ကမ္ဘာနှင့်တစ်ဝှမ်းတွင် ပါတီပွဲအမျိုးမျိုးကို ပုံသဏ္ဍာန် အမျိုးမျိုးဖြင့် ကျင်းပပြုလုပ်ကြတာ ဖြစ်ပါတယ်။ ဘဝရဲ့ လွတ်လပ်သာယာမှု ပျော်ရွှင် ကြည်နူးမှုတွေကို ပါတီပွဲ တွေမှာ ရှာဖွေ တွေ့ရှိနိုင်ပါတယ်။ ပါတီပွဲအမျိုးစား အမျိုးမျိုးပေါ် မူတည်ပြီး ကွီးတို့ ကြုံတွေ့ရတဲ့ အတွေ့အကြုံနှင့် ခံစားချက် အနိမ့်အမြင့်သည်လည်း ကွဲပြားသွားနိုင်ပါတယ်။
ပွဲစီစဉ်သူများကလည်း ပါတီပျော်လေးများအတွက် များသောအားဖြင့် အခုဖော်ပြမယ့်ပွဲများကို ကျင်းပပေးလေ့ရှိပါတယ်။ ဘယ်လိုပါတီပွဲလေးတွေလည်းဆိုတော့ …
သတို့သား သတို့သမီးများအတွက် မင်္ဂလာဆောင် ဒင်နာပါတီ
Photo: Martha Stewart
ဖိတ်ကြားခံရတဲ့ ဧည့်သည်များက သတို့သား သတို့သမီးတို့ရဲ့ ဘဝသစ်ကို ဂုဏ်ပြုတဲ့အနေနဲ့ တက်ရောက်ကြတာဖြစ်ပါတယ်။ ဒီပွဲလေးကို အကျဉ်းချုံး စီစဉ်လိုသူများကတော့ ခင်မင်ရင်းနှီးသူအချို့ကိုသာ ဖိတ်ကြားလေ့ရှိကြပြီး ခမ်းခမ်းနားနား ကျင်းပျချင်သူများကတော့ နှစ်ဖက်အသိုင်းအဝိုင်းရှိ အသိမိတ်ဆွေများအားလုံးကို ဖိတ်ကြားကာ ပျော်ရွှင် စွာဖြင့် ပါတီပွဲ ဆင်နွှဲလေ့ရှိကြပါတယ်။
ကွီးတို့ရော ကိုယ့်ရဲ့ မင်္ဂလာဆောင်အတွက် ဒင်နာပါတီကို ဘယ်လိုပုံသဏ္ဍာန်မျိုးဖြင့် ဆင်နွှဲချင်ပါသလဲ။
ရုံးသမားများအတွက် ရုံးပါတီပွဲ
Photo: Talk Business
ရုံးဝန်ထမ်းတွေအတွက် Staff ပါတီဆိုတာကလည်း သူတို့အတွက် နိဗ္ဗာန်ဘုံတစ်ခုလိုပဲမဟုတ်လား။ တစ်နှစ်တာလုံး ပင်ပန်းသမျှတွေကို နှစ်တစ်နှစ် ကုန်ဆုံးတိုင်းမှာပဲဖြစ်ဖြစ်၊ ကုမ္ပဏီ နှစ်ပတ်လည်နေ့များမှာပဲဖြစ်ဖြစ် Staff ပါတီ ကျင်းပပေးလ့ရှိကြပါတယ်။ ကံစမ်းမဲအစီအစဉ်များ ထည့်သွင်းကြကာ ပါတီပွဲကို ပိုမိုအသက်ဝင်လာအောင် ဖန်တီးလေ့ရှိကြပါတယ်။ အချို့ကလည်း ဟိုတယ်လို နေရာမျိုး (သို့) ဘားနှင့် စားသောက်ဆိုင်ကို အပြတ်ငှားပေးထားပြီး ဝန်ထမ်းများ စိတ်ကြိုက် ဘီယာ၊ ဝီစကီ၊ ကော့တေး၊ အမြည်းမျိုးစုံနဲ့ အမုန်းကဲလို့ရအောင် စီစဉ်ပေးကြပါတယ်။
ဘွဲ့ရမောင်မယ်များအတွက် Graduation Party
Photo: Greenvelope.com
မကြာခင်မှာ ဘွဲ့ယူရတော့မယ် မောင်မယ်များအားလုံး မျှော်လင့်စောင့်စားနေကြတဲ့ ပါတီပွဲတစ်ခုဖြစ်ပါတယ်။ သူတို့ရဲ့ ကြိုးစားအားထုတ်မှု ဘဝမှတ်တိုင်တစ်ခုအဖြစ် မှတ်ကျောက်တင်နိုင်တဲ့ ပျော်ရွှင် ကောင်းသော ပါတီပွဲ တစ်ခုဖြစ်ပါတယ်။
ဒီပွဲလေးကိုတော့ ကျောင်းက စီစဉ်ပေးတာလည်း ရှိသလို၊ မေဂျာအလိုက် ဂျူနီယာများက သူတို့ရဲ့ စီနီယာတွေအတွက် စီစဉ်ပေးတာမျိုးလည်းရှိပါတယ်။ ထိုဂျူနီယာများက နောက်ဆုံးနှစ် ရောက်ပြီး ဘွဲ့ရသွားမယ့်အချိန်မှာလည်း သူတို့ရဲ့ ဂျူနီယာများက တစ်ဖန်ပြန်လည်စီစဉ်ပေးကြတာဖြစ်ပါတယ်။
ကျောင်းသားဟောင်း တွေ့ဆုံပွဲပါတီ
Photo: Ntu
ဘွဲ့ရပြီး လုပ်ငန်းခွင် အသီးသီး ဝင်ရောက်ကာ အလုပ်လုပ်ကြသူများအနေနဲ့ တစ်ယောက်နဲ့ တစ်ယောက် ပြန်လည်ဆုံတွေ့ကြဖို့ဆိုတာ အင်မတန်ခက်ခဲတဲ့အရာတစ်ခုပါ။ သူ အားတဲ့အချိန် ကိုယ် မအား၊ ကိုယ် အားတဲ့အချိန် သူ မအားနဲ့ မဟုတ်လား။
ဒီလို ကျောင်းသားဟောင်း တွေ့ဆုံပွဲပါတီတစ်ခု သတ်မှတ်ပေးလိုက်ပြီး ရုံးချိန်အလွတ် ညနေခင်းအချိန်အခါမျိုးမှာ စီစဉ်ပေးလိုက်မယ်ဆိုရင်တော့ ဘယ်သူမှ မအားနိုင်စရာအကြောင်း မရှိတော့ပါဘူး။ ဒီလိုပါတီပွဲများကိုတော့ များသောအားဖြင့် သောကြာနေ့ ညနေခင်းမှာ TGIF ပြုလုပ်ရင်း ပျော်ရွှင် စွာ ပါတီပွဲ ဆင်နွှဲနိုင်ပါတယ်။ ကလပ်များ၊ ဘားများကို ငှားရမ်းကာ ကျင်းပနိုင်သလို ဂိမ်းမျိုးစုံ၊ အယ်လ်ကိုဟော ဖျော်ရည်မျိုးစုံဖြင့် တည်ခင်းဧည့်ခံထားမယ်ဆိုရင်တော့ ပျော်စရာအကောင်းဆုံးပဲပေါ့။
လူပျို၊ အပျိုည ပါတီ
Photo: GQ India
မကြာခင်မှာ လက်ထပ်တော့မယ့် သတို့သားလောင်း၊ သတို့သမီးလောင်းများအနေနဲ့ သူတို့ရဲ့ နောက်ဆုံးသော လူပျိုညလေး၊ အပျိုညလေးကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ဖို့အတွက် စီစဉ်ပေးထားတဲ့ ပါတီပွဲတစ်ခုဆိုလည်း မမှားပါဘူး။ များသောအားဖြင့် သတို့သားလောင်း၊ သတို့သမီးလောင်းများရဲ့ သူငယ်ချင်းများက ဒီလိုပွဲလေးကို စပရိုက်အနေနဲ့ ပြင်ဆင်ကာ ကျင်းပပေးလေ့ရှိကြပါတယ်။ သတို့သမီးအဖွဲ့ကလည်း မိန်းကလေးချည်းပဲသီးသန့် ကငျ်းပလေ့ရှိကြပြီး သတို့သားအဖွဲ့ကလည်း ယောကျာ်းလေးချည်းပဲ သီးသန့်ဆင်နွှဲလေ့ရှိကြပါတယ်။
မွေးနေ့ပါတီ
Photo: The Bash
လူတိုင်းသည် တစ်နှစ်တစ်ခါ ပုံမှန် မွေးနေ့ပွဲ ကျရောက်လေ့ရှိပါတယ်။ ဒီလို အဓိပ္ပာယ်ပြည့်ဝတဲ့ နေ့တစ်နေ့ကို ပျော်ရွှင် စွာနဲ့ ဖြတ်သန်းနိုင်ဖို့ဆိုရင်တော့ မွေးနေ့ပါတီပွဲလေးကတော့ မရှိမဖြစ်ပါပဲ။ ကလေးတွေအတွက် မွေးနေ့ပါတီဆိုရင်တော့ သူတို့စိတ်ကြိုက် စားစရာ၊ မုန့်ပဲသရေစာများနှင့် ပြင်ဆင်ထားသင့်ပြီး လူကြီးတွေအတွက်ကတော့ ဖျော်ရည် ယမကာမျိုးစုံ၊ အမြည်းမျိုးစုံကို မွေးနေ့ပါတီကို အသက်ဝင်အောင် ဖန်တီးနိုင်ပါတယ်။
သူငယ်ချင်း၊ ချစ်သူခင်သူများနှင့်သာ ပြုလုပ်ထားတဲ့ အိမ်တွင်းပါတီ
ဘဝမှာ ကြုံတွေ့ရတဲ့ စိတ်ဖိစီးစရာမျိုးစုံကို ပါတီပွဲဆင်နွှဲရင်း မေ့ဖျောက်ချင်တယ်ဆိုရင်တော့ အိမ်တွင်းပါတီပွဲလေးကို ပြုလုပ်ဖို့ အကြံပေးချင်ပါတယ်။ ကိုယ့်ရဲ့ အရင်းနှီးဆုံး ပြောမနာ ဆိုမနာ သူငယ်ချင်းများနှင့်သာ ကျင်းပရမှာဖြစ်ပါတယ်။ အပြင်လူ မပါစေဘဲ ကွီးတို့အချင်းချင်းပဲ အိမ်တွင်းပါတီ ကျင်းပတဲ့အခါ ပျော်ရွှင်ကြည်နူးမှု ရသမျိုးစုံကို ခံစားနိုင်မှာပဲဖြစ်ပါတယ်။
Source: Getout
Featured Image: Kevsbest