အခုလို မိုးရာသီကာလမှာ ချစ်သူလေးနဲ့ အပြင်လျောက်မသွားချင်ဘူး ၊ နှစ်ယောက်သား အေးအေးဆေးဆေးနဲ့ ရိုမန်တစ်ဆန်ဆန်လေး ဒိတ်ချင်တယ်ဆိုရင်တော့ ကော့လ်တေး ဒိတ် လေးက ကွီးတို့အတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်စေမှာပါ။ ချစ်သူလေး နဲ့ ကော့လ်တေး ဆန်ဆန်းလေးတွေ မြည်းစမ်းရင်း ရိုမန်တစ်ဆန်တဲ့ အမှတ်တရ ညနေခင်းအချိန်လေးကို ဖြတ်သန်းချင်တဲ့ ကွီးတို့အတွက် ရန်ကုန်မြို့တွင်းက ကော့လ်တေး အမိုက်စားလေးတွေလည်းရ ထိုင်လို့လည်းကောင်းတဲ့ Bar လေးတွေကို ရွေးချယ်တင်ဆက်ပေးချင်ပါတယ်။

(၁) Noodle Bowl Restaurant & Lounge

Photo : Noodle Bowl Restaurant & Lounge

ဒီဆိုင်လေးက အစားအသောက်ကောင်းတွေ ၊ ကော့လ်တေး မိုက်မိုက်လေးတွေနဲ့ အေးအေးဆေးဆေး သက်တောင့်သက်သာ ထိုင်လို့ကောင်းတဲ့ ဆိုင်လေး။ ဆိုင် အပြင်အဆင် အခင်းအကျင်းက တော်တော်လေး Premium ဆန်တယ် ၊ ကျယ်ကျယ်ဝန်းဝန်းနဲ့ သပ်သပ်ရပ်ရပ် ရှိတယ်။ ဒီဆိုင်မှာ အစားအသောက်တွေ တော်တော်စုံတယ်။ ထိုင်းစတိုင်နဲ့ အရှေ့တိုင်းစာတွေ ဦးစားပေးထားတာ တွေ့ရတယ်။

Photo : Noodle Bowl Restaurant & Lounge

ခေါက်ဆွဲနဲ့ ပတ်သတ်တဲ့ Menu တွေကတော့ ဒီဆိုင်ရဲ့ Signature လို့ ပြောရမယ်။ ၁၉၉၀ စတိုင်ခေါက်ဆွဲကြော် ၊ ရှမ်းခေါက်ဆွဲ ၊ ဖက်ထိုင်း ၊ ဝက်စတူးထမင်း ၊ ထမင်းကြော် ၊ အမဲသားခေါက်ဆွဲ စတဲ့ဟင်းပွဲတွေကတော့ ဒီဆိုင်ရောက်ရင် မဖြစ်မနေ မြည်းစမ်းကြည့်သင့်တယ်။တခြား ရှမ်းရိုးရာ အစားစာတွေ ၊ အကင်တွေ ၊ ထိုင်းစတိုင်အသုပ်နဲ့ အကြော် ဟင်းပွဲတွေ ၊ Soup တွေလည်း အစုံရတယ်။

Photo : Noodle Bowl Restaurant & Lounge

သောက်စရာထဲမှာဆို Signature ကော့လ်တေး ၊ Classic ကော့လ်တေးနဲ့ တခြား ရှန်ပိန် ၊ ဝိုင် ၊ ဝီစကီ ရွေးချယ်စရာ Drink တွေ တော်တော်များတယ်။ ကော်ဖီ ၊ Tea နဲ့ တခြား Non-Alcoholic Drink တွေလည်း ရတယ်။ ဆိုင်ရဲ့အပေါ်ထပ်မှာ Eliza Skin Republic လည်းရှိတော့ အစားသောက်ကောင်းလေးတွေ မြည်းစမ်းပြီး Facial Treatment လုပ်ချင်တဲ့ စုံတွဲလေးတွေအတွက်လည်း ကွက်တိပါပဲ။ ဆိုင်လိပ်စာက အမှတ် ၄၂ / A ၊ ဆရာစံလမ်း ၊ ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၂) Olive & Twist

Photo : Olive & Twist

ဒီဆိုင်လေးကတော့ ထိုင်ရတာ သက်တောင့်သက်သာနဲ့ အေးအေးဆေးဆေးရှိတော့ ချစ်သူလေးနဲ့ ရိုမန်တစ်ဆန်ဆန် ကော့လ်တေးဒိတ်မယ်ဆိုရင် လုံးဝအဆင်ပြေတယ်။ ဒီဆိုင်က Chinese 47 ရဲ့ အပေါ်ထပ်လေးကို တက်သွားရတာ။ ဆိုင်ရဲ့အပြင်အဆင်ကတော့ တကယ်ကို ခန့်ခန့်ညားညားနဲ့ Premium ဆန်တယ်။ နေရာထိုင်ခင်း ကျယ်ကျယ်ဝန်းဝန်းရှိတော့ ချစ်သူလေးနဲ့ နှစ်ယောက်တည်း ဒိတ်ရုံမက ဘော်ဒါတွေအများကြီးနဲ့ Chill မလား ၊ မိသားစုနဲ့ Dinner စားမလား အားလုံး အိုကေတယ်။ Indoor နဲ့ Outdoor ပုံစံလေး ပြင်ပေးထားတယ်။ ဆိုတော့ အပြင်ဘက်မှာလွတ်လွတ်လပ်လပ် ထိုင်ပြီး View ကြည့်ရတာကြိုက်တဲ့သူတွေအတွက်လည်း ကွက်တိပဲ။

Photo : Olive & Twist

ဒီဆိုင်မှာ အစားအသောက်တွေကတော့ တကယ့်ကိုရှယ်ပဲ။ အနောက်တိုင်း အစားအစာတွေ ၊ European Food တွေ တော်တော်စုံစုံရတယ်။ ဘီယာ ၊ ဝိုင် ၊ ဝီစကီတွေနဲ့ တွဲစားလို့ကောင်းတဲ့ ပေါ့ပေါ့ပါးပါး ဟင်းပွဲတွေလည်း အစုံရတယ်။ ကော့လ်တေး ချစ်သူတွေအတွက်ကတော့ အရသာဆန်းသစ်တဲ့ ကော့လ်တေး မိုက်မိုက်လေးတွေ ရွေးချယ်စရာအစုံပဲ။ အစားအသောက်ကောင်းတွေ မြည်းစမ်းရင်း ချစ်သူလေးနဲ့ ရိုမန်တစ်ဆန်ဆန် ဒိတ်မယ်ဆိုရင် ဒီဆိုင်လေးက လုံးဝအဆင်ပြေတယ်။ ဆိုင်လိပ်စာက အမှတ် ၉၁ ၊ အနောက်ရွှေဂုံတိုင်လမ်း ၊ ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့ဖြစ်ပါတယ်။

(၃) MadameEm’s

Photo : MadameEm’s

ဒီဆိုင်လေးက ချစ်သူစုံတွဲတွေအတွက် ရိုမန်တစ်ဆန်ဆန် ဒိတ်လို့ကောင်းတဲ့ Hidden ကော့လ်တေး Bar လေး။ ဒီဆိုင်လေးရဲ့ ထူးခြားချက်က ဆိုင်ရှေ့မှာ ဆိုင်းဘုတ်ရယ်လို့ မရှိဘူး။ ၁၉၂၀ ခုနှစ်ကာလတွေတုန်းက အနောက်နိုင်ငံတွေမှာ အရက်မသောက်ရ တားမြစ်ထားတဲ့အချိန် ကပ်တိုးလေးသွားသောက်ရတဲ့ အရက်ဘားသေးသေးလေး ပုံစံမျိုး။ ဆိုင်ထဲဝင်လိုက်တာနဲ့ကို လုံးဝတိတ်တိတ်ဆိတ်ဆိတ်နဲ့ ဆူညံမှုကင်းမဲ့ဇုန်တစ်ခုထဲရောက်သွားသလို ခံစားရစေမဲ့ Private ဖြစ်တဲ့နေရာလေး။

Photo : MadameEm’s

ဆိုင်အပြင်အဆင် Decoration က တစ်ဆိုင်လုံး မီးရောင်မှိန်မှိန်လေးအောက်မှာ သက်တောင့်သက်သာနဲ့ အေးအေးဆေဆေး ထိုင်လို့ရမယ့် ကျယ်ဝန်းတဲ့ ဆိုဖာခုံကြီးတွေ ၊ Table ဝိုင်းတွေနဲ့ လုံးဝ Luxury ဆန်တဲ့ Vibe လေးရတယ်။ ဒီဆိုင်လေးက ကော့လ်တေး Bar ဆိုတဲ့အတိုင်း Signature Cocktail ၊ Classic Cocktail တွေအပြင် နာမည်ဆန်းဆန်း အရသာလန်းလန်း ကော့လ်တေးတွေ အစုံရတယ်။ ကိုယ်သောက်ချင်တဲ့ ကော့လ်တေး ပုံစံလေးတွေကိုလည်း Bartender တွေကို စိတ်ကြိုက်ဖျော်စပ်ခိုင်းလို့ ရသေးတယ်။

Photo : MadameEm’s

စားစရာတွေထဲမှာတော့ Stake ၊ ဘာဂါတို့လို အနောက်တိုင်း အစားအစာတွေ ၊ ကော့လ်တေးနဲ့ တွဲစားလို့ကောင်းတဲ့ ပေါ့ပေါ့ပါးပါး Snack တွေ ၊ Mala Chips ၊ ထိုင်ဝမ်စတိုင် ဝက်သားအကြွပ်ကြော်နဲ့ တခြားအရသာရှိတဲ့ စပယ်ရှယ် Menu တွေ အစုံရတယ်။ ချစ်သူလေးနဲ့ နားအေးပါး အေး သက်တောင့်သက်သာ ဒိတ်ချင်တယ်ဆိုရင်တော့ ဒီဆိုင်လေးက လုံးဝ ကွက်တိပဲ။ ဆိုင်လိပ်စာက အမှတ် ၄၄၉ / B ၊ တက္ကသိုလ်ရိပ်သာလမ်းသစ် ၊ ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့ဖြစ်ပါတယ်။

Featured Photo : Noodle Bowl Restaurant & Lounge