လကုန်ရက် Super Sunday မှာ ဘော်ဒါ တွေနဲ့ အပြင်ထွက် သောက်မယ်စားမယ် တော်ကီပွားမယ်ဆိုတဲ့ ကွီးတို့အတွက် ရန်ကုန်မြို့ထဲက အမိုက်စား Bar လေးတွေကို မျှဝေပေးချင်ပါတယ်။ အေးအေးဆေးဆေး အထာကျကျ Chill လို့ရမယ့် Bar မိုက်မိုက်လေးတွေ ဖြစ်တာမို့ ကွီးတို့ Try ကြည့်လိုက်ပါဦးနော်။

(၁) The Evening

Photo : The Evening

ညနေခင်းတွေဟာ ဘီယာအေးအေးလေးတစ်ခွက်နဲ့မှ ပြည့်စုံတာဆိုတဲ့ ကွီးတို့အတွက်ကတော့ ဒဂုံမြို့သစ်တောင်ပိုင်းမှာ အသစ်ဖွင့်ထားတဲ့ The Evening Bar လေး ရှိပါတယ်။ ဒီဆိုင်လေးက ကျယ်ကျယ်ဝန်းဝန်းနဲ့ သက်တောင့်သက်သာ Chill ချင်တဲ့သူတွေ လုံးဝအကြိုက်တွေ့စေမှာပါ။ ဆိုင်အပြင်အဆင်က လူငယ်ဆန်ဆန်နဲ့ အထာကျကျပဲ။ လွတ်လပ်ပေါ့ပါးမှုအပြည့်ရှိတယ် ၊ သက်တောင့်သက်သာနဲ့ အေးအေး ဆေးဆေး Chill လို့ရတယ်။ ပြောရရင် လူငယ်တွေရော လူလတ်ပိုင်းကွီးတို့အတွက်ပါ ခံစားမှုအသစ်လေးတွေ ပေးနိုင်မယ့် ပတ်ဝန်းကျင်အသစ်လေးတစ်ခုပါ။ အစားအသောက်တွေ စုံတယ် ၊ ဘီယာ ၊ ဝီစကီ ၊ ကော့လ်တေးတွေနဲ့ တွဲစားလို့ကောင်းတဲ့ အမြည်းဟင်းပွဲတွေ ရွေးချယ်စရာအစုံရတယ်။

ဒီဆိုင်မှာ ထူးခြားချက်တစ်ခုက သောက်စရာ Drinks တွေ တော်တော်ကြီးကို စုံတာပဲ။ အခုလို Liquor တွေ ဈေးတက်နေချိန်မှာ ရှားပါး ဝီစကီ Brand အစုံကို ပတ်ချိန်နဲ့ သောက်လို့ရတော့ တော်တော်လေး မိုက်တယ်။ လာထိုင်ပြီးရင် နောင်တမရမယ့် ဆိုင်တွေထဲမှာ The Evening လည်းပါတယ်လို့ ပြောလို့ရတယ်။ ညနေခင်းတွေမှာ ဘော်ဒါတွေနဲ့ ဖြစ်ဖြစ် ၊ ချစ်သူလေးနဲ့ ဖြစ်ဖြစ် အေးအေးဆေးဆေး Chill ချင်ရင်တော့ The Evening ကို သွားကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်။ ဆိုင်ဖွင့်ချိန်က နေ့လည် ၁၁ နာရီကနေ ည ၉ နာရီအထိ ဖြစ်ပါတယ်။ ဆိုင်လိပ်စာကတော့ အမှတ် ၈၆ ၊ စည်ပင်လမ်းမကြီး ၊ ၂၄ ရပ်ကွက် ၊ ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၂) Overtime Bar & B.B.Q

Photo : Overtime Bar & B.B.Q

မြို့ထဲဘက် နီးနီးနားနား မင်္ဂလာတောင်ညွန့် တကြောက ဘော်ဒါ တို့အတွက် ဆိုင်အသစ်လေးတစ်ဆိုင်နဲ့ မိတ်ဆက်ပေးပါမယ်။ ဒီဆိုင်လေးကတော့ Overtime Bar & B.B.Q လို့ခေါ်ပါတယ် ။ သောက်တာကလွဲပြီး OT မဆင်းချင်တဲ့ ကွီးတို့အတွက် Overtime Bar & B.B.Q ဆိုင်လေးက လုံးဝအကြိုက်တွေ့စေမှာ သေချာပါတယ်။ Bar ရဲ့ အပြင်အဆင် Decoration လေးတွေကလည်း ကျယ်ကျယ်ဝန်းဝန်းနဲ့ တော်တော်လေး ဆန်းတယ်။ နေရာသစ်တစ်ခုကို ရောက်သွားသလို Vibe မျိုးလေးရတယ်။ အစားအသောက်တွေလည်း ရွေးချယ်စရာတော်တော်စုံတယ်။ အကင်တွေမိုက်တယ်။ အပတ်စဉ် Unplugged Music အစီအစဉ်လေးတွေလည်း ရှိတော့ ရေမီးအစုံပဲ။ ဆိုင်က နေ့လည် ၂ နာရီကနေ ည ၁၁ နာရီအထိ ဖွင့်တယ်။ ဆိုင်လိပ်စာလေးကတော့ အမှတ် ၃၃၇ ၊ အထက်ပုဇွန်တောင်လမ်း ၊ မင်္ဂလာတောင်ညွန့်မြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၃) Shaki House – ရှက်ကီအိမ်

Photo : Shaki House – ရှက်ကီအိမ်

ဒီဆိုင်လေးက ပါရမီလမ်းပေါ်မှာ အသစ်ဖွင့်ထားတဲ့ Shaki House – ရှက်ကီအိမ် ဆိုတဲ့ Bar အလန်းစားလေးပါ။ နေရာထိုင်ခင်း ကျယ်ကျယ်ဝန်းဝန်းရှိသလို မီးရောင်စုံအပြင်အဆင်တွေနဲ့ တော်တော်လေး အထာကျတဲ့ ဆိုင်လေးပါ။ ဘော်ဒါ တွေနဲ့ သီးသီးသန့်သန့် ထိုင်ချင်တာဖြစ်ဖြစ် မွေးနေ့ပါတီလုပ်ချင်တာဖြစ်ဖြစ် အဆင်ပြေတဲ့ Private Room အမိုက်လေးတွေလည်း ရှိသေးတယ်။ အစားအသောက်ပိုင်းမှာလည်း တော်တော်လေး ရွေးချယ်စရာစုံတယ်။ အမြည်းတွေ မိုက်တယ်။ အကင်တွေ ၊ စီချွမ်စတိုင်ဟင်းပွဲတွေ ၊ ချဉ်ငံစပ်အရသာ အသုပ်ဟင်းလျာတွေ ၊ ကြွပ်ကြွပ်ရွရွ မြည်းစရာ အကြော်ဟင်းလျာတွေအပြင် တခြား ဆိုင်ရဲ့ နာမည်ကြီး Signature Menu တွေ အစုံရတယ်။ ကော့လ်တေးတွေလည်း တော်တော်လေး လန်းတယ်။

ဘီယာ ၊ ဝီစကီ သောက်စရာ Drinks တွေလည်း အစုံရတယ်။ သောကြာနဲ့ စနေနေ့ တွေမှာဆိုရင် Unplugged အစီအစဉ်လေးတွေရှိတော့ သီချင်းကြိုက်တဲ့ ကွီးတို့အတွက် ကွက်တိပါပဲ။ အပေါ်ထပ် ၊ အောက်ထပ် ထိုင်စရာ နေရာလေးတွေ ၊ အစားအသောက်ကောင်းတွေနဲ့ အေးအေးဆေးဆေး Chill ချင်တဲ့ ကွီးတို့ကတော့ ဒီဆိုင်လေးကို ရောက်ဖြစ်အောင်သွားကြည့်သင့်ပါတယ်။ အသောက်တလိုင်း ကွီးတို့အတွက် ဆိုင်ရဲ့ ဆောင်ပုဒ်လေးအတိုင်း ဘာကြောင့်သောက်သောက် Shaki House ကိုသာ လာခဲ့လိုက်ပါနော်။ ဆိုင်ဖွင့်ချိန်က နေ့လည် ၂ နာရီကနေ ည ၁၀ နာရီခွဲအထိပါ။ ဆိုင်လိပ်စာကတော့ အမှတ် ၃၄ ၊ ပါရမီလမ်း ၊ ရန်ကင်းမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

Featured Photo : Shaki House – ရှက်ကီအိမ်