အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ရသာဆန်းထူး ကွီး Review အစီအစဉ်ကနေ ပြန်လည်ကြိုဆို လိုက်ပါတယ်။

AQ Bar Review_Outdoor

ဒီတစ်ခေါက်မှာတော့ ရန်ကုန်မြို့မှာ တော်ရုံဘယ်မှမရနိုင်တဲ့ ရှားပါးအဖိုးတန် အစားအသောက် Menu တွေနဲ့ အေးဆေး Chill လို့ရမယ့် ဗိုလ်ချုပ်လမ်းပေါ်  Hidden Paradise လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်လေးက ဗိုလ်ချုပ်လမ်း ၊ ပုဇွန်တောင်မြို့နယ် ၊ လမ်း ၅၀ ကားမှတ်တိုင်နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ AQ Bar & Bistro ဆိုတဲ့ ဆိုင်လေးပါ။

AQ Bar Review_Indoor

ပထမဆုံး ဒီဆိုင်လေးရဲ့ Decoration အပြင်အဆင်ပိုင်းလေးကို အရင်ပြောပြမယ်။ ဒီဆိုင်လေးက အရမ်းမကျယ်ပေမယ့် ကျဉ်းတယ်လို့လည်း ပြောလို့ မရပြန်ဘူး။ သူ့ဆိုင် သူ့အကျယ်အဝန်းလေးမှာပဲ ပြင်ဆင်ထားတဲ့ ဆိုင်ရဲ့အတွင်းဘက် Interior Design နဲ့ Decoration လေးတွေရယ်က အတော်ဆွဲဆောင်မှုရှိတယ်။ တစ်ဆိုင်လုံးက ဝါကျင့်ကျင့်မီးရောင်လေးနဲ့ အမှိုင်းလေးဆိုတော့ Warm & Cozy ဖြစ်တဲ့ Vibe လေးရတယ်။

AQ Bar Review_Bar

ဆိုင်ထဲကို ဝင်လာတာနဲ့ ရှားပါးအရက်ပုလင်းပေါင်းများစွာ စီခြယ်ထားတဲ့ ခမ်းနားတဲ့ ဘားကောင်တာကြီးရယ် ၊ သန့်ရှင်းသပ်ရပ်တဲ့ Table ဝိုင်းတွေရယ် ၊ နံရံမှာ အလှဆင်ထားတဲ့ Peaky Blinders နဲ့ The Godfather ဇာတ်ကားတွေထဲက ဇာတ်လိုက်ကျော်ကြီးတွေရဲ့ ပန်းချီကားချပ်တွေရယ်နဲ့ ဆိုင်ရဲ့ အပြင်အဆင်က တော်တော်လေး ဆွဲဆောင်မှုရှိပြီး ခမ်းနားတယ်။

AQ Bar Review_Interior2

ပြောရရင် ဒီဆိုင်လေးက သီးသီးသန့်သန့်နဲ့ Private ဆန်တယ် ၊ လူငယ်တွေရော လူလတ်ပိုင်း ကွီးတို့ပါ အေးဆေး Chill လို့ကောင်းတဲ့ နေရာလေးတစ်ခုပါ။

AQ Bar Review_Interior1

နောက်ထပ် ဒီဆိုင်လေးရဲ့ ထူးခြားမှုတစ်ခုက အစားအသောက်ပိုင်း။ အပေါ်မှာ မိတ်ဆက်ခဲ့သလိုပဲ ဒီဆိုင်လေးမှာက ရန်ကုန်မှာ တော်ရုံဘယ်မှ မရနိုင်တဲ့ ဂျီသား ၊ ဆတ်သား နဲ့ တောဝက်သားတွေလို ရှားပါးဟင်းပွဲတွေအပြင် သောက်စရာထဲမှာဆိုလည်း ရှားပါးအရက်တွေနဲ့ နာမည်ဆန်းတဲ့ Cocktail Drinks တွေ တော်တော်စုံစုံရတယ်။

AQ_Phoe Toke

AQ_Thoung Yee

နောက်ပြီး ဒီဆိုင်ရဲ့ Signature Cocktail နာမည်တွေဆိုရင် သမိုင်းတစ်လျောက်က အထင်ရှားဆုံး လူမိုက်ကြီးတွေဖြစ်တဲ့ လမ်းမတော်ဖိုးတုတ် ၊ ဂန္ဓမာသောင်းရီ တို့လိုနာမည်တွေအပြင် God Of AQ ၊ Chai Hong ၊ Shwe Kyar ၊ Mafia ၊ Locked And Key ၊ Yakuza ၊ Peaky Blinders စတဲ့ Gangster တွေရဲ့ နာမည်တွေ သုံးထားတာဆိုတော့ လုံးဝအထာကျတယ်။

God Of AQ

AQ_Mafia

AQ_Locked & Key

ပေါ့ပေါ့ပါးပါး သောက်ချင်တဲ့ ကွီးတို့အတွက်က Tiger ၊ Heineken Draught ဘီယာတွေနဲ့ Bottle ဘီယာ Brand အစုံရတယ်။ အပြင်းသောက်မှ Limit ရောက်မယ့် ကွီးတို့အတွက်ကတော့ ရွေးချယ်စရာ ဝီစကီ Brand အစုံ ၊ တန်ဖိုးကြီး ရှားပါအရက် မျိုးစုံရှိတော့ စိတ်ကြိုက်ရွေးသောက်ရုံပဲ။

ဒီဆိုင်ရောက်ရင် ဘီယာအေးအေးလေးနဲ့ပဲ ဖြစ်ဖြစ် ၊ အပြင်းနဲ့ပဲ ဖြစ်ဖြစ် တွဲဖက်မြည်းစမ်းကြည့်စေချင်တဲ့ ထိမိတဲ့အရသာ AQ Bar ရဲ့ Special Menu တွေကိုလည်း ပြောပြပေးမယ်နော်။

AQ_Sandwich

ပထမဆုံးတစ်ခုက အနောက်တိုင်းဆန်ဆန် USA Class Sandwich။ သူက Sandwich နဲ့ အာလူးချောင်းကြော်လေးကို တွဲဖက်ပြင်ဆင်ပေးထားတယ်။ အနည်းဆုံး ၂ ယောက်လောက် ကောင်းကောင်းစားလို့ရတယ်။

AQ_Tom Yum Soup ဒါလေးကတော့ အခုလိုရာသီဥတုအေးအေးလေးနဲ့အရမ်းလိုက်တဲ့ ချဉ်ချဉ်စပ်စပ် ပွင့်ထွက်အရသာ ထိုင်းစတိုင် Tom Yum Soup ဟင်းပွဲလေးပါ။

AQ_Corn Salad

ဒီဟင်းပွဲလေးကတော့ အပြင်းအပျော့ အားလုံးနဲ့ ပေါ့ပေါ့ပါးပါး တွဲဖက်မြည်းလို့ကောင်းတဲ့ အရသာ ခပ်ဆိမ့်ဆိမ့်ချိုမွှေး ထိုင်းစတိုင် ပြောင်းဖူး Salad ဟင်းပွဲလေး ဖြစ်ပါတယ်။

AQ_Bolognese

ဒီဟင်းပွဲလေးကတော့ အီတလီစတိုင် Spaghetti Bolognese လို့ခေါ်ပါတယ်။ အမဲသားနဲ့ ခရမ်းချဉ်သီးကိုအခြေခံထားတဲ့ ဆော့စ်အနှစ်လေးကိုမှ ချိစ်လေးထပ်ပေါင်းထည့်ပြီး အီတလီ ခေါက်ဆွဲလေးနဲ့ တွဲဖက်တည့်ခင်းရတာ ဖြစ်ပါတယ်။ ဥရောပအစားအစာ ကြိုက်သူတွေကတော့ Spaghetti Bolognese ဟင်းပွဲလေးကို သေချာပေါက် မြည်းစမ်းကြည့်သင့်ပါတယ်။

AQ_Chicken Boxing

ဒါလေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ မြည်းလို့ရမယ့် Chicken Boxing လို့ခေါ်တဲ့ ကြက်ပေါင်ကြော် ဟင်းပွဲလေးပါ။

AQ_Family platter

အကင်ကြိုက်တဲ့ ကွီးတို့အတွက်တော့ အကင်စုံပါတဲ့ Family Platter ဆိုတဲ့ ဟင်းပွဲလေးကို ရွေးချယ်နိုင်ပါတယ်။

AQ_Special Signature Potato Basket

ဘီယာနဲ့ ထမင်းပဲ ဆိုသူတွေကတော့ AQ Special Signature Potato Basket ဟင်းပွဲက ကွက်တိကျစေမှာပါ။နောက်ထပ် Signature Menu တွေထဲမှာ အရသာရှိတဲ့ ချဉ်ချဉ်စပ်စပ် ငါးသံပုရာပေါင်း ၊ တရုတ်စတိုင် ထမင်းကြော်တွေအပြင် AQ Bar ရဲ့ ဝါရင့် စားဖိုမှူးကြီးတွေရဲ့လက်ရာ လျှာလည်သွားစေမယ့် အဖိုးတန်ရှားပါး ဂျီသား ၊ ဆတ်သား ၊ တောဝက်သား စတဲ့ Special Menu တွေလည်း အစုံအလင်ရသေးတယ်။

AQBar_Unplugged

ဒါတင်မကသေးပါဘူး အပတ်စဉ် တစ်ပတ်တစ်ရက် Music Band ဖျော်ဖြေမှုအစီအစဉ်လေးတွေလည်းရှိတော့ အရသာရှိတဲ့ အစားအသောက်တွေ မြည်းစမ်းရင်း ဂီတသံစဉ်တွေနဲ့ လွင့်မြောချင်တဲ့ ကွီးတို့အတွက်ကလည်း ကွက်တိပဲပေါ့။

AQBar_Indoor

AQ Bar & Bistro ဆိုင်လေးကို အားလုံးခြုံပြီးပြောရမယ်ဆိုရင်တော့ ဆိုင်နေရာအပြင်အဆင်က သီးသီးသန့်သန့်နဲ့ လွတ်လပ်ပေါ့ပါးမှု အပြည့်ရှိတယ်။ ချစ်သူလေးနဲ့ ဒိတ်မလား ၊ ဘော်ဒါတွေနဲ့ပဲ Chill Out လုပ်မလားအဆင်ပြေတယ်။ အစားအသောက်ပိုင်းမှာဆိုရင် ထိထိမိမိ အရသာ ရွေးစရာ Menu တွေ အတော်စုံတယ်။ အဖိုးတန် ရှားပါး အရက်တွေနဲ့ Special Menu တွေရနိုင်တာက ဒီဆိုင်လေးရဲ့ ထူးခြားချက်လို့ ပြောလို့ရတယ်။ အပတ်စဉ် Music Band တွေရဲ့ ဖျော်ဖြေမှုတွေ နားဆင်ရင်း အေးဆေး Relax လုပ်လို့ရတယ်။ Payment အတွက်လည်း Cash အပြင် K Pay နဲ့ရှင်းလို့ ရအောင် စီစဉ်ပေးထားတယ်။ ဖော်ရွေတဲ့ ဝန်ထမ်းတွေရဲ့ ဝန်ဆောင်မှုပိုင်းကလည်း လုံးဝ Perfect ပဲ။ ဆိုင်တည်နေရာက ဗိုလ်ချုပ်လမ်း ၊ လမ်း ၅၀ မှတ်တိုင်အနီး ၊ ပုဇွန်တောင်မြို့နယ်ထဲမှာဆိုတော့ သွားရေးလာရေးအတွက်လည်း တော်တော်လေး အဆင်ပြေတယ်။ ကဲဒါဆို ညနေခင်းတွေမှာ ဘော်ဒါတွေနဲ့ဖြစ်ဖြစ် ၊ ချစ်သူလေးဖြစ်ဖြစ် အရသာရှိတဲ့ အစားအသောက်တွေမြည်းစမ်းရင်း ဆေးဆေး Chill ချင်တယ်ဆိုရင်တော့ AQ Bar & Bistro ဆိုင်လေးကို တစ်ခေါက်လောက် သွားရောက်ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်ခင်ဗျာ။