ပိတ်ရက်မှာ ဘော်ဒါတွေနဲ့ပဲ အေးဆေးထိုင်မလား၊ ခရစ္စမတ် ပိတ်ရက်လေးမှာ မိသားစုတွေ၊ ချစ်ခင်ရသူတွေနဲ့ ထိုင်လို့ ကောင်းတဲ့ ဘား တစ်ခုခုမှာ ပျော်ပျော်ပါးပါး စားသောက်ကြရင်း အတူတကွတွေ့ဆုံပြီး အမှတ်တရ အချိန်ကောင်းလေးတွေ ဖန်တီးချင်ပါသလား။ ဒီနေ့မှာတော့ ကွီးတို့အတွက် ထိုင်လို့ကောင်းတဲ့ အပြင် အဖျော်ယမကာများနဲ့ အရသာရှိတဲ့ ဟင်းပွဲ စုံစုံလင်လင် မြည်းစမ်းသုံးဆောင်နိုင်မဲ့ ဘား နဲ့ စားသောက်ဆိုင်များ ကို ဝေမျှပေးချင်ပါတယ်။
Classic Garden

Photo : Classic Garden
ဘော်ဒါတွေနဲ့ လွတ်လပ်မှုကို ခံစားရင်း အေးအေးဆေးဆေး ထိုင်ချင်တယ်ဆိုရင်တော့ Classic Garden ဆိုတဲ့ ဆိုင်လေးရှိပါတယ်။ ဒီဆိုင်လေးက ကျယ်ဝန်းတဲ့ အပြင် ဆိုင်ထဲမှာပဲ ထိုင်ချင်လဲရသလို ခြံထဲမှာပဲ ဘဘာဝလေနုအေးလေးတွေ ခံစားရင်းလည်း အေးဆေးထိုင်လို့ရပါတယ်။ မိသားစုနဲ့ပဲ ဖြစ်စေ၊ ဘော်ဒါတွ အုပ်စုလိုက်ဖြစ်စေ ထိုင်လို့ကောင်းတဲ့ ဆိုင်လေးပါ။
ဒီဆိုင်လေးမှာ ဘီယာ၊ အမိုက်စား ကော့လ်တေးတွေ၊ ဝီစကီစတဲ့ အဖျော်ယမကာ မျိုးစုံအပြင် ကော်ဖီနဲ့ ဖျော်ရည်မျိုးစုံလည်း ရတော့ အယ်လ်ကိုဟော သိပ်မသောက်ချင်တဲ့သူများအတွက်လည်း အဆင်ပြေတာပေါ့။ အစားအစာပိုင်းမှာဆိုရင်လည်း အရသာရှိတဲ့ ဟင်းပွဲ Menu တွေတော်တော်လေးကို စုံလင်ပါတယ်။ ဒီဆိုင်လေးရဲ့ လိပ်စာကတော့ အမှတ် (၇၉)၊ ဗဟို မိန်း လမ်း (အလုံလမ်းနဲ့ ရှင်စောပုဘုရားလမ်းကြား)၊ အလုံမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။
Gravity Restaurant and Bar

Photo : Gravity Restaurant and Bar
နောက်ထပ်ဖော်ပြပေးချင်တဲ့ အဖျော်ယမကာများနဲ့ အရသာရှိတဲ့ အစားအသောက်တွေပါ မြည်းစမ်းနိုင်မဲ့ ဘား နဲ့ စားသောက်ဆိုင်ကတော့ Gravity Restaurant and Bar ပဲဖြစ်ပါတယ်။ ဒီဆိုင်လေးကလည်း ထိုင်ချင်စဖွယ် အပြင်အဆင်နဲ့ ကျယ်ကျယ်ဝန်းဝန်းနဲ့ လွတ်လွတ်လပ်လပ်ရှိတဲ့ အေးအေးဆေးဆေး စားရင်းသောက်ရင်း Chill ချင်တဲ့ ကွီးတို့အတွက်တော့ အကြိုက်တွေ့စေမဲ့ ဆိုင်လေးပါပဲ။
ဒီဆိုင်လေးမှာ အမျိုးအစားစုံလင်တဲ့ အဖျော်ယမကာများနဲ့ လိုက်ဖက်တဲ့ အစားအစာတွေအပြင် အရသာရှိတဲ့ ဟင်းပွဲတွေကလည်း တော်တော်စုံလင်တာကြောင့် မြည်းစမ်းကြည့်ချင်စရာတွေ ချည်းပါပဲ။ ဒါ့အပြင် ရုံးကအပြန် တေးဂီတလေးနားဆင်ရင် အမောဖြေချင်တဲ့ ကွီးတို့အတွက် Unplugged အစီအစဉ်လေးတွေ ရှိပါတယ်။ ဒီဆိုင်လေးရဲ့ လိပ်စာကတော့ Star City Golf Link၊ သန်လျင်မြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။
World King Food & Drink

Photo : World King Food & Drink
ဒီ အမိုက်စားအပြင်အဆင်တွေနဲ့ နာမည်ကြီး တေးသံရှင်တွေရဲ့ သီဆိုဖျော်ဖြေမှုကို နားဆင်ခံစားချင်တယ်ဆိုရင်တော့ World King Food & Drink ဆိုတဲ့ ဆိုင်လေးရှိပါတယ်။ ဒီဆိုင်လေးကလည်း နေရာ အနေအထားက ကျယ်ဝန်းပြီး ထိုင်လို့ကောင်းတဲ့အပြင် ဆိုင်အပြင်အဆင်ကလည်း လူငယ်တွေအတွက် အကြိုက်တွေ့မှာပါ။
ဒီအမိုက်စား ဆိုင်လေးမှာ အဖျော်ယမကာများအပြင် အရသာထူးကဲတဲ့ အစားအစာတွေ၊ ဟင်းပွဲကိုလည်း မြည်းစမ်း သုံးဆောင်နိုင်ပါတယ်။ ဘီယာလေးသောက်ပြီး တေးဂီတသံစဉ်တွေကို နားဆင်ခံစားရင်း Chill ချင်တယ်ဆိုရင်တော့ ရွေးချယ်သင့်တဲ့ ဆိုင်လေးပါပဲ။ လိပ်စာကတော့ အမှတ်(၁၉)၊ ပေါ်ဆန်းမွှေးလမ်း၊ သုဝဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။
Featured Photo : World King Food & Drink
