ကွီးတို့ရေ ရန်ကုန်မြို့ သို့မဟုတ် မြန်မာနိုင်ငံ အကြောင်းပြောကြမယ်ဆိုရင် ဘုရားစေတီတွေနဲ့ ကြည်နူးစရာ မြင်ကွင်းတွေကို အရင်ဆုံးခံစားမိမှာပါ။ ဒါ့အပြင် ညအချိန်တွေမှာ စိတ်ခံစားချက်တွေကို တက်ကြွရွှင်လန်းစေမဲ့ နေရာတွေ အများကြီးပါ။ ကွီးတို့အတွက် နှစ်သက်ရာ အရက်ကို သောက်ရင်း ဂီတသံစဉ်တွေကြား မျောပါနိုင်မဲ့ ဘားတွေကို သွားဖို့ အကြံပေးပါရစေ။ တက်ကြွ ပျော်ရွှင်ဖွယ် မတူညီတဲ့ ခံစားမှုရသ တစ်ခု စီကို ပေးစွမ်းနိုင်မဲ့ ရန်ကုန်မြို့က အကောင်းဆုံး Bars များ ကို လမ်းညွှန်ပေးလိုက်ပါတယ်။
(၁) Yangon Yangon Bar

Photo : TripAdvisor
ကွီးတို့ရေ ပထမဆုံးအနေနဲ့ ရန်ကုန်မြို့က အကောင်းဆုံး Bars များထဲက တစ်ခုကတော့ ရန်ကုန်မြို့ရဲ့ အမည်နဲ့တူအောင် ပေးထားတဲ့ Yangon Yangon Bar ဟာ ဆာကူရာတာဝါရဲ့ ခေါင်မိုးထပ်မှာ ဖွင့်ထားပါတယ်။ ရန်ကုန်မြို့တော်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ မြင်ကွင်းကို ကြည့်ရှုခံ စားနိုင်ပါတယ်။ မြောက်ဘက်ကိုကြည့်ရင် ရွှေရောင်ဖြာ ကြည်ညိုဖွယ် ရွှေတိဂုံစေတီတော်မြတ်၊ တောင်ဘက်မှာ ရှေးဟောင်းကိုလိုနီခေတ်လက်ရာ အတွင်းဝန်ရုံး ၊ တရားရုံးချုပ် နဲ့ ဆိပ်ကမ်းရုံး၊ အဝေးမှာတော့ ရန်ကုန်မြစ်ဝ ရှုခင်းကို ခံစားနိုင်ပါတယ်။ ကွီးတို့ရေ ရုံးပိတ်ရက်တွေမှာ Yangon Yangon Bar သွားချင်ရင်တော့ ကြိုတင်စာရင်းသွင်းဖို့ မမေ့နဲ့နော်။ ညနေ ၅နာရီကနေ သန်းခေါင်ချိန်ထိ ဖွင့်ပါတယ်။ နေရာကတော့ အမှတ် ၃၃၉ ဆာကူရာတာဝါ ၊ 20th Floor ၊ ဗိုလ်ချုပ်လမ်းမှာ ဖြစ်ပါတယ်။
(၂) Vista Bar

Photo : Trip.com
ကွီးတို့အနေနဲ အခြား ခေါင်မိုးထပ် ဘားတစ်ခုကို သွားချင်တယ်ဆိုရင် Vista Bar ကို သွားနိုင်ပါတယ်။ ထူးထူးခြားခြား ရွှေတိဂုံဘုရားမြင်ကွင်းကိုလည်းခံစားနိုင်မှာ ဖြစ်လို့ သွားရ ကျိုးနပ်ပါတယ်။ ညအချိန် ပျော်ရွှင်ဖို့နဲ့ အကောင်းဆုံးညစာစားဖို့ သင့်တဲ့နေရာပါ။ ယမကာ ဈေးနှုန်းကလည်း သင့်ပါတယ်။ မြန်မာ ထိုင်း တရုတ်နဲ့ အနောက်တိုင်း အစားအသောက်မျိုးစုံ ရနိုင်ပါတယ်။ ညနေ ၆ နာရီကနေ နံနက် ၁ နာရီထိ ဖွင့်ပါတယ်။ အမှတ် ၁၆၈ ၊ အနောက် ရွှေဂုံတိုင်လမ်း၊ ရန်ကုန်မှာ တည်ရှိပါတယ်။
(၃) 7th Joint Bar

Photo : Peter’s Big Adventure
ပြည်တွင်းနဲ့ ပြည်ပ ခရီးသွားတွေ ကြိုက်တဲ့ ဘားတစ်ခုဖြစ်ပါတယ်။ Caribbean နဲ့ Reggae ဒီဇိုင်းဟာ 7th Joint Bar ကိုထူးခြားစေပါတယ်။ Reggae တေးဂီတကို ခံစားနိုင်မဲ့ တစ်ခုတည်းသော ဘားဖြစ်ပါတယ်။ ပြည်တွင်း ပြည်ပ ဧည့်သည်တွေ တွေ့ဆုံဖို့ သင့်တော်ပါတယ်။ ညဦးပိုင်းမှာ ဖွင်တဲ့အတွက် အချိန်ကုန်သက်သာပြီး ဈေးနှုန်းလည်းသင့်ပါတယ်။ အမှတ် ဂျီ အေ ၁၀၊ Urban Asia Center ၊ မဟာဗန္ဓုလလမ်း (၄၇ လမ်းနှင့် ၄၈ လမ်းကြား) ၊ ဗိုလ်တထောင်မြို့နယ်မှာရှိပါတယ်။ ဒီ Bars ဟာလည်း ရန်ကုန်မြို့က အကောင်းဆုံး Bars တွေထဲက တစ်ခုဆိုတာ မမှားပါဘူး။
(၄) Gekko Bar and Restaurant

Photo : Peter’s Big Adventure
ဂျပန် ဘား နဲ့ စားသောက်ဆိုင် ဖြစ်ပါတယ်။ ကွီးတို့ အာရှ အစားအသောက် စားချင်တယ်ဆိုရင် Gekko Bar and Restaurant ကို ရွေးချယ်နိုင်ပါတယ်။ ဂျက်တေးဂီတကိုလည်းခံစားနိုင်ပါတယ်။ ကိုးရီးယားအစာလည်းရနိုင်ပါတယ်။ နံနက် ၁၁ နာရီကနေ ည ၁ နာရီ ထိဖွင့်ပါတယ်။ အမှတ် ၅၃၅ ၊ ကုန်သည်လမ်း ကျောက်တံတားမြို့နယ်မှာ ရှိပါတယ်။
(၅) 50th Street Bar and Grill

Photo : The Myanmar Times
နောက်ဆုံး အနေနဲ့ဖော်ပြချင် တဲ့ ရန်ကုန်မြို့က အကောင်းဆုံး Bars ထဲက တစ်ခုကတော့ ဒေသခံလူတွေရော ရန်ကုန်မှာနေတဲ့ နိုင်ငံခြားသားတွေပါ အသိများတဲ့ ဘားဖြစ်ပါတယ်။ ဘားကို မြေအုတ်နဲ့ ကျွန်းသစ်တွေကို အသုံးပြုပြီး တန်ဆာဆင်ထားတဲ့အတွက် ထူးခြားပြီး တပ်မက်ဖွယ် ခံစားမှုရစေပါတယ်။ အိမ်တွင်းဖြစ်ကော့လ်တေး အပြင် ဘီယာမျိုးစုံ၊ နိုင်ငံခြားဝိုင်မျိုးစုံကို မြည်းစမ်းနိုင်ပါတယ်။ နံနက် ၉နာရီ ခွဲကနေ ည ၁နာရီထိဖွင့်ပါတယ်။ အမှတ် ၉/၁၃၊ လမ်း ၅၀ မဟာဗန္ဓုလလမ်းနဲ့ ကုန်သည်လမ်းကြား၊ ဗိုလ်တထောင်မြို့နယ်မှာ ရှိပါတယ်။
ကွီးတို့ရဲ့ လေးလံထိုင်မှိုင်းမှုကို တက်ကြွ ရွှင်လန်းမှုတွေနဲ့အစားထိုးဖို့ မတူညီတဲ့ ခံစားမှုရသ တစ်ခုစီကို ပေးစွမ်းနိုင်မဲ့ ရန်ကုန်မြို့က အကောင်းဆုံး Bars များကို ချီတက်ကြပါစို့။
Source : Gadt Travel
Featured Photo : Myanmore
