အိမ်တွင်း ဒင်နာပါတီသည် ဘယ်လိုပွဲမျိုးမဆို ကျင်းပချင်တဲ့အခါ ကျင်းပနိုင်တဲ့ပါတီတစ်ခု ဖြစ်ပါတယ်။ မွေးနေ့ပွဲအတွက်ပဲ အိမ်တွင်း ဒင်နာပါတီ ကျင်းပချင်သလား။ ဒါမှမဟုတ် အိမ်သစ်တက်ပွဲ၊ သူငယ်ချင်းများ ပျော်ပျော်ရွှင်ရွှင်နဲ့ Gathering လုပ်ချင်လို့ပဲ ကျင်းပချင်သလား။ ကျင်းပနိုင်ပါတယ်။

ပျော်ရွှင်စိတ်လှုပ်ရှားဖွယ်ရာကောင်းတဲ့ အိမ်တွင်း ဒင်နာပါတီ တစ်ခု ဖန်တီးမယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းများကို သိထားဖို့လိုအပ်ပါလိမ့်မယ်။

မိမိချက်ပြုတ်နိုင်ပြီး လွယ်ကူရိုးရှင်တဲ့ ဟင်းလျာများသာ ချက်ပြုတ်ပြင်ဆင်ပါ

dinner party

ကွီးတို့အနေနဲ့ အပြင်စာတွေကို မှာစားမှာလား။ ဒါမှမဟုတ် ဈေးသက်သာပြီး ကျန်းမာရေးနဲ့လည်း ညီညွှတ်တဲ့ အိမ်လုပ်ဟင်းလျာတွေပဲ စားသုံးချင်တာလား။ အပြင်စာတွေ မှာစားရင်တော့ အထွေအထူး ပြင်ဆင်စရာမရှိပါဘူး။ ဒါပေမဲ့ မိမိဘာသာ အိမ်မှာပဲ ပြင်ဆင်မယ်ဆိုရင်တော့ လွယ်ကူရိုးရှင်းပြီး သင် ချက်ပြုတ်နေကျဖြစ်တဲ့ အစားအစာများကိုသာ ချက်ပြုတ်ပြင်ဆင်သင့်ပါတယ်။

လာရောက်မယ့် ဧည့်သည်များကို သူတို့နှင့် မတည့်တဲ့ အစားအစာများ ရှိ မရှိ မေးပါ

dinner party

ဧည့်သည်တွေအားလုံးကိုလည်း ဖိတ်ပြီးသွားပြီ။ ဘယ်သူတွေကတော့ လာပြီး ဘယ်သူတွေကတော့ မလာဘူးလဲဆိုတာ သိပြီးတဲ့နောက်မှာတော့ ဧည့်သည်တွေနဲ့ မတည့်တဲ့အစားအစာများ၊ သူတို့ မစားတဲ့ အစားအစာများ ရှိ မရှိကို မေးမြန်းထားဖို့ လိုအပ်ပါလိမ့်မယ်။

အချိန်နှင့် ကွက်တိကျအောင် ပြင်ဆင်ပါ

dinner party

အိမ်တွင်း ဒင်နာပါတီက ဘယ်နှနာရီမှာ စမလဲ။ Main Dish တွေ မစားခင်၊ Appetizer တွေကို ဘယ်အချိန် တည်ခင်းဧည့်ခံမလဲ။ ဝိုင် သောက်မယ့်အချိန်က ဘယ်အချိန်လဲ စတာတွေကိုပါ ကွက်တိကျအောင် ပြင်ဆင်ထားပါ။ အချို့ဧည့်သည်တွေက ကလေးငယ်များကို အိမ်မှာ ချန်ထားရတာမျိုးတွေရှိတဲ့အတွက်ကြောင့် ကလေး သိပ်ရမယ့်အချိန်ကိုလည်း ထည့်တွက်ထားသင့်ပါတယ်။

ဖျော်ရည်ပိုင်းကိုလည်း ဂရုစိုက်ပါ

dinner party

ဖျော်ရည်များကိုလည်း အမျိုးအစားစုံလင်အောင်၊ ဧည့်သည်များစိတ်ကြိုက် ရွေးချယ်နိုင်အောင် ပြင်ဆင်ထားသင့်ပါတယ်။

အစားအသောက်များကို ကြိုတင်ပြင်ဆင်ထားပါ

အိမ်တွင်း ဒင်နာပါတီ

Photo: Eater Miami

ဧည့်သည်တွေ ရောက်ရှိနေသည့်တိုင်အောင် အစားအစာတွေက ပြင်ဆင်ချက်ပြုတ်လို့ မပြီးသေးတာမျိုး ဖြစ်လို့မရပါဘူး။ ဧည့်သည်တွေ မရောက်ခင် နာရီဝက်ကြိုတင်ကာ ချက်ပြုတ်ပြီးစီးရမှာ ဖြစ်ပါတယ်။ ထို့နောက် အစားအစာများ ပူပူနွေးနွေးဖြစ်ဖို့ရန်အတွက် အပူဒဏ်ခံသော အိုးများထဲတွင် ထည့်ကာ ဖုံးအုပ်ထားသင့်ပါတယ်။

မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်အောင် ထားပါ

အိမ်တွင်း ဒင်နာပါတီ

အိမ်မှာ ချက်ပြုတ်သူများအဖို့ ချက်ပြုတ်ပြီးစီးတာနဲ့ တစ်ခါတည်း မီးဖိုချောင်ကို သန့်သန့်ရှင်းရှင်းဖြစ်အောင် ပြုလုပ်ပါ။ ဒါမှ အိမ်တွင်း ဒင်နာပါတီ ပြီးသွားတဲ့အခါ သင့်အနေနဲ့ တကူးတကကြီး သန့်ရှင်းရေး လုပ်စရာမလိုတော့ပါဘူး။

မီးဖိုချောင်ထဲမှာပဲ အချိန်အကြာကြီး မနေပါနဲ့

အိမ်တွင်း ဒင်နာပါတီ

သင်သည် အိမ်ရှင်ဖြစ်တဲ့အားလျော်စွာ သင့်ရဲ့ ဧည့်သည်များကို ဧည့်ခံရမယ့်တာဝန်ရှိပါတယ်။ ရှက်ကြောက်လို့ပဲ ဖြစ်ဖြစ်၊ အလုပ်များလို့ပဲဖြစ်ဖြစ် မီးဖိုချောင်ထဲမှာပဲ တစ်ချိန်လုံး အချိန်မဖြုန်းသင့်ပါဘူး။ ကိုယ့်ရဲ့ ဧည့်သည်များနှင့် ပျော်ပျော်ပါးပါး အချိန်ကုန်ဆုံးဖို့လိုအပ်ပါတယ်။

ပျော်ရွှင်ဖွယ်ကောင်းပြီး လှပတဲ့ အိမ်တွင်း ဒင်နာပါတီတစ်ခု ဖြစ်အောင် ကြိုးစားပါ

အိမ်တွင်း ဒင်နာပါတီ

စားပွဲအပြင်အဆင်အပိုင်းကိုလည်း ဂရုစိုက်ဖို့လိုအပ်ပါတယ်။ အိမ်ထဲမှာပဲ စားသောက်တာပဲဖြစ်ဖြစ်၊ မိမိခြံဝန်းထဲမှာပဲ ဝိုင်းဖွဲ့စားသောက်တာပဲဖြစ်ဖြစ် ပတ်ဝန်းကျင်ကို လှလှပပလေးဖြစ်အောင် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

Source: Vaya

Featured Image: Awgprivatechefs