အိမ်တွင်းပါတီပွဲ မှာ ဗော့ကာ၊ ကော့တေး၊ ဝိုင်၊ ဝီစကီ စတဲ့ အယ်လ်ကိုဟောဖျော်ရည်များဖြင့် ကျကျနနတည်ခင်းဧည့်ခံပြီးတဲ့ နောက်မှာတော့ သူတို့နဲ့ လိုက်ဖက်တဲ့ အမြည်း များကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်လာပြန်ပါတယ်။

ကွီးတို့ရဲ့ အိမ်တွင်းပါတီပွဲ မှာ တည်ခင်းဧည့်ခံတဲ့ အယ်လ်ကိုဟောဖျော်ရည်များနှင့် အမြည်း များသည် လိုက်ဖက်နေမှသာ ဧည့်သည်များအဖို့ ရာနှုန်းပြည့် ကျေနပ်ပျော်ရွှင်မှုကို ခံစားရမှာပဲ ဖြစ်ပါတယ်။

ဒီဆောင်းပါးလေးထဲမှာတော့ အိမ်တွင်းပါတီပွဲ ကျင်းပချင်တဲ့ ကွီးတို့အတွက် အယ်လ်ကိုဟောဖျော်ရည် အမျိုးမျိုးနှင့် လိုက်ဖက်တဲ့ အမြည်း များကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဝိုင်နှင့် လိုက်ဖက်သော အစားအစာများ

အိမ်တွင်းပါတီပွဲ အမြည်း

Photo Source: Winemag

ဝိုင် ထားထားတဲ့ စားပွဲဝိုင်းလေးမှာတော့ ပီဇာ၊ စတိပ်ခ်အသားလွှာ၊ ပင်လယ်စာများ၊ ချိစ်အစားအစာများ၊ မချိုလွန်း မချဉ်လွန်းသော သစ်သီးများ၊ စပ်သောအသားများ အစရှိတဲ့ အစားအစာများဖြင့် အတူတူ တွဲထားပေးလိုက်ပါ။

ဘီယာနှင့် လိုက်ဖက်သော အစားအစာများ

အိမ်တွင်းပါတီပွဲ အမြည်း

Photo Source: Mrbeer

ဘီယာအသည်းစွဲ ကွီးတို့အတွက် ဘီယာနှင့် လိုက်ဖက်တဲ့ အစားအစာတွေကတော့ ကြက်ကြော်၊ အားလူးချောင်းကြော် အစရှိတဲ့ အကြော် အလှော်စာများ၊ စပ်သောအစားအစာများ၊ အသုပ်များ၊ အထောင်းများ၊ သစ်သီးအချိုပွဲများ၊ ဘာဘီကျူး၊ စတိပ်ခ်အသားလွှာ၊ ဝက်ဂုတ်သားကင်၊ စတူး၊ ဘာဂါ အစရှိတဲ့ အစားအစာများနှင့် လိုက်ဖက်ပါတယ်။

ဝီစကီနှင့် လိုက်ဖက်သော အစားအစာများ

အိမ်တွင်းပါတီပွဲ အမြည်း

Photo Source: Whisky Subscription

ဝိုင်ရော ဘီယာပါမကြိုက်တဲ့ ကွီးတို့အတွက် ဝီစကီ ရှိပါသေးတယ်။ ဝီစကီနှင့် လိုက်ဖက်တဲ့ အစားအစာတွေကတော့ ဆူရှီ၊ သစ်သီးခြောက်များ၊ စတိပ်အသားလွှာ၊ ချိစ်အစားအစာများ၊ အကင်များ အစရှိတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။

ကော့တေးနှင့် လိုက်ဖက်သော အစားအစာများ

ကော့တေးနှင့် လိုက်ဖက်သော အစားအစာများ

Photo Source: Craftginclub

ကော့တေးချစ်သူကွီးတို့အတွက်တော့ အမဲသား၊ ပင်လယ်စာများ၊ ဆူရှီ၊ ဘဲသားအစရှိတဲ့ အမြည်းများဖြင့် တည်ခင်းဧည့်ခံပေးနိုင်ပါတယ်။ ဒါ့အပြင် ဂဏန်းနှင့် ပြုလုပ်ထားတဲ့ ဟင်းလျာများ၊ ဝက်သားအစာသွပ် မှိုဟင်းလျာ၊ အုန်းနို့ ပုစွန်ဟင်းလျာ အစရှိတဲ့ အစားအစာများနှင့်လည်း လိုက်ဖက်ပါသေးတယ်။

ဗော့ကာနှင့် လိုက်သောအစားအစာများ

ဗော့ကာနှင့် လိုက်သောအစားအစာများ

Photo Source: Trend Fool

ဂျပန်စာ ဆာရှိမိ၊ ချိစ်၊ ဖက်ထုပ်၊ ငါးကင်၊ စပျစ်ရည်၊ ပုစွန်၊ သခွားသီးသနပ်နှင့် အခြားသော ဟင်းသီးဟင်းရွက်သနပ်များ၊ ဟင်းရွက်သုပ် အစရှိတဲ့ အစားအစာများနှင့် လိုက်ဖက်ပါတယ်။

ကွီးတို့ရဲ့ အိမ်တွင်းပါတီပွဲ မှာ သူ့အကန့်အလိုက် ဖျော်ရည်များကို တည်ခင်းဧည့်ခံသင့်ပြီး သူ့ဖျော်ရည်ဘေးနားမှာတော့ သူနဲ့လိုက်ဖက်မယ့် အစားအစာများကို တွဲဖက်တည်ခင်းထားသင့်ပါတယ်။

Featured Image: Foodguys