ကဲ……..ကွီးတို့ရေ တစ်ပတ်တာရဲ့နောက်ဆုံးပိတ် သောကြာနေ့ကို ရောက်လာပြန်ပြီနော်။ သောကြာနေ့ ညနေဆို ဘော်ဒါတွေဆုံပြီး ပျော်ပျော်ပါးပါး စကားပြောကြ၊ သောက်ကြ၊ စားကြရင်းနဲ့ တစ်ပတ်တာ အမောတွေကို ဖြေဖျောက်ရင်း အချိန်ကုန်ဆုံးကြပါတယ်။ ဒီနေ့မှာတော့ ကွီးတို့အတွက် TGIF ရင်း ဘော်ဒါတွေနဲ့တူတူ Chill ဖို့ အမိုက်စား ဘား လေးတွေ ကိုဖော်ပြပေးသွားပါမယ်။
Rooftop99 Bar and Lounge

Photo : Rooftop99 Bar and Lounge Facebook Page
အခုပထမဆုံးဖော်ပြပေးချင်တဲ့ အမိုက်စား ဘားလေးကတော့ Rooftop99 Bar and Lounge ဆိုတဲ့ ဘားလေးပဲ ဖြစ်ပါတယ်။ ဒီဘားလေးရဲ့ အနေအထားကတော့ ကျယ်ဝန်းပြီး Rooftop ဖြစ်တဲ့အတွက် လွတ်လပ်ပြီး သဘာဝလေပြေညှင်းလေးတွေကိုပါ ခံစားနိုင်မဲ့ ဘားလေးပါ။ ကွီးတို့ဘော်ဒါတွေနဲ့ အတူ အေးအေးဆေးဆေး ဘီယာလေးသောက်ရင်း Chill ချင်တယ်ဆိုရင်တော့ ရွေးချယ်သင့်တဲ့ ဘားလေးပါပဲ။
ဒါ့အပြင် အစားအသောက်ပိုင်းမှာလည်း ဘီယာနဲ့လိုက်ဖက်တဲ့ အကင်စုံ၊ စားသောက်ဖွယ်ရာ Menu အစုံရှိတော့ တကယ်ကို အဆင်ပြေတာပေါ့။ ဒီဘားလေးရဲ့ လိပ်စာကတော့ အမှတ် (၉၉) ဦးရေခဲလမ်း၊ မရမ်းကုန်း (၂) ရပ်ကွက်၊ ကုလားကျောင်းမှတ်တိုင်နဲ့ ခဝဲခြံမှတ်တိုင်ကြား (အင်းစိန်လမ်းမှ ဝင်ပါ)၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။
360 Degree Bar Yangon

Photo : 360 Degree Bar Yangon Facebook Page
TGIF ရင်း ဘော်ဒါတွေနဲ့တူတူ Chill ဖို့ နောက်ထပ်ဖော်ပြချင်တဲ့ ဘား လေးကတော့ 360 Degree Bar Yangon ရန်ကုန်ပဲ ဖြစ်ပါတယ်။ ဒီအမိုက်စားဘားလေးက Indoor ရော Rooftop ရောမှာပါထိုင်လို့ရပါတယ်။ ကွီးတို့အနေနဲ့ Rooftop မှာပဲ ဘဘာဝတရားနဲ့ လေပြေလေးတွေ ခံစားရင်းအေးဆေး ထိုင်မလား။ ဒါမှမဟုတ် Indoor မှာပဲ တေးဂီတလေးတွေ ခံစားရင်း ထိုင်မလားဆိုတာ ကွီးတို့စိတ်ကြိုက်ရွေးချယ်လိုက်ပါ။
ဒါ့အပြင် ကွီးတို့အကြိုက်တွေ့စေမဲ့ ကော့လ်တေးတွေ၊ ဝိုင်တွေ၊ ဘီယာစတဲ့ အဖျော်ယမကာ အမျိုးအစားစုံစုံလင်လင်နဲ့ အရသာရှိတဲ့ ဟင်းပွဲတွေကိုလည်း သုံးဆောင်လို့ရပါသေးတယ်။ ဒီဘားလေးရဲ့ လိပ်စာကတော့ ဂန္ဓမာလမ်း၊ ကမ္ဘာအေး၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။
DA DA Bar

Photo : DA DA Bar Facebook Page
ကွီးတို့ကိုဖော်ပြပေးချင်တဲ့ TGIF ရင်း အပေါင်းအသင်းတွေနဲ တူတူ Chill လို့ရမဲ့ အမိုက်စား ဘား လေးနောက်တစ်ခုကတော့ DA DA Bar ပဲ ဖြစ်ပါတယ်။ အပြင်အဆင် အမိုက်စားနဲ့ ဒီဘားလေးမှာ နေ့ရက်အလိုက် Live Music ကိုခံစားလို့ရတဲ့ အပြင် DJ ပါပါတော့ ဘော်ဒါတွေနဲ့ မြူးမြူးကြွကြွ Chill လို့ရတော့ တကယ်အဆင်ပြေတာပေါ့။
ဒါ့အပြင် ဒီအမိုက်စားဘားလေးမှာ အဖျော်ယမကာမျိုးစုံရှိတဲ့ အပြင် အရသာရှိတဲ့ ဟင်းပွဲ Menu တွေကလည်း မြည်းစမ်းကြည့်ချင်စရာကောင်းလောက်အောင် အမျိုးအစားစုံလင်ပါတယ်။ ဒီဘားလေးရဲ့ လိပ်စာကတော့ အမှတ် (၂၆)၊ ပဒုမ္မာကွင်း ၊ စမ်းချောင်းလမ်း Sanchaung Garden Condo ရှေ့ ၊ ပဒုမ္မာလမ်း နှင့် စမ်းချောင်းလမ်းထောင့် ၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။
Featured Photo : Rooftop99 Bar and Lounge
