တစ်ပတ်တာ ပြီးဆုံးလို့ ပိတ်ရက်ကိုရောက်လာခဲ့ ပြန်ပါပြီ။ တစ်ပတ်တာ ပင်ပန်းနွမ်းနယ်မှုတွေကို ဘော်ဒါတွေနဲ့ဆုံပြီး ဘီယာလေး သောက်ရင်း ဖြေဖျော်ချင်တဲ့ ကွီးတို့ရှိပါသလား။ ဒါမှမဟုတ် အေးအေးဆေးဆေးပဲ တစ်ယောက်တည်း ဘီယာလေးနဲ့ တွေးရင်း၊ ငေးရင်း ထိုင်ဖို့ ထိုင်လို့ကောင်းတဲ့ ဘား လေး‌တွေ ရှာနေပါသလား။ ဒီတစ်ခါမှာတော့ ဘီယာချစ်သူ ကွီးတို့ ဒီတစ်ပတ်ပိတ်ရက်မှာ ထိုင်ဖို့အတွက် ရန်ကုန်မြို့မှ ထိုင်လို့ကောင်းတဲ့ ဘား နဲ့ စားသောက်ဆိုင်များ ကိုဝေမျှပေးချင်ပါတယ်။

Beer Match BBQ & Restaurant

ဘီယာချစ်သူ ဘား

Photo : Beer Match Facebook Page

ပထမဆုံးဖော်ပြချင်တဲ့ ဘီယာချစ်သူ ကွီးတို့အတွက် ထိုင်လို့ကောင်းတဲ့ ဘား နဲ့ စားသောက်ဆိုင်များ ထဲက တစ်ခုကတော့ Beer Match ဆိုတဲ့ ဆိုင်လေးပဲဖြစ်ပါတယ်။ Beer Match ဆိုင်လေးဟာ ကျယ်ဝန်းတဲ့ဆိုင် နေရာကြောင့် ဘော်ဒါတွေနဲ့ ဘီယာသောက်ရင်း စကားပြောရင်း အချိန်ကုန်ဆုံးလို့ရပါတယ်။ ဒါ့အပြင် စွဲမက်ဖွယ်ကောင်းတဲ့ ဟင်းပွဲမျိုးစုံကိုလည်း မြည်းစမ်းလို့ ရပါသေးတယ်။ ဆိုင်အပေါ်ထပ်မှာလည်း အေးဆေးထိုင်လို့ရတော့ တစ်ယောက်တည်းထိုင်ထိုင်၊ ဘော်ဒါတွေနဲ့ထိုင်ထိုင် အဆင်ပြေတာပေါ့။ ဒီဆိုင်လေးရဲ့ လိပ်စာကတော့ ဘုရင့်နောင်လမ်း (၃၂) ရပ်ကွက် (ကပရထိပ်)၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။

အမြည်း – Amyee Beer Pub

ဘီယာချစ်သူ ဘား

Photo : အမြည်း – Amyee Beer Pub Facebook Page

ကွီးတို့ကို နောက်ထပ်ဖော်ပြပေးချင်တဲ့ ထိုင်လို့ကောင်းတဲ့ ဆိုင်လေးကတော့ အမြည်း – Amyee Beer Pub ဆိုတဲ့ ဆိုင်လေးပဲ ဖြစ်ပါတယ်။ ဒီဆိုင်လေးမှာ အဖျော်ယမကာမျိူးစုံနဲ့ အရသာရှိလှတဲ့ စားစရာတွေကို မြည်းစမ်းလို့ရပါတယ်။ ဒါ့အပြင် Unplugged တေးဂီတ အစီအစဉ်တွေကိုလည်း နေ့ရက်အလိုက် ထည့်သွင်းထားတာကြောင့် ဘီယာလေးသောက်ရင်း တေးဂီတတွေနဲ့ Chill ချင်တဲ့ ကွီးတို့အတွက်တော့ တကယ်ကို အဆင်ပြေစေပါတယ်။ လိပ်စာကတော့ အမှတ် (၆) ၊ ၁၄ ရပ်ကွက်၊ သံသုမာလမ်းပေါ်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။

The Beer Bar

bar

Photo : The Beer Bar Facebook Page

နောက်ထပ်ဖော်ပြချင်တဲ့ ဘား လေးကတော့ ဘီယာချစ်သူ ကွီးတို့တင်မဟုတ်ဘဲ ကွီးတို့အကုန်လုံး သဘောကျမဲ့ The Beer Bar အလန်းစား ဘား လေးပဲဖြစ်ပါတယ်။ ဒီဘားလေးရဲ့ ထူးခြားချက်ကတော့ တေးဂီတကို ချစ်မြတ်နိုးတဲ့ ကွီးတို့အကြိုက်တွေ့စေမဲ့ ဆိုင်အပြင်အဆင်နဲ့ တေးသီချင်း အမျိုးအစားမျိုးစုံကို တကယ့် Show ကြည့်ရသလို ခံစားချက်မျိုး ရစေတဲ့ Entertainment အစီအစဉ်တွေ ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် အရသာထူးကဲတဲ့ အစားအသောက်တွေနဲ့ အဖျော်ယမကာများကိုလည်း သုံးဆောင်လို့ ရပါသေးတယ်။ လိပ်စာကတော့ အမှတ် (၃၀)၊ စက်မှု (၄) လမ်း၊ တောင်ဥက္ကလာပစက်မှုဇုန်၊ တောင်ဥက္ကလာ (၈) ရပ်ကွက်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။

ကွီးတို့ကို အခုဖော်ပြပေးလိုက်တာကတော့ ဒီတစ်ပတ်ပိတ်ရက်မှာ အနားယူရင်း Chill ဖို့ ထိုင်လို့ကောင်းတဲ့ ဘားနဲ့ စားသောက်ဆိုင်များပဲ ဖြစ်ပါတယ်။

Featured Photo : The Beer Bar Facebook Page