့် စားသောက်ဆိုင်များကို ဝေမျှပေးချင်ပါတယ်။
တစ်နေ့တာပင်ပန်းထားသမျှတွေကို ဘီယာ၊ ဝီစကီနှင့် ကော့တေးတို့ သောက်ရင်း စိတ်အပန်းဖြေနိုင်တဲ့အပြင် အရသာရှိတဲ့ အမြည်းများကလည်း ကွီးတို့ကို စိတ်ကျေနပ်မှု အပြည့်အဝပေးစေမှာပါ။
Colony Bar & Bistro

Photo: Facebook
ဒီဆိုင်ကတော့ ကျောက်မြောင်းမှာ တစ်ဆိုင်၊ သာကေတမှာ တစ်ဆိုင် ရှိတဲ့အတွက်ကြောင့် မိမိကြိုက်နှစ်သက်ရာနေရာမှာ သွားထိုင်နိုင်ပါတယ်။ သာကေတဆိုင်ခွဲကတော့ မင်းနန္ဒာလမ်းမ၊ ရန်အောင်နှင့် ဝက်စုမှတ်တိုင်ကြား၊ ဒေါပုံ သာကေတမှာ တည်ရှိတာဖြစ်ပါတယ်။ ကျောက်မြောင်းဆိုင်ခွဲကတော့ အမှတ် (၉)၊ သတိပဌာန်လမ်း၊ ကျောက်မြောင်းရပ်ကွက်၊ တာမွေမြို့နယ်မှာ တည်ရှိပါတယ်။

Photo: Facebook
သူ့ဆိုင်ရဲ့ ထူးခြားချက်ကတော့ ဆိုင်ရဲ့ Signature Cocktail လည်းရှိတဲ့အပြင် Rum Base Cocktail လည်း ရှိပါသေးတယ်။ ဒါ့အပြင် Colony Battery Beer ကလည်း လုံးဝ အမိုက်စားပဲဆိုတော့ ကွီးတို့ စိတ်ညစ်စရာတွေကို ကော့တေး၊ ဘီယာတို့က ဖယ်ရှားပေးမှာပဲဖြစ်ပါတယ်။ ဆိုင်ရဲ့အပြင်အဆင်ကလည်း မော်ဒန်အပြင်အဆင်နှင့် ရှေးဟောင်းအပြင်အဆင်နှစ်မျိုးကို ရောစပ်ထားတာကြောင့် ခံစားချက်အသစ်အဆန်းတစ်ခုကို ပေးစွမ်းမှာဖြစ်ပါတယ်။
Tiki Bar

Photo: Facebook
ဒီဆိုင်လေးကတော့ သာကေတ မြင်တော်သာလမ်းမကြီး၊ (၇) ဈေးအနီး ထူပါရုံ (၅) လမ်းထိပ်မှာ တည်ရှိတဲ့ ဘား နှင့် စားသောက်ဆိုင်လေးပဲဖြစ်ပါတယ်။ ဆိုင်ရဲ့ အပြင်အဆင်လေးကလည်း ခေတ်ဆန်ပြီး ဘော်ဒါတွေနဲ့အတူတူ စိတ်လွတ်လက်လွတ်ထိုင်လို့ရနိုင်ပါတယ်။

Photo: Facebook
သဘာဝလေနုအေးလေး တိုက်ခတ်တဲ့အရသာကို ခံစားချင်ကြတဲ့ ကွီးတို့ကတော့ ဆိုင်အပြင်က ထိုင်ခုံလေးတွေမှာ ဝိုင်းဖွဲ့စားသောက်နိုင်ပါတယ်။ ဂီတရဲ့ သာယာငြိမ့်ညောင်းတဲ့အရသာကို ခံစားချင်ကြသူများကတော့ ဆိုင်အတွင်းထဲမှာ ထိုင်နိုင်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နေ့လည ၁ နာရီကနေ ည ၉ နာရီအထိဖြစ်ပါတယ်။

Photo: Facebook
ဒီဘားမှာကတော့ ဝီစကီမျိုးစုံ၊ ဘီယာအမျိုးအစားမျိုးစုံအပြင် ကော့တေးမျိုးစုံကိုလည်း မှာယူသောက်သုံးနိုင်ပါတယ်။ သူတို့နဲ့ လိုက်ဖက်ပြီး အရသာရှိတဲ့ အမြည်းများကိုလည်း တွဲဖက်စားသုံးနိုင်ပါသေးတယ်။ ဒါ့အပြင် Unplugged Night လည်း စီစဉ်ပေးထားတဲ့အတွက်ကြောင့် တစ်ခါတစ်ခေါက်လောက် သွားထိုင်သင့်တဲ့ သာကေတ ရှိ ဘား တစ်ခုပဲဖြစ်ပါတယ်။
Zee Kwet Skybar

Photo: Facebook
ဒီဆိုင်လေးကတော့ ၈၂၅ D/E ၊ ရှုခင်းသာလမ်း၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့မှာ တည်ရှိတာဖြစ်ပါတယ်။ Yangon Waterboom အနီးက Uptown Hotel ရဲ့ အပေါ်ဆုံးထပ်မှာ တည်ရှိတဲ့ ဇီးကွက် Skybar ပဲဖြစ်ပါတယ်။ ၂၄ နာရီပတ်လုံး ဆိုင်ဖွင့်ပြီး လုံခြုံစိတ်ချရတဲ့ ကားပါကင်လည်း ရှိပါသေးတယ်။

Photo: Facebook
ရန်ကုန်မြစ်နှင့် ရန်ကုန်မြို့တို့ရဲ့အလှကို အပေါ်စီးကနေ ကြည့်ရှုခံစားရင်း ဝီစကီ (သို့) ဘီယာ (သို့) ကော့တေးတို့ကို မြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ ဇီးကွက် Skybar က အသင့်တော်ဆုံးပါပဲ။ နေ့စဉ် ညနေ (၆) နာရီကနေ ည (၉) နာရီအထိ အထူးပရိုမိုးရှင်းအစီအစဉ်များလည်း စီစဉ်ပေးထားတဲ့အတွက်ကြောင့် ကွီးတို့အားလုံး အကြိုက်တွေ့ကြမှာပါ။
Featured Image: Myanmore
