အိမ်တွင်းပါတီ တစ်ခုပြင်ဆင်ပြီး ကျင်းပရတာတကယ်ကို ပျော်စရာကောင်းလှပါတယ်။ ကွီးတို့ ခင်မင်တဲ့သူတွေ၊ မိတ်ဆွေနဲ့အတူ ကွီးတို့ရဲ့အိမ်မှာပဲ မြူးကြွတဲ့သံစဉ်တွေ၊ သာယာရစ်မူးစေတဲ့ အဖျော်ယမကာများနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ဂိမ်းများ ဆော့ကစားပြီး ကောင်းမွန်တဲ့အချိန်တစ်ခုကို အိမ်တွင်းပါတီလုပ်ပြီး ဖန်တီးနိုင်ပါတယ်။ ကွီးတို့ အိမ်တွင်းပါတီတစ်ခု ကျင်းပတဲ့နေရာမှာ အဖျော်ယမကာများ၊ အစားအသောက်များအပြင်၊ မြူးကြွတဲ့တေးဂီတကလည်း ပါတီကိုပိုမို အသက်ဝင်မြူးကြွစေဖို့ အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ဒါကြောင့် ကွီးတို့ ရဲ့ အိမ်တွင်းပါတီမှာ ဖွင့်ဖို့ သီချင်းကောင်းများ ကိုဝေမျှပေးချင်ပါတယ်။

(၁) “Last Friday Night (T.G.I.F.)” by Katy Perry

Source : Katy Perry

ကွီးတို့ရေ တစ်ပတ်တာရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ သောကြာနေ့မှာ ပါတီလေးကျင်းပမယ်ဆိုရင်တော့ လိုက်ဖက်တဲ့ သီချင်းကောင်းလေးကတော့  Katy Perry ရဲ့ Last Friday Night (T.G.I.F.) ပဲ ဖြစ်ပါတယ်။ ဒီသီချင်းလေးရဲ့ Music Vedio ဟာ ၈ မိနစ်ခန့်ကြာမြင့်ပြီး ၂၀၁၁ ခုနှစ်မှာထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ တကယ်ကိုမြူးကြွတဲ့ သံစဉ်တွေနဲ့ အိမ်တွင်းပါတီမှာ ဖွင့်မယ်ဆိုရင်တော့ ဒီသီချင်းလေးက ရွေးချယ်စရာ သီချင်းကောင်းများထဲက တစ်ပုဒ်ပဲ ဖြစ်ပါတယ်။

(၂) “Closer”  by The Chainsmokers

Source : So Far So Good

The Chainsmokers ရဲ့ Closer သီချင်းကလည်း ကွီးတို့အိမ်တွင်းပါတီမှာ ဖွင့်ဖို သင့်တော်တဲ့သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ကွီးတို့ သူငယ်ချင်းများနဲ့အတူ စီးချက်နဲ့အတူ ခန္ဓာကိုယ်ကို လှုပ်ရှားရင်း သီချင်းလေးကို လိုက်ဆိုပြီး ပျော်ရွှင်စရာပါတီ အချိန်လေးကို ကုန်ဆုံးလိုက်ပါ။

(၃) “Time Of Our Lives” by Pitbull & Ne-Yo

Source : Pitbull

မြူးကြွတဲ့ သံစဉ်၊ တတ်ကြွတဲ့စာသားတွေနဲ့ ကွီးတို့ရဲ့ အိမ်တွင်းပါတီမှာ ဖွင့်ဖို သီချင်းကောင်းများ ထဲက နောက်တစ်ပုဒ်ကတော့ Pitbull နဲ့ Ne-Yo တို့သီဆိုထားတဲ့ Time of Our Lives သီချင်းကိုပြရမှာပါ။ ဒီသီချင်းကို ၂၀၁၅ ခုနှစ်မှာ ထုတ်ဝေခဲ့တာဖြစ်ပြီး ပါတီ အငွေ့အသက်ကို အပြည့်အဝပေးစွမ်းနိုင်တဲ့ သီချင်းကောင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။

(၄) “Tik Tok” by Ke$ha

Source : Kesha

ကွီးတို့ အိမ်တွင်းပါတီကို ပိုမိုမြူးကြွစွာ တတ်ကြွလာစေချင်ပါသလား။ ဒါဆိုရင်တော့ အကြာကြီးမစဉ်းစားဘဲ ရွှေရောင် ဆံပင်နဲ့ Pop Queen Kesha ရဲ့  ၂၀၀၉ တုန်းကထွက်ရှိခဲ့တဲ့ Tik Tok ဆိုတဲ့ သီချင်းကို သတိရလိုက်ပါ။ သီချင်းရဲ့ မြူးကြွတဲ့ သံစဉ်နဲ့ စာသားတွေကြောင့် ပါတီနဲ့ အလိုက်ဖက်ဆုံး သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

(၅) “Beauty and a Beat” by Justin Bieber & Nicki Minaj

Source : Justin Bieber

ကွီးတို့ရေ Justin Bieber နဲ့ Nicki Minaj တို့ သီဆိုထားတဲ့ Beauty And A Beat သီချင်းကတော့ ကွီးတို့ကို ပါတီ Vibe အပြည့်အဝပေးစွမ်းနိုင် တဲ့သီချင်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဒီသီချင်းကိုလည်း ကွီးတို့ရဲ့အိမ်တွင်းပါတီမှာ ထည့်သွင်းဖို့မမေ့ပါနဲ့။

`အိမ်တွင်းပါတီမှာ သီချင်းကောင်းများ

Photo : storyblock.com

ပါတီနဲ့ မြူးကြွတဲ့ဂီတသံစဉ်တွေဟာ မရှိမဖြစ်တဲ့ အတွဲအစပ်ပါ။ ကွီးတို့ အိမ်တွင်းပါတီမှာ ဖွင့်ဖို့ သီချင်းကောင်းလေး တွေရှာနေတယ်ဆိုရင်တော့ ဖော်ပြခဲ့တဲ့သီချင်းလေးတွေကို ရွေးချယ်လိုက်ပါ။

Source : Time Out

Featured Photo : Digital