ဒီတစ်ခေါက်တော့ မြောက်ဥက္ကလာ အနီးတဝိုက်က ဘော်ဒါတို့အတွက် အလှည့်ကျပါပြီ။ လကုန်ရက်လေးမှာ ဘော်ဒါတွေနဲ့ အေးအေးဆေးဆေး ဆိုင်ထိုင်ရင်း Chill ဖို့ စဉ်းစားနေတဲ့ ကွီးတို့အတွက် မြောက်ဥက္ကလာ နားက အမိုက်စား Bar လေးတွေကို ညွှန်းပေးလိုက်ပါတယ်နော်။

(၁) Doubleshots Bar & Grill

Photo : Doubleshots Bar & Grill

မြောက်ဥက္ကလာသားမှန်ရင် ရောက်ဖူးရမယ့် ဆိုင်လေးတစ်ဆိုင် ညွှန်းပေးပါမယ်။ ဒီဆိုင်လေးကတော့ Doubleshots Bar & Grill လို့ ခေါ်ပါတယ်။ မြောက်ဥက္ကလာအနီးတဝိုက်မှာ ထိုင်လို့ကောင်းတဲ့ Bar လို့ပြောရင် ဒီဆိုင်လေးက ထိပ်ဆုံးကပါပါတယ်။ အပေါ်ထပ် ၊ အောက်ထပ် ဆိုင်နေရာ ကျယ်ကျယ်ဝန်းဝန်းနဲ့ အေးအေးဆေးဆေး ရှိတဲ့အပြင် မွေးနေ့ပါတီပွဲလေး ကျင်းပမလား ၊ ချစ်သူလေးနဲ့ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပွဲလေးပဲ လုပ်မလား အဆင်ပြေပါတယ်။

အရသာရှိတဲ့ အစားအသောက် Menu တွေ စုံလင်တဲ့အပြင် ဈေးလည်း တော်တော်လေးသင့်တင့်တဲ့ အထဲမှာပါပါတယ်။ အပတ်စဉ် Unplugged Music ဖျော်ဖြေမှု အစီအစဉ်လေးတွေလည်း ရှိပါသေးတယ်။ ဘော်ဒါတွေနဲ့ဆိုင်ထိုင်ဖို့ ရွေးရခက်နေတာပဲ ဖြစ်ဖြစ် ၊ ချစ်သူလေးနဲ့ပဲ ပေါ့ပေါ့ပါးပါး ဒိတ်ချင်တာပဲ ဖြစ်ဖြစ် Doubleshots Bar & Grill ဆိုင်လေးက လုံးဝ သွားသင့်တဲ့ ဆိုင်စာရင်းမှာ ပါပါတယ်။ ဆိုင်လိပ်စာကတော့ အမှတ် ၄၄၃ ၊ ခေမာသီလမ်းမ ၊ ကန်သာယာပန်းခြံအနီး ၊ စိန်ဂေဟာထွက်ပေါက် ၃ အရှေ့မျက်နှာချင်းဆိုင် ၊ မြောက်ဥက္ကလာပ မြို့နယ် ၊ ရန်ကုန်မြို့  ဖြစ်ပါတယ်။

(၂) RUM BAR

Photo : RUM BAR

Rooftop Bar ကြိုက်တဲ့ ကွီးတို့အတွက်ကတော့ သုဓမာလမ်းမပေါ် ၊ ဃဈေးအနီး ၊ ၈ လွှာမှာဖွင့်ထားတဲ့ RUM BAR လေး ရှိပါတယ်။ ညနေခင်းတွေမှာ လေတဖြူးဖြူးနဲ့ လွတ်လပ်မှုရဲ့အရသာကို အပြည့်အဝ ခံစားချင်ရင်တော့ ဒီဆိုင်လေးက လုံးဝကွက်တိကျစေမှာပါ။ ဆိုင်အပြင်အဆင် Decoration လေးကလည်း ဓာတ်ဖမ်းချင်စရာ အလွင့်လေးပါ။ ဒီဆိုင်မှာ အစားအသောက် Menu တွေလည်း တော်တော်ကြီးကို ရွေးချယ်စရာစုံတယ်။

BBQ အကင်တွေ ၊ ပေါ့ပေါ့ပါးပါး မြည်းလို့ရမယ့် Appetizers တွေ ၊ ရှုးရှုးရှဲရှဲ အသုပ်ဟင်းပွဲတွေနဲ့ အခြားအရသာရှိတဲ့ စားစရာတွေ တော်တော်များတယ်။ သောက်စရာထဲမှာဆိုလည်း ဘီယာ ၊ ဝီစကီနဲ့ အမိုက်စား ကော့လ်တေး Drinks တွေ အစုံပဲ။ သောကြာနေ့နဲ့ စနေနေ့တွေမှာ Unplugged Live Music ဖျော်ဖြေမှု အစီအစဉ်လေးတွေလည်းရှိတော့ သီချင်းလေးတွေနဲ့ Rooftop Bar လေးမှာ ငြိမ့်ငြိမ့်လေး လွင့်လို့ရတာပေါ့။ ဆိုင်လိပ်စာက သုဓမာလမ်းမကြီး ၊ နွယ်နီမှတ်တိုင်နဲ့ သန္တာမှတ်တိုင်ကြား ၊ သင်္ဂီလမ်းထိပ် ၊ ဃဈေးအနီး မြောက်ဥက္ကလာပ မြို့နယ် ၊ ရန်ကုန်မြို့  ဖြစ်ပါတယ်။

(၃) ZeZe BAR & BBQ


Photo : ZeZe BAR & BBQ

ရွှေပေါက်ကံဘက်က ကွီးတို့အတွက် Chill လို့ကောင်းတဲ့ ဆိုင်လေးရှာနေတယ်ဆိုရင် ZeZe BAR & BBQ လေးရှိပါတယ်။ ဒီဆိုင်လေးက လုံးဝ အေးအေးဆေးဆေးနဲ့ သက်တောင့်သက်သာရှိပြီး အစားအသောက်တွေလည်း တော်တော်လေး ဈေးတန်လို့ အကုန်အကျနည်းနည်းနဲ့ ပေါ့ပေါ့ပါးပါး ထိုင်ချင်တယ်ဆိုရင် ဒီဆိုင်လေးက ကွက်တိကျစေမှာ သေချာပါတယ်။ အစားအသောက် ကောင်းတွေ ရွေးချယ်စရာများတယ် ၊ သောက်စရာ Drinks တွေစုံတယ် ၊ အပတ်စဉ် Unplugged ဖျော်ဖြေမှု အစီအစဉ်လေးတွေလည်း ရှိတယ်။ တစ်နေရာတည်းမှာ ရေမီးစုံနဲ့ ပေါ့ပေါ့ပါးပါး Chill ချင်တယ်ဆိုရင် ZeZe BAR & BBQ Bar လေးကို တစ်ခေါက်လောက် သွားကြည့်ဖို့ ညွှန်းပေးချင်ပါတယ်။ ဆိုင်လိပ်စာကတော့ (1) B ၊ ဘိုတေဇလမ်း ၊ ၂၀ ရပ်ကွက် ၊ ရွှေပေါက်ကံ ၊ မြောက်ဥက္ကလာပ မြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

Featured Photo : RUM BAR