ပါတီဆိုတာ နေရာထိုင်ခင်း ကျယ်ကျယ်ဝန်းဝန်း ၊ လူတွေအများကြီးနဲ့ ကျင်းပမှ ပျော်စရာကောင်းတာ မဟုတ်ပါဘူး။ နေရာ ခပ်ကျဉ်းကျဉ်းမှာပဲ ချစ်ခင်ရသူ အနည်းအကျဉ်းနဲ့ ပါတီပွဲလေးကို မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပလို့ရပါတယ်။ ဒီတစ်ခေါက်တော့ နေရာ ခပ်ကျဉ်းကျဉ်းမှာ အမိုက်စားပါတီပွဲလေး တစ်ခုကျင်းပနိုင်ဖို့ အကြံဉာဏ်ကောင်းအချို့ကို မျှဝေပေးချင်ပါတယ်။

(၁) တီထွင်ဖန်တီးမှုရှိပါစေ

Photo : HGTV

နောက်ဖေး မီးဖိုချောင်ကလည်း ကွီးတို့ရဲ့ ပါတီပွဲလေး ကျင်းပလို့ရမယ့် နေရာတစ်ခု ဖြစ်နိုင်ပါတယ်။ အဓိကအားဖြင့် Creative ဖြစ်ဖြစ် ပြင်ဆင်တက်ဖို့ပဲ လိုပါတယ်။ ပါတီအငွေ့အသက် ခံစားရစေဖို့ ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာ ထိုင်လို့ရမယ့် အခင်းတွေ ၊ ခေါင်းအုံးလေးတွေကို နေရာချထားပါ။ Decoration အပြင်အဆင်က ရိုးရိုးရှင်းရှင်းနဲ့ သန့်ရှင်းသပ်ရပ်မှုကို ဦးစားပေး ပြင်ဆင်သင့်ပါတယ်။

(၂) အစားအသောက်အတွက် စားပွဲတစ်လုံး သီးသန့်ထားပါ

Photo : Feed My Friends

ပါတီမှာ ဧည့်ခံမယ့် သောက်စရာ Drinks တွေ ၊ အစားအသောက်တွေကို တည်ခင်းဖို့အတွက် စားပွဲတစ်လုံး လိုပါတယ်။ အစားအသောက်တွေအားလုံးကို တစ်နေရာတည်းမှာ တစ်စုတစ်စည်းတည်း ပြင်ဆင်ထားတာက နေရာအရမ်းမယူပဲ သီးသီးသန့်သန့်‌လေး ဖြစ်နေစေမှာ ဖြစ်ပါတယ်။

(၃) Neon မီးလေးတွေနဲ့ အလှဆင်ပါ

Photo : Hidden City Secrets

နေရာ ခပ်ကျဉ်းကျဉ်းလေးမှာပဲ ကမ္ဘာသစ်တစ်ခုဆီရောက်သွားသလို ခံစားရချင်တယ်ဆိုရင်တော့ Neon မီးလေးတွေနဲ့ အလှဆင်လိုက်ပါ။ လူငယ်ဆန်ဆန်နဲ့ အထာကျတဲ့ အမိုက်စား ပါတီ ပွဲလေးတစ်ခု ဖြစ်မှာ အသေအချာပါပဲ။

(၄) တေးဂီတ သီချင်းလေးတွေ ခပ်တိုးတိုး ဖွင့်ထားပါ

Photo : WeddingWire

ကွီးတို့ရဲ့ အသေးစား ပါတီပွဲလေးမှာ မပါမဖြစ် ထည့်သွင်းရမယ့် အရာတစ်ခုကတော့ သီချင်းတွေပါပဲ။ ခေတ်ဟောင်း သီချင်းလေးတွေ ၊ လက်တလော ရေပန်းစားနေတဲ့ သီချင်းအသစ်လေးတွေကို ခပ်တိုးတိုးလေး ဖွင့်ထားပြီး အမိုက်စား လွင့်မြောလို့ရပါတယ်။ ဒါမှမဟုတ် ဂစ်တာတီးတာ ၊ ပီယာနိုတီးပြီး သီချင်းဆိုတာမျိုးလည်း လုပ်လို့ရပါတယ်။

Featured Photo : InsideHook