အေအဆင့်ရှိတဲ့ နာမည်ကြီး ဗြိတိန်မင်းသား၊ မော်ဒယ်တွေကအစ ဘောလုံးသမားအလယ် အင်စတာဂရမ်မှာ ပုံတွေတင်လေ့ရှိတဲ့ ဆယ်လီတွေအဆုံး ဗြိတိန်အမျိုးသားများအားလုံးက အမြဲတမ်းဖက်ရှင်ကျလေ့ရှိပါတယ်။ စာဖတ်သူတို့အထဲမှာရော ဖက်ရှင်ပိုင်းမှာ ကိုယ်ကစံပြထား အားကျရတဲ့ ဗြိတိန်အနုပညာရှင်မင်းသားတွေက ဘယ်သူများဖြစ်မလဲ။
ဒီတစ်ခေါက်မှာတော့ ဖက်ရှင်ချစ်သူကွီးတို့အတွက် ဖက်ရှင်အကျဆုံး ဗြိတိန်အမျိုးသားတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ ကိုယ် သဘောကျနှစ်ခြိုက်တဲ့ အနုပညာရှင်များက အခုဖော်ပြတဲ့အထဲမှာ ပါနေမလားဆိုတာ အတူတူဆက်ကြည့်လိုက်ရအောင်။
Alex Turner
အဆိုတော်၊ တေးရေးဆရာ၊ တေးဂီတပညာရှင်နဲ့ ပရိုဂျူဆာတစ်ဦးဖြစ်သူAlex Turner ကတော့ စင်မြင့်ထက်မှာတင် ဖက်ရှင်ကျရုံမက ထသွားထလာဖက်ရှင်ကလည်း စတိုင်လ်ကျနေပါတယ်။
David Gandy
အောင်မြင်ကျော်ကြားတဲ့ မော်ဒယ်တစ်ယောက်ဖြစ်သူDavid Gandy ကတော့ ဖက်ရှင်ပိုင်းမှာ အမျိုးသားတိုင်း စံထားရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။
Eddie Redmayne
၁၉၈၈ ခုနှစ်ကတည်းက ဧည့်သည်သရုပ်ဆောင်အဖြစ် စတင်သရုပ်ဆောင်ခဲ့ရင်း အနုပညာလောကထဲဝင်ရောက်လာခဲ့တဲ့ မင်းသားချောEddie ကလည်း အမြဲတမ်းစတိုင်လ်ကျနေသူတစ်ဦးထဲမှာ ပါဝင်ပါတယ်။ Fantastic Beasts ၊ The Danish Girl ၊ The Theory Of Everything စတဲ့ဇာတ်ကားတွေနဲ့ နာမည်ကြီးတဲ့မင်းသားတစ်လက်ပဲဖြစ်ပါတယ်။
David Beckham
David Beckham ကိုတော့ မသိသူမရှိလောက်ပါဘူး။ သူက ဘောလုံးလောကမှာသာမက ဖက်ရှင်လောကမှာလည်း အောင်မြင်ကျော်ကြားတဲ့ ဗြိတိန်အမျိုးသားတစ်ဦးပဲဖြစ်ပါတယ်။
Harry Styles
ကမ္ဘာကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့Harry Styles ကတော့ ဆံပင်အတိုနဲ့ပဲဖြစ်ဖြစ်၊ ဆံပင်အရှည်နဲ့ပဲဖြစ်ဖြစ် ဘယ်လိုစတိုင်လ်မျိုးနဲ့မဆို လိုက်ဖက်တဲ့အမျိုးသားတစ်ယောက်ပဲဖြစ်ပါတယ်။
ခန့်ညားတဲ့ဖက်ရှင်စတိုင်လ်နဲ့သာ တွေ့ရလေ့ရှိတဲ့ မင်းသားချော James Norton
Zayn Malik
စတိုင်လ်ကျတဲ့အမျိုးသားတွေထဲမှာ One Direction အဖွဲ့ဝင်ဟောင်းZayn Malik ကို ချန်လှပ်ထားလို့ ရမယ်မထင်ပါဘူး။
Oliver Cheshire
အသက် (၁၅) နှစ်ကတည်းက မော်ဒယ်လောကထဲ ဝင်ရောက်လာပြီး ယခုချိန်ထိ အောင်မြင်နေတဲ့ မော်ဒယ် Oliver Cheshire ကလည်း ဖက်ရှင်လောကကို လွှမ်းမိုးထားဆဲပဲဖြစ်ပါတယ်။
Source: Fashionbeans.com