ရန်ကုန် မြို့ရဲ့ ညအလှကို ကော့တေး၊ ဝိုင် (သို့) ဝီစကီလေး သောက်သုံးရင်းနဲ့ လေညှင်းခံချင်တယ်ဆိုရင်တော့ Rooftop Bars တွေကိုသာ သတိရလိုက်ပါ။
ရန်ကုန် မြို့တွင်းရှိ Rooftop Bars ကနေ ရွှေတိဂုံဘုရား၊ ဆူးလေးဘုရား၊ ခြောက်ထပ်ကြီးဘုရားနှင့် ကန်တော်ကြီးတို့ကို အပေါ်စီးကနေ ရင်သပ်ရှုမောစွာ ခံစားနိုင်ပါတယ်။ ဒါ့အပြင် ညအလှကိုလည်း တမေ့တမျောကြီး ခံစားနိုင်ဖို့ ရန်ကုန် မြို့တွင်းရှိ Rooftop Bars တွေကပဲ ကူညီပေးနိုင်တာပါ။
ကွီးတို့အနေနဲ့ ကိုယ့်ရဲ့အားလပ်ချိန်လေးကို ရန်ကုန် မြို့တွင်းရှိ Rooftop Bars တစ်ခုခုမှာ သွားထိုင်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့်နေရာများဆီသို့ အရောက်သွားသင့်ပါတယ်။
Yankin Heights Rooftop Bar/ Restaurant

Photo: Tripadvisor
ရန်ကင်းမြို့ထဲမှာ တည်ရှိပြီး လှပတဲ့ ရှုမျှော်ခင်းများကို ခံစားနိုင်ပါတယ်။ အီတလီအစားအစာများ၊ ထိုင်းအစားအစာများ၊ တရုတ်အစားအစာများအပြင် BBQ အကင်များကိုလည်း မြည်းစမ်းစားသုံးနိုင်ပါတယ်။ ဖျော်ရည်မျိုးစုံလည်း ရရှိတဲ့အပြင် ဆိုင်ဖွင့်ချိန်က နံနက် ၇ နာရီခွဲကနေ ည ၁၀ နာရီအထိဆိုတော့ အေးဆေးထိုင်လို့ရပါတယ်။
Fratello Rooftop Dining

Photo: MYANMORE
ဒီနေရာကတော့ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်မှာ တည်ရှိပါတယ်။ ဆိုင်အတွင်းပိုင်း အပြင်အဆင်ကလည်း လှပတဲ့အပြင် အရသာစုံလင်တဲ့ ဥရောပအစားအစာအမျိုးမျိုးကို မြည်းစမ်းစားသုံးနိုင်ပါတယ်။ ဖျော်ရည်များကိုလည်း မိမိစိတ်ကြိုက် မှာယူသောက်သုံးနိုင်ပါသေးတယ်။
Cocoon Café and Bar

Photo: MYANMORE
နောက်ထပ်လှပတဲ့ နေရာတစ်ခုကတော့ ရှင်စောပုလမ်းနှင့် ဗဟိုလမ်းထောင့်မှာ တည်ရှိတဲ့ Cocoon Café and Bar ပဲဖြစ်ပါတယ်။ ကော့တေး၊ ဝိုင်၊ ဝီစကီ စတဲ့ ဖျော်ရည်မျိုးစုံအပြင် တရုတ်အစားအစာများ အိန္ဒိယအစားအစာများကိုလည်း အမြည်းအဖြစ် စားသုံးနိုင်ပါသေးတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၁ နာရီကနေ ည ၁၁ နာရီအထိဖြစ်ပါတယ်။
The Penthouse

Photo: Tripadvisor
အနောက်တိုင်း Theme လေး ရောပြွမ်နေတဲ့ ဘားတစ်ခုဖြစ်သလို ကော်ဖီဆိုင်လေးဆိုလည်း မမှားပါဘူး။ အလုပ်ကိစ္စတွက်ပဲ ကော်ဖီသောက်ရင်း ပြောကြဆိုကြမလား။ ဒါမှမဟုတ် ဘော်ဒါတွေနဲ့ ပျော်ပျော်ပါးပါး အချိန်ကုန်ဆုံးချင်သလား။ စိတ်ကြိုက်ပြုလုပ်နိုင်ပါတယ်။ တည်နေရာကတော့ ဘားဂရာလမ်းပေါ်မှာ တည်ရှိတဲ့ Parkside One ဆိုတဲ့ အဆောက်အအုံကြီးပေါ်မှာ တည်ရှိပါတယ်။ ၈ လွှာမှာ တည်ရှိတာပါ။ ဆိုင်ဖွင့်ချိန်ကတော့ တနင်္လာကနေ ဗုဒ္ဓဟူးနေ့အထိကို နံနက် ၁၁ နာရီမှ မနက် ၁ နာရီအထိ၊ ကြာသပတေး သောကြာနေ့တွေမှာတော့ နံနက် ၁၁ နာရီကနေ မနက် ၂ နာရီအထိဖြစ်ပြီး စနေ၊ တနင်္ဂနွေနေ့တွေမှာတော့ ညနေ ၅ နာရီကနေ မနက် ၁ နာရီအထိဖြစ်ပါတယ်။
Atlas Rooftop Bar and Lounge

Photo: atlas-myanmar
နိုင်ငံတကာအစားအစာများနှင့် ဖျော်ရည်အမျိုးအစားတွေကို မြည်းစမ်းစားသုံးချင်တယ်ဆိုရင်တော့ Atlas Rooftop Bar and Lounge ကို သွားရောက်သင့်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၅ နာရီကနေ ည ၁၁ နာရီခွဲအထိဖြစ်ပါတယ်။ ရိုမန့်တစ်ဆန်တဲ့ ဒိတ်မျိုး ဒိတ်ချင်တာလား၊ ရုံးတွင် ပါတီပွဲ ပြုလုပ်ချင်သလား။ ဒီနေရာလေးက အသင့်တော်ဆုံးပါပဲ။
Source: Trip101
Featured Image: Myanmore
