မန္တလေး မြို့ကို အလည်သွားရင်ပဲဖြစ်ဖြစ် မန္တလေးမြို့မှာ နေကြတဲ့ မန္တလေးသားတွေအတွက် ဒီတစ်ခါမှာတော့ ထိုင်လို့ကောင်းတဲ့ ကော့တေးဘား တွေအကြောင်းကို ဝေမျှပေးချင်ပါတယ်။
အရသာစွဲမက်ဖွယ်ကောင်းတဲ့ ကော့တေးဖျော်ရည်များ သောက်သုံးချင်တဲ့ ကွီးတို့အတွက် မန္တလေး ရှိ ပေါ်ပြူလာအဖြစ်ဆုံး ကော့တေးဘား တွေကတော့ …
Ginki Mandalay, Bar & Restaurant

Photo: Facebook
ဒီဆိုင်လေးကတော့ ၇၁ လမ်းနှင့် ၂၈ လမ်းထောင့်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့မှာ တည်ရှိတာဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ဆိုင်မှာသွားပြီး အေးဆေးထိုင်ကာ ကော့တေးလေး တစိမ့်စိမ့်သောက်ကာ အနားယူနိုင်ပါတယ်။ ဆိုင်မှာ မသွားဘဲ အိမ်မှာ အေးဆေး Chill ချင်တယ်ဆိုတဲ့ကွီးတို့အတွက်လည်း မန္တလေး ရှိ ထို ကော့တေးဘား လေးက Delivery လည်း လိုက်ပို့ပေးပါသေးတယ်။
အရှေ့မှ အနောက် ၆၂ လမ်းမှ ၈၄ လမ်းအထိ၊ တောင်မှ မြောက် သိပ္ပံလမ်းမှ ၂၂ လမ်းအထိဆိုရင်တော့ Delivery Free ဖြစ်ပါတယ်။ သတ်မှတ်ဧရိယာထက် ကျော်လွန်ရင်တော့ အနီး၊ အဝေးပေါ် မူတည်ပြီး ၁၀၀၀၊ ၁၅၀၀၊ ၂၀၀၀ ကျသင့်မှာဖြစ်ပါတယ်။
ကော့တေးမျိုးစုံအပြင် အိန္ဒိယအစားအစာ၊ ဥရောပအစားအစာနှင့် အာရှအစားအစာမျိုးစုံကိုလည်း အမြည်းအဖြစ် စားသုံးနိုင်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၀ နာရီမှ ည ၁၀ နာရီအထိဖြစ်ပါတယ်။
Brolly Sky Bar & Restaurant

Photo: Facebook
အဲကွန်းခန်းလေးထဲမှာ ထိုင်ကာ ကော့တေးလေးနဲ့ ငြိမ့်ချင်သလား။ ဒါမှမဟုတ် သဘာဝလေနုအေးလေးရဲ့ တိုက်ခတ်တဲ့အရသာကို အေးအေးငြိမ့်ငြိမ့်လေး ခံစားရင်း ကော့တေးသောက်ချင်ပါသလား။ ကွီးတို့အတွက် Decoration လှလှလေးနဲ့ အရသာစွဲမက်ဖွယ်ကောင်းတဲ့ ကော့တေးဖျော်ရည်များ ရရှိနိုင်တဲ့ မန္တလေး ရှိ ကော့တေးဘားလေးကတော့ Brolly Sky Bar & Restaurant ပဲဖြစ်ပါတယ်။

Photo: Facebook
ဆိုင်ရဲ့ တည်နေရာကတော့ ၂၂ လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြား၊ မန္တလေးမြို့မှာ တည်ရှိတာဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၁ နာရီကနေ ည ၁၁ နာရီအထိဖြစ်ပါတယ်။

Photo: Facebook
ဆိုင်ရဲ့ မီနူးတွေကလည်း စုံလင်ပြီး အရသာရှိတဲ့ အစားအစာမျိုးစုံ၊ အမြည်းမျိုးစုံကိုလည်း မှာယူစားသုံးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ပါတီပွဲများ၊ မွေးနေ့ပွဲများ ကျင်းပချင်သူများအတွက်လည်း ကြိုတင်ဘိုကင်တင်ထားမယ်ဆိုရင် Decoration အပြင်အဆင်များ၊ ဟင်းပွဲများကိုလည်း ကြိုတင်ပြင်ဆင်ထားပေးပါသေးတယ်။ ကိုယ့်ရဲ့ခင်မင်ရင်းနှီးသူများနှင့် Private ဆန်ဆန် ပါတီပွဲကျင်းပချင်သူများအတွက်တော့ အကြိုက်တွေ့မှာ အသေအချာပါပဲ။
The Myst Bar & Lounge Mandalay

Photo: Facebook
ဒီဆိုင်လေးရဲ့ တည်နေရာကတော့ ၂၇ လမ်း၊ ၆၃ လမ်းနှင့် ၆၄ လမ်းကြား၊ မန္တလေးမြို့တွင် တည်ရှိတာဖြစ်ပြီး ဆိုင်ဖွင့်ချိန်ကတော့ ညနေ ၄ နာရီဖြစ်ပါတယ်။
အရသာရှိတဲ့ အစားအသောက်များ၊ စူးရှယစ်မူးသွားစေမယ့် ကော့တေးများ၊ တိမ်တွေပေါ် အလည်သွားအောင် ကူညီပေးမယ့် အကောင်းစားရှီရှားများနှင့် အေးဆေး Chill ချင်တို့ ကွီးတို့အတွက်လည်း အဆင်ပြေသလို အလန်းစား သီချင်းသံများနဲ့ ကခုန်ပျော်ပါးချင်သူများအတွက်လည်း အဆင်ပြေတဲ့ မန္တလေး မြို့ရှိ ကော့တေးဘား နှင့် ကလပ်တစ်ခုပဲဖြစ်ပါတယ်။

Photo: Facebook
အတော်ဆုံး DJ သမားများက ဖျော်ဖြေပေးမှာဖြစ်ပြီး ကွီးတို့ရဲ့ ဘဝအမောများအားလုံးကို ဖြေဖျောက်သွားအောင် ကူညီပေးနိုင်ပါတယ်။ DJ အစီအစဉ်ကတော့ ည ၈ နာရီမှာ စတင်မှဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ တစ်ခါတစ်ခေါက်လောက် သွားရောက်ကာ မြူးတူးကခုန်ပျော်ပါးနိုင်ပါတယ်။
Featured Image: Timeout
