မင်္ဂလာပါ ကွီးတို့ရေ။ ကွီးတို့အတွက် အမိုက်စား ဘား လေးတွေ၊ အရသာရှိတဲ့ စားသောက်ဆိုင်များကို အမြဲရှာဖွေ တင်ဆက်ပေးနေတဲ့ အစီအစဉ်လေး ပြန်လာပါပြီ။ ဒီတစ်ခေါက်မှာတော့ ကွီးတို့အတွက် လွတ်လပ်မှု အရသာကို ခံစားရင်း အေးဆေး ထိုင်လို့ကောင်းတဲ့ အမိုက်စား ဘား လေးတွေကို ဝေမျှပေးလိုက်ပါတယ်။
Asahi 11 Beer Pub & BBQ

Photo : Asahi Beer Pub & BBQ
ကွီးတို့ကို ပထမဆုံးဖော်ပြချင်တဲ့ ဆိုင်လေးကတော့ Asahi 11 Beer Pub & BBQ ဆိုတဲ့ ဆိုင်လေးပဲ ဖြစ်ပါတယ်။ ဒီဆိုင်လေးရဲ့ အပြင်အဆင်ကတော့ ကျယ်ဝန်းတဲ့အတွက် လွတ်လွတ်လပ်လပ်နဲ့ အေးဆေး ထိုင်ချင်တဲ့ ကွီးတို့အတွက်တော့ အကြိုက်တွေ့စေမှာပါ။ အသစ်ဖွင့်လှစ်ထားတာ မကြာသေးတဲ့ ဒီဆိုင်လေးက ဆိုင်အသစ်တွေထဲမယ် Chill ဖို့ ဆိုင်ကောင်းကောင်းလေးတွေ လိုက်ရှာနေတဲ့ ကွီးတို့အတွက် ကွက်တိပဲပေါ့။
ဒီဆိုင်လေးမှာ အမျိုးအစားစုံလင်တဲ့ အဖျော်ယမကာများအပြင် အရသာရှိတဲ့ ဟင်းပွဲ Menu အစုံအလင်ကိုလည်း သုံးဆောင် မြည်းစမ်းလို့ရပါတယ်။ ဘီယာနဲ့တွဲဖက် သောက်သုံးဖို့ Asahi ရဲ့ Signature Menu ဖြစ်တဲ့ BBQ အကင်တွေကတော့ ရွေးချယ်လို့ အကောင်းဆုံးပါပဲ။ ဒါ့အပြင် တေးဂီတ အစီအစဉ်လေးတွေကိုလည်း နားဆင်လို့ ရပါသေးတယ်။ ဒီဆိုင်လေးရဲ့ လိပ်စာကတော့ အမှတ် ၆၆၀၊ ၆၆၁၊ စည်ပင်လမ်း၊(၂၅) ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။
Jazzy Lounge Bar and BBQ

Photo : Jazzy Lounge Bar and BBQ
ချစ်သူလေးနဲ့ပဲ အေးဆေး ထိုင်မလား၊ ဘော်ဒါတွေနဲ့ပဲ Chill မလား ကွီးတို့ စိတ်ကြိုက် ရွေးချယ်နိုင်တဲ့ အမိုက်စား ဘား လေးကတော့ Jazzy Lounge Bar and BBQ ပဲ ဖြစ်ပါတယ်။ ဒီဘားလေးရဲ့ အပြင်အဆင်က လူငယ်ဆန်ပြီး လွတ်လွတ်လပ်လပ်နဲ့ ထိုင်လို့ကောင်းတဲ့ ဘားလေးပါ။ အေးအေးဆေးဆေးထိုင်ပြီး စကားပြောရင်း သောက်ချင်တယ်ဆိုရင်တော့ ဒီဘားလေးက ရွေးချယ်သင့်တဲ့ ဘားလေးပါ။
ဒီဘားလေးမှာ ဈေးနှုန်းသင့်တင့်ပြီး အရသာရှိတဲ့ အစားအသောက်တွေ အပြင် အဖျော်ယမကာမျိုးစုံလည်း ရရှိနိုင်ပါတယ်။ ဒီဘားလေးရဲ့ လိပ်စာကတော့ ၃၆ ရပ်ကွက်၊ ပင်လုံလမ်းမကြီး၊ ကျောင်းလမ်းမီးပွိုင့်ကျော်၊ ကျောင်းလမ်းမှတ်တိုင် အနီးရှိ နီလာလမ်းထိပ်၊ Golden Enchant မျက်နှာချင်းဆိုင်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။
iFour

Photo : iFour
နေရာ ကျယ်ကျယ်ဝန်းဝန်းနဲ့ လွတ်လွတ်လပ်လပ် အေးဆေး ထိုင်လို့ရတဲ့ နောက်ထပ် ဘား လေးကတော့ iFour ပဲ ဖြစ်ပါတယ်။ ဘော်ဒါတွေနဲ့ပဲ အုပ်စုလိုက် ပျော်ပျော်ပါးပါး Chill ဖို့အတွက် ရွေးချယ်လို့ ကောင်းတဲ့ ဘားလေးပါပဲ။ တေးဂီတ အစီအစဉ်တွေလည်း ရှိတဲ့ အတွက် သီချင်းလေးနားဆင်ရင်း လွတ်လပ်တဲ့ အရသာကို ခံစားနိုင်မှာပါ။
ဝီစကီပဲ သောက်သောက်၊ ဘီယာပဲ သောက်သောက် ဒါမှမဟုတ် အခြားသော အဖျော်ယမကာပဲ သောက်သောက် စုံစုံလင်လင်ရှိတဲ့ ဘားလေးပါ။ အစားအစာတွေ ကလည်း အဖျော်ယမကာများနဲ့ လိုက်ဖက်တဲ့ ဟင်းပွဲတွေနဲ့ အခြားစုံလင်လှတဲ့ အရသာရှိသော Menu များကို မြည်းစမ်းလို့ရပါတယ်။ ဒီ အမိုက်စားဘားလေးရဲ့ လိပ်စာကတော့ အမှတ် ၁၂/အေ၊ ဖိုးစိန်လမ်း၊ နတ်မောက်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။
Featured Photo : Asahi Beer Pub & BBQ
