သောကြာနေ့ညလေးမှာ သူငယ်ချင်းတွေပဲ ပျော်ပါးချင်လို့ပဲဖြစ်ဖြစ်၊ အားလပ်ရက်လေးမှာ အကင်လေးကင်စားလိုက်၊ ကော့တေးဖြစ်ဖြစ်၊ ဝိုင်ဖြစ်ဖြစ်၊ ဝီစကီ စတဲ့ဖျော်ရည်လေးတွေသောက်ရင်း တန်ဖိုးရှိတဲ့အချိန်တွေကို ကုန်ဆုံးချင်တယ်ဆိုရင်တော့ အပင်ပန်းခံစရာမလိုတဲ့ ဖြတ်လမ်းနည်းတွေကို သိထားသင့်ပါတယ်။ ဒီနည်းလမ်းလေးတွေကို သိထားမယ်ဆိုရင် ပါတီပွဲကျင်းပတဲ့အခါ လွယ်လွယ်ကူကူနဲ့ အဆင်ပြေဆုံးကျင်းပနိုင်မှာပဲဖြစ်ပါတယ်။

ဝိုင်အရသာပိုကောင်းမွန်ဖို့အတွက် အသီးအနှံ့လေးတွေစိမ်ထားပါ။

ဒီလိုစိမ်ထားခြင်းအားဖြင့် ပါတီပွဲတက်ရောက်တဲ့သူတွေရဲ့ မျက်လုံးထဲမှာ အမြင်လှမှာလည်းဖြစ်သလို၊ အရသာရှိတဲ့ဝိုင် သုံးဆောင်နိုင်မှာပဲဖြစ်ပါတယ်။

ငရုတ်ပွက ပါတီပွဲအတွက် ဘယ်လိုအသုံးဝင်ပါသလဲ။

ဆော့စ်နဲ့ အခြားတို့စရာများကို ငရုတ်ပွထဲထည့်ပြီး အလှဆင်ထားလို့ရပါတယ်။ ငရုတ်ပွရဲ့ ထိပ်ပိုင်းကို ညီညီညာညာလှီးဖြတ်ထားပြီး အထဲကအစာများကို ဖယ်ထုတ်ကာ ရေစင်စင်ဆေးလိုက်ပါ။ ပြီးမှ မိမိထည့်ချင်တဲ့အစားအစာများကို ထည့်ပေးနိုင်ပါတယ်။

ဘာဂါနဲ့ တည်ခင်းဧည့်ခံချင်တယ်ဆိုရင်

အစားအသောက်ဘားကို လှလှပပပြင်ဆင်ထားဖို့ကလည်း အရေးကြီးပါတယ်။ ဘာဂါဘားထည့်သွင်းချင်တယ်ဆိုရင်တော့ ဘာဂါဘားမှာ အသားညှပ်ပေါင်မုန့်သပ်သပ်၊ ဟင်းသီးဟင်းရွက်သပ်သပ်၊ အသားသပ်သပ်စီ ခင်းကျင်းထားလိုက်ပါ။ တကူးတကကြီး ညှပ်ပေးမနေပါနဲ့တော့။ စားချင်တဲ့သူက သူ့စိတ်ကြိုက်ညှပ်ပြီး ပြင်ဆင်စားသုံးပါစေ။ ဒါဆိုရင် သင်လည်း အချိန်ကုန်သက်သာသလို၊ အပင်ပန်းခံစရာလည်း မလိုတော့ဘူးပေါ့။

ဖျော်ရည်ပုလင်းများကို ဘယ်လိုအလှဆင်မလဲ။

ရေခဲတုံးထည့်ထားတဲ့ ရေဗူပေါင်းများကို ဖန်ဇလုံထဲထည့်ကာ ဝိုင်ပုလင်း၊ ဝီစကီပုလင်းတို့ထည့်ထားလိုက်ပါ။ ဒါဆိုရင်တော့ ပါတီပွဲအတွက် တကူးတကအလှဆင်နေစရာမလိုတော့ပါဘူး။

ပြောင်းဖူးပြုတ်တဲ့အခါ

လူအများကြီးကို တည်ခင်းဧည့်ခံဖို့အတွက် ပြောင်းဖူးအများကြီးကို ခဏခဏခွဲပြုတ်နေရမယ်ဆိုရင်တော့ အချိန်ကုန်တာပေါ့။ ပြုတ်မယ့်ပြောင်းဖူးတွေကို အခွံချွတ်ထားပြီး ရေခဲဘူးထဲထည့်ထားကာ ရေနွေးလောင်းထည့်ပြီး အဖုံးအုပ်ထားလိုက်ပါ။

ဧည့်သည်တွေ အလွယ်တကူလက်ဆေးနိုင်ဖို့အတွက်

ကိုယ့်အိမ်ရှေ့ကွက်လပ်ကလေးမှာ ပါတီတည်ခင်းထားတယ်ဆိုရင် လက်သန့်ဆေးရည်နဲ့ ရေပုံးကို အခုလိုပြုလုပ်ထားမယ်ဆိုရင် သန့်စင်ခန်းထဲဝင်လိုက်ထွက်လိုက် လုပ်စရာမလိုတော့ပါဘူး။

အသီးအရွက်သုပ်နဲ့ သစ်သီးဝလံများကို ပိုးလောင်းနဲ့ ယင်ကောင်တွေရန်မှ ကာကွယ်ပေးဖို့အတွက်

ဖန်ပုလင်းကြီးကြီးထဲမှာ ထည့်ထားမယ်ဆိုရင် ယင်ကောင်နဲ့ ပိုးလောင်းတွေရန်ကို ကြောက်စရာမလိုတော့သလို လှလှလေးလည်းဖြစ်သွားပါတယ်။

ဒီနည်းလမ်းလေးတွေ သိထားမယ်ဆိုရင်လည်း ပါတီပွဲအတွက် တော်တော်လေး အသုံးတည့်နေပါပြီ။ နောက်ထပ်အသုံးဝင်မယ့် နည်းလမ်းလေးတွေကိုလည်း ပါတီချစ်သူတွေအတွက် အလျဉ်းသင့်သလို ဖော်ပြပေးသွားပါဦးမယ်။

Source: lifebuzz.com