ဘားသွားရတာ၊ ပါတီပွဲတက်ရတာတွေသည် ပျော်ရွှင်စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ Social Activity တွေပဲဖြစ်ပါတယ်။ သို့သော် ကွီးတို့အနေနဲ့ လူကြီးလူကောင်း ဆန်ဆန် ဘားသွား၊ ပါတီပွဲ တက်တတ်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ ဒါမှသာ ကွီးတို့သည် လူအများအလယ်မှာ အထာကျကျနဲ့ လန်းနေတဲ့ ဆော်ကြည်ဘဲတစ်ယောက်ဖြစ်နေမှာပါ။

ကွီးတို့ကို လူကြီးလူကောင်း ဆန်ဆန် ပါတီပွဲ တက်နိုင်အောင် ကူညီပေးမယ့် နည်းလမ်းကောင်းအချို့လည်း ရှိပါတယ်။ ထိုနည်းလမ်းကောင်းများကို ဖတ်ရှုရင်း နောက်တစ်ခါ ပါတီပွဲတက်ဖြစ်တဲ့အခါ လက်တွေ့အသုံးချနိုင်ပါတယ်။

ကိုယ့်အထာနဲ့ ကိုယ်နေပါ

လူကြီးလူကောင်း ပါတီပွဲ

ကွီးတို့က ကောင်မလေး တစ်ယောက်ကို သဘောကျလို့ ပြုံးပြလိုက်တယ်ဆိုပါစို့။ သူ့ဘက်က ခပ်ချေချေပုံစံပဲ ပြန်လည်ပြုမူတယ်ဆိုရင် ကိုယ့်ဘက်ကလည်း ဒီအတိုင်းပဲ ခေါက်ထားလိုက်ပါ။ သူက Dance Floor မှာ ကခုန်နေတိုင်း ကွီးတို့က ဝင်ရောမယ်ဆိုရင် ဘယ်လိုလူပါလိမ့် ဆိုပြီး အထင်သေးတဲ့အကြည့်နဲ့ ပြန်အကြည့်ခံရပါလိမ့်မယ်။ ဒါ့ကြောင့် ကိုယ့်အထာနဲ့သာ ကိုယ်နေလိုက်ပါ။

ပြည့်လျှံနေတဲ့ ကော့တေးဖန်ခွက်နဲ့ Dance Floor ဆီသွားကာ ကခုန်မနေပါနဲ့

လူကြီးလူကောင်း ပါတီပွဲ

ဘီယာပုလင်းတွေကတော့ ဘီယာပုလင်းလေး ကိုင်လိုက် ကခုန်လိုက်နဲ့ လုပ်နိုင်ပေမယ့် ကော့တေးဖန်ခွက်တွေကတော့ အဆင်မပြေပါဘူး။ ကွီးတို့ ကော့တေးဖန်ခွက် ကိုင်လျက်သားနဲ့ ကခုန်မယ်ဆိုရင် ကော့တေးတွေ ကြမ်းပြင်ပေါ်သို့ ဖိတ်သွားပြီး အခြားသူတစ်ယောက်ယောက်က မတော်တဆ ချော်လဲသွားနိုင်ပါတယ်။ ဒါ့ကြောင့် ကော့တေးကို အရင်ကုန်အောင် သောက်ပါ။ ပြီးမှ ပျော်ပျော်ပါးပါး ကခုန်လိုက်ပါ။

ကွီးတို့ရဲ့သူငယ်ချင်းတွေနဲ့ မီးရထားတွဲကြီးလို မနေပါနဲ့

လူကြီးလူကောင်း ပါတီပွဲ

အရွယ်ရောက်လို့ ဘားသွား၊ ပါတီတက်နေကြတာပဲမဟုတ်လား။ သူငယ်ချင်းတွေနဲ့ တွဲလက်မဖြုတ်နိုငဘဲ မီးရထားတွဲကြီးလို လျှောက်သွားမနေပါနဲ့။ အခြားသူတွေလည်း သွားလာရတာ အဆင်မပြေဖြစ်နိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ပျောက်သွားရင်လည်း ဘာအရေးလဲ။ နောက်ဘော်ဒါအသစ် ထပ်ဖွဲ့လိုက်ရုံပါပဲ။ ပြန်ခါနီးကျမှ ကွီးတို့ရဲ့သူငယ်ချင်းတွေကို ဖုန်းဆက်ခေါ်လိုက်ရုံပဲပေါ့။ ဒီအချက်သည် ကွီးတို့ကို လူကြီးလူကောင်း ဆန်ဆန် ပါတီပွဲ တက်တတ်အောင် ကူညီပေးပါလိမ့်မယ်။

အဆက်မပြတ် ဓာတ်ပုံရိုက်ခြင်းတို့ကို ရှောင်ကြဉ်ပါ

လူကြီးလူကောင်း ပါတီပွဲ

ပါတီပွဲများ၊ ကလပ်များသည် များသောအားဖြင့် ရောင်စုံမီးများဖြင့် တလက်လက် ထွန်းညှိထားကာ အမှောင်ချထားတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ ကွီးတို့က ဖုန်းနဲ့ တဖြတ်ဖြတ် ဓာတ်ပုံရိုက်ခြင်းသည်လည်း Flashlight ဖွင့်မှ ကောင်းကောင်းရိုက်လို့ရမှာမဟုတ်လား။ ထို Flashlight သည်လည်း အခြားသော ပါတီပွဲတက်သူများအား အနှောင့်အယှက်ဖြစ်စေပါတယ်။

ဘားကောင်တာမှာပဲ ထိုင်မနေပါနဲ့

ဘားကောင်တာမှာပဲ ထိုင်မနေပါနဲ့

Photo: London

အခြားသော သူများသည်လည်း ကော့တေးများ၊ ဝိုင်များ မှာယူဖို့အတွက် စောင့်ဆိုင်းနေကြတာမျိုး၊ သင့်အနေနဲ့ တန်းစီနေကြတာမျိုး ရှိနိုင်ပါတယ်။ ဒါ့ကြောင့် ဘားကောင်တာမှာပဲ တွယ်ကပ်ပြီး ထိုင်နေတာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ် မှာထားတဲ့ ကော့တေး ရပြီဆိုရင် အခြားသူများ မှာဖို့အတွက်လည်း နေရာဖယ်ပေးလိုက်ပါ။

ဖက်ရှင်ကျကျ ဝတ်စားသွားပါ

ဖက်ရှင်ကျကျ ဝတ်စားသွားပါ

မှောင်မဲနေတာပဲလေ ငါ့ကို ဘယ်သူမှ မြင်မှာမဟုတ်ပါဘူးဆိုပြီး မထင်လိုက်ပါနဲ့။ ကွီးတို့ ဝတ်ဆင်တဲ့ ဝတ်စားဆင်ယင်ပုံသည် ကွီးတို့ရဲကအကျင့်စရိုက်ကို လှစ်ဟဖော်ပြနေတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဖက်ရှင်ကျကျ ဝတ်စားသွားလာတတ်ဖို့လည်း မမေ့ပါနဲ့။

ဒီအချက်လေးတွေကို သိထားမယ်ဆိုရင်တော့ ကွီးတို့လည်း နောက်တစ်ခါကျရင် လူကြီးလူကောင်း ဆန်ဆန်နဲ့ ပါတီပွဲ တက်လို့ရပြီပေါ့။

Source: Mensxp

Featured Image: Paisawapas