ကွီးတို့စိတ်ကြိုက် အကောင်းစား ဘီယာများ၊ ဝီစကီများ၊ အယ်ကိုဟော ဖျော်ရည်များကို မှာယူသောက်သုံးနိုင်မယ့် ရန်ကုန်မြို့ရှိ အမိုက်စား ဘား များကို ရှာဖွေနေပါသလား။ အခုဖော်ပြပေးမှာကတော့ အကောင်းစား အယ်လ်ကိုဟော ဖျော်ရည်များကို မှာယူသောက်သုံးနိုင်တဲ့ ရန်ကုန်မြို့ရှိ ဘား တွေပဲဖြစ်ပါတယ်။
Yangon Yangon
Photo: Facebook
Yangon Yangon ကတော့ Rooftop Bar အမျိုးအစားဖြစ်ပြီး ဆာကူရာတာဝါပေါ်မှာ တည်ရှိပြီး ဆိုင်ဖွင့်ချိန်ကတော့ ညနေ ၄ နာရီကနေ ည ၁၀ နာရီအထိဖြစ်ပါတယ်။ တနင်္လာနေ့တိုင်း ဆိုင်ပိတ်ပြီး ၁၈ နှစ်အောက် ကလေးများ ဝင်ခွင့်မပြုတဲ့ စည်းကမ်းသတ်မှတ်ချက်တော့ရှိပါတယ်။
ရွေးချယ်စရာ ကော့တေးဖျော်ရည်အမျိုးမျိုးအပြင် J.W Black ၊ Jack Daniel ၊ Chivas Regal 12 YO ၊ Ballantine 12 YO ၊ Bombay Sapphire ၊ French Red Wine ၊ French White Wine ၊ J.W Red ၊ Jagermeister အစရှိတဲ့ အမိုက်စား အယ်လ်ကိုဟော မျိုးစုံကို တစ်နေရာတည်းမှာ ရရှိနိုင်တဲ့ ဘား တစ်ခုပဲဖြစ်ပါတယ်။ ထိုအယ်လ်ကိုဟော ဖျော်ရည်များနှင့် လိုက်ဖက်တဲ့ အမြည်းများကိုလည်း သူ့ Package အလိုက် ပြင်ဆင်ပေးထားတာကြောင့် ကွီးတို့အားလုံး အကြိုက်တွေ့ကြမှာပဲ ဖြစ်ပါတယ်။
Zutis Beer & BBQ
Photo: Facebook
ဒီဆိုင်ကတော့ အောင်မင်္ဂလာလမ်းနှင့် နှင်းဆီလမ်းထောင့်၊ ယုဇနပလာဇာအနီး၊ တာမွေမြို့နယ်တွင် တည်ရှိပါတယ်။ Carlsberg ၊ Tuborg ၊ Chang ၊ Heniken Bottle ၊ Tiger Bottle ၊ Cass Bottle ၊ ABC အစရှိတဲ့ အယ်လ်ကိုဟောမျိုးစုံကို မှာယူသောက်သုံးနိုင်ပါတယ်။ ထိုအယ်လ်ကိုဟောဖျော်ရည်များနှင့် လိုက်ဖက်တဲ့ ငါးခဲပတ်ကင်၊ ငါးသံပုရာပေါင်း၊ မာလာငါးကင်၊ ဝက်လက်စတူး၊ ကြက်ဂျာကင်ကြော်၊ ကြက်ကြွပ်သံပုရာ၊ ကြက်ချဥ်ငံကြွပ်မွှေး အစရှိတဲ့ အမြည်းမျိုးစုံကိုလည်း မြည်းစမ်းစားသုံးနိုင်ပါသေးတယ်။ ပရိုမိုးရှင်းနှင့် Beer Buffet များကိုလည်း အလျဥ်းသင့်ရင် သင့်သလို ပြုလုပ်ပေးတာဖြစ်တဲ့အတွက်ကြောင့် ကွီးတို့အားလုံး ကြိုက်နှစ်သက်ကြမှာ အာမခံပါတယ်။
The Evening
ပုံထဲက အကောင်းစား ဘီယာ၊ ဝီစကီများနှင့် အယ်လ်ကိုဟော ဖျော်ရည်များကို ရန်ကုန်မြို့ရဲ့ ဘယ်နေရာမှာ ရနိုင်သလဲဆိုရင် The Evening ဘား မှာ ရရှိနိုင်တာပဲဖြစ်ပါတယ်။ ဒီဆိုင်လေးက ပြီးခဲ့တဲ့ စက်တင်ဘာလကမှ အသစ်စက်စက် ဖွင့်ထားတဲ့ ဆိုင်လေးဖြစ်ပြီး တောင်ဒဂုံမြို့နယ်မှာ တည်ရှိပါတယ်။
Whisky Sour ၊ Hoegaardan Rosé အပြင် အခြားသော အယ်ကိုဟော ဖျော်ရည်မျိုးစုံနှင့် အကင်ဗန်းအမြည်းများကိုလည်း ကွီးတို့စိတ်ကြိုက် မှာယူစားသောက်နိုင်ပါတယ်။ အမြည်းများကလည်း အရသာ အင်မတန်ထူးကဲကောင်းမွန်လှပြီး ဝန်ဆောင်မှုကလည်း ကောင်းမွန်တဲ့အတွက်ကြောင့် လူကြိုက်များနေတဲ့ ဘားနှင့် စားသောက်ဆိုင်တစ်ဆိုင်ပဲဖြစ်ပါတယ်။
အခုဖော်ပြသွားခဲ့တဲ့ ဆိုင်များမှာ သွားထိုင်ပြီးတဲ့အခါ ကွီးတို့ရဲ့ အတွေ့အကြုံလေးတွကို ဝေမျှေပေးခဲ့နိုင်ပါတယ်။
Featured Image: The Evening