မင်္ဂလာပါ ကွီးတို့ရေ။ အရသာရှိတဲ့ အစားအသောက်နဲ့ ထိုင်လို့ကောင်းတဲ့ ဘား နဲ့ စားသောက်ဆိုင်များကို အမြဲရှာဖွေ တင်ဆက်ပေးနေတဲ့ အစီအစဉ်လေး ပြန်လာပါပြီ။ ဒီတစ်ခေါက်မှာတော့ ကွီးတို့အတွက် ပိတ်ရက်လေးမှာ ဘော်ဒါတွေနဲ့ ထိုင်ရင်း အရသာရှိတဲ့ အကင်နဲ့ အစားအစာတွေပါ စားသောက်မြည်းစမ်းလို့ရစေမဲ့ ဘား နဲ့ စားသောက်ဆိုင်များ ကိုဖော်ပြပေးချင်ပါတယ်။
The Gang Bar & BBQ

Photo : The Gang Bar & BBQ
ကွီးတို့အတွက် ပထမဆုံးဖော်ပြချင်တဲ့ ဆိုင်လေးကတော့ The Gang Bar & BBQ ဆိုင်လေးပဲ ဖြစ်ပါတယ်။ ဒီဆိုင်လေးရဲ့ အပြင်အဆင်ကတော့ လူငယ်တွေအကြိုက် အမိုက်စားအပြင်အဆင်လေးပါပဲ။ ဒီဆိုင်လေးမှာ ဘော်ဒါတွေနဲ့ ထိုင်ပြီး Unplugged တေးဂီတလေးတွေ နားထောင်မလား။ ဒါမှမဟုတ် The Gang ရဲ့ အေးဆေး Chill လို့ရတဲ့ Signature Corner လေးမှာပဲ ချစ်သူလေးနဲ့ အေးဆေးထိုင်မလားဆိုတာ ကွီးတို့စိတ်ကြိုက် ရွေးချယ်လိုက်ပါ။
အစားအစာပိုင်းမှာဆိုရင်လည်း The Gang ငါးကင်၊ The Gang ဘဲကင်မွှေး၊ BBQ စတဲ့ အကင်စုံ အပြင် အရသာရှိလှတဲ့ ဟင်းပွဲ Menu အစုံအလင်ကိုလည်း မြည်းစမ်းကြည့်လို့ ရပါတယ်။ ဒါ့အပြင် ဒီဘားလေးမှာ ကော့လ်တေးတွေကလည်း အမျိုးအစား စုံလင်တဲ့အပြင် အဖျော်ယမကာမျိုးစုံလည်း ရတော့ ရေမီးအစုံပဲပေါ့ ကွီးတို့ရေ။ ဒီဘားလေးရဲ့ လိပ်စာကတော့ အမှတ် (၄၆)၊ မြေညီထပ်၊ သတိပဠာန်လမ်း၊ ကျောက်မြောင်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။
Overtime Bar & BBQ

Photo : Overtime Bar & BBQ
နောက်ထပ်ဖော်ပြပေးချင်တဲ့ အရသာရှိတဲ့ အကင်နဲ့ အဖျော်ယမကာတွေ အစုံအလင်ရတဲ့ Overtime Bar & BBQ ဆိုတဲ့ ဘား လေးပဲ ဖြစ်ပါတယ်။ ဒီဆိုင်လေးက မြို့ထဲဘက်မှာ တည်ရှိတဲ့အတွက် သွားရလာရလည်း အဆင်ပြေပါတယ်။ ဆိုင်အနေအထားကတော့ အမိုက်စားအပြင်အဆင်နဲ့ အထပ် နှစ်ထပ်ရှိပြီး ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ အတွက် ဘော်ဒါတွေနဲ့ အုပ်စုလိုက် Cheers လုပ်ဖို့ တကယ်ကို အဆင်ပြေတဲ့ ဆိုင်လေးပါပဲ။
ဒီ အသစ်စက်စက် ဆိုင်လေးမှာ အရသာရှိတဲ့ အကင်တွေစုံလင်လှတဲ့ အပြင် Signature ဟင်းပွဲတွေကိုလည်း မြည်းစမ်းလို့ရပါတယ်။ Unplugged တေးဂီတ အစီအစဉ်တွေလည်း ရှိတဲ့အတွက် အကင်လေးစားလိုက်၊ ဘီယာလေးသောက်လိုက်နဲ့ တေးသီချင်းတွေကို ခံစားရင်း အေးအေးဆေးထိုင်လို့ ရပါတယ်။ ဒီဘားလေးရဲ့ လိပ်စာကတော့ အမှတ် ၃၃၇၊ အထက်ပုဇွန်တောင်လမ်း၊ မင်္ဂလာတောင်ညွှန့် မြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။
York – BAR. BBQ .Restaurant

Photo : York – BAR. BBQ .Restaurant
ညိုကီတို့အတွက် နောက်ထပ်ဖော်ပြပေးမဲ့ ဘားလေးကတော့ York – BAR. BBQ .Restaurant ပဲ ဖြစ်ပါတယ်။ မြို့ထဲဘက်မှာ ဆိုင်နေရာ ကျယ်ကျယ်ဝန်းဝန်းနဲ့ Open Type မှာ အေးအေးဆေးဆေး ထိုင်လို့ရတဲ့ ဘားလေးပါပဲ။ ဒီဘားလေးမှာ ဘော်ဒါတွေနဲ့ပဲ Chill မလား၊ မိသားစုလိုက်ပဲ ထိုင်မလား၊ ချစ်သူလေးနဲ့ပဲ Beer Date မလား၊ တကယ်ကို အဆင်ပြေစေပါတယ်။ မတူညီတဲ့ Vibe ကို ပေးစွမ်းနိုင်တဲ့ ဘားလေးပါပဲ။
ဒီဆိုင်လေးမှာ အရသာရှိတဲ့ ဟင်းပွဲမျိုးစုံရှိတဲ့ အပြင် သူ့ရဲ့ အကင်တွေကလည်း တကယ်ကိုမြည်းစမ်း ကြည့်ချင်စရာ ကောင်းပါတယ်။ စနစ်တ ကျနဲ့ အရသာသေချာနှပ်ပြီး ကင်ထားတဲ့ BBQ တွေကို ဘီယာနဲ့ မြည်းလိုက်ရရင်တော့ ရှယ်ပါပဲ ကွီးတို့ရေ။ ဒီဆိုင်လေးရဲ့ လိပ်စာကတော့ အမှတ် (၂၀)၊ ယောမင်းကြီးလမ်း (ယောက်လမ်း)၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။
Featured Photo : Overtime Bar & BBQ
