ပါတီပွဲ တစ်ခုစီစဉ်တဲ့အခါ ဖျော်ဖြေရေး အစီအစဉ်တွေနဲ့ အစားအသောက် ကဏ္ဍကတော့ မပါမဖြစ် ထည့်သွင်းစဉ်းစားရပါတယ်။ ကိုယ့်ရဲ့ ပါတီ ကိုလာမယ့် ဧည့်သည်စာရင်းနဲ့အညီ စားသောက်စရာတွေကို လိုအပ်ချက်မရှိအောင် လုံလုံလောက်လောက် ပြင်ဆင်တည်ခင်းရမှာက ပါတီ စီစဉ်ကျင်းပတဲ့သူရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ ပါတီ မှာ မျက်နှာပန်းလှပြီး ကုန်ကျစရိတ်လည်း အရမ်းမများမယ့် အစားအသောက်တွေနဲ့ တည်ခင်းဧည့်ခံ ချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် Budget စားစရာ တွေက အသင့်တော်ဆုံး ဖြစ်စေပါလိမ့်မယ်။
(၁) ဟင်းချို
Photo : Hot Thai Kitchen
လူများများနဲ့ ပါတီကျင်းပမယ်ဆိုရင် အရည်သောက် Soup ဟင်းချိုတစ်ပွဲတော့ မပါမဖြစ် ထည့်သင့်ပါတယ်။ ဟင်းချိုချက်ဖို့အတွက် ကုန်ကျ စရိတ် သိပ်မများသလို အလုပ်လည်း အရမ်းမရှုပ်ပါဘူး။ အသားနည်းနည်းနဲ့ ဟင်းသီးဟင်းရွက်တွေ ပေါင်းစပ်ပြီး အချို ၊ အစပ် နှစ်သက်ရာအရသာ ဟင်းချိုတစ်ပွဲ လွယ်လွယ်ကူကူ ပြင်ဆင်ချက်ပြုတ်လို့ ရပါတယ်။
(၂) BBQ အကင်
Photo : Viator
ပါတီ လို့ပြောလိုက်တာနဲ့ ရိုးရာမပျက် BBQ အကင်တွေကတော့ မထည့်လို့ မရပါဘူး။ ဘီယာ ၊ ဝီစကီ ၊ ကော့လ်တေး နှစ်သက်ရာအဖျော် ယမကာနဲ့ တွဲဖက်စားဖို့ အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။ BBQ အကင်အတွက် အသားကို ကိုယ်တိုင်နှပ်မယ်ဆိုရင် ကုန်ကျစရိတ်က ထင်ထားတာထက် ပိုသက်သာပါတယ်။ ဈေးသက်သက်သာသာနဲ့ များများစားလို့ရမယ့် အသီးအရွက်အကင်တွေလည်း ထည့်ဖို့မမေ့ပါနဲ့။
(၃) ရယ်ဒီမိတ် Snack
Photo : Land O’Lakes
အလုပ်ရှုပ်မခံချင်ဘူး ၊ ကုန်ကျစရိတ်လည်း သက်သက်သာသာ ဖြစ်ချင်တယ်ဆိုရင် အသင့်စားလို့ရမယ့် ရယ်ဒီမိတ် Snack တွေသာ တည်ခင်းဧည့်ခံလိုက်ပါ။ ကြွပ်ကြွပ်မွမွ ဝါးလို့ကောင်းမယ့် အာလူးကြော် ၊ မြေပဲ နဲ့ အကြော်အလှော် Snack ၄/၅ မျိုးလောက် ပြင်ဆင်ထားရင် လုံလောက်ပါပြီ။
(၃) Sausages
Photo : USNews
Sausages တွေက စားလို့ကောင်းပြီး အရသာရှိသလို ဈေးသက်သက်သာသာနဲ့ အချိန်ကုန်သက်သာတဲ့ စားစရာတစ်မျိုး ဖြစ်ပါတယ်။ Sausages ကို ကြော်ပဲ စားစား ၊ ကင်ပြီးပဲ စားစား ကြိုက်နှစ်သက်တဲ့ နည်းနဲ့ စားနိုင်ပါတယ်။ အချဉ်ကောင်းကောင်းနဲ့ တွဲဖက်တည်ခင်းမယ်ဆိုရင်တော့ ပြီးပြည့်စုံတဲ့ စားစရာအမယ်တစ်ခု ရပြီဖြစ်ပါတယ်။
(၅) သစ်သီးစုံ
Photo : Chick-fil-A
လွယ်ကူရိုးရှင်း ဈေးသက်သာတဲ့ Appetizer တစ်ပွဲအတွက် လတ်ဆတ်တဲ့ သစ်သီးတွေက အသင့်တော်ဆုံးပါပဲ။ တကယ်လို့ ဆန်းဆန်းပြားပြားလေး ပြင်ဆင်တည်ခင်းချင်တယ်ဆိုရင် သစ်သီးခြောက်တွေ သုံးနိုင်ပါတယ်။
Featured Photo : The Penny Hoarder