အရသာရှိတဲ့ အစားအသောက် ကောင်းတွေမှ ကြိုက်နှစ်သက်တဲ့ ကွီးပရိသတ်တွေအတွက် ရန်ကုန်မြို့တခွင်က ထိုင်လို့ ကောင်းတဲ့ Restaurants တွေ Bar တွေအကြောင်း စုစည်းတင်ဆက်ပေးနေတဲ့ “ရသာဆန်းထူး  ကွီး Review အစီအစဉ်” ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်။  ဒီရက်ထဲ မီးကမလာ နွေကပူနဲ့ စိတ်ညစ်ညူးစရာ နေ့ရက်တွေကို ဘီယာအေးအေးလေးတစ်ခွက်နဲ့ အကောင်းဆုံး Relax လုပ်နိုင်ဖို့ ဆိုင်ကောင်းကောင်းလေး တစ် ဆိုင်ကို  ညွှန်းပေးချင်ပါတယ်ဗျ။

Asahi1

ဒီဆိုင်လေးကတော့ မြောက်ဒဂုံထဲမှာ တော်တော်လေး နာမည်ကြီးတဲ့  Asahi 1 Beer Pub & BBQ ဆိုင်လေး ဖြစ်ပါတယ်။ ဆိုင်နေရာ ကျယ်ကျယ်ဝန်းဝန်းနဲ့ အေးအေးဆေးဆေး ထိုင်လို့ ကောင်းတဲ့အပြင် အရသာရှိတဲ့ အစားအသောက်တွေ တစ်နေရာတည်းမှာ စုံစုံလင်လင် ရနိုင်တာဆိုတော့ မိသားစုနဲ့ ဖြစ်ဖြစ် ၊ မဆုံတာကြာပြီ ဖြစ်တဲ့ ဘော်ဒါအပေါင်းအသင်းတွေနဲ့ပဲ ဖြစ်ဖြစ် တကယ်ကို လွတ်လွတ်လပ်လပ်နဲ့ အေးအေးဆေးဆေး Relax လုပ်လို့ ကောင်းတဲ့ ဆိုင်လေးပါ။

အရင်ဆုံး ဆိုင်အပြင်အဆင် ပုံစံလေးကို ပြောပြမယ်။ ဒီဆိုင်လေးမှာက ကျယ်ကျယ်ဝန်းဝန်းနဲ့ လွတ်လွတ်လပ် လပ် ထိုင်ရတာ ကြိုက်တဲ့သူတွေအတွက် Hall Room ရယ်၊ လေတဖြူးဖြူးနဲ့ အေးအေးဆေးဆေး အနားယူမယ် ဆိုသူတွေအတွက် Rooftop ရယ်နဲ့ မိသားစု စုံစုံညီညီ သုံးဆောင်ချင်တာ ဖြစ်ဖြစ် ၊ အရေးကြီးတဲ့ မိတ်ဆွေ တွေကို ဧည့်ခံချင်တာ ဖြစ်ဖြစ် သန့်ရှင်းသပ်ရပ်ပြီး သီးသီးသန့်သန့် ထိုင်လို့ရမယ့် Private Room တွေရယ် ဆိုပြီး နေရာ အမျိုးအစား ပုံစံအစုံလေး ပြင်ဆင်ပေးထားတယ်။

Asahi_VIP

Private Room ဆိုလို့လည်း ခပ်ကျဉ်းကျဉ်းတော့ မဟုတ်ဘူး။ ကျယ်ကျယ်ဝန်ဝန်းနဲ့ သက်တောင့်သက်သာရှိတဲ့ ၁၀ ယောက်ဆန့်တဲ့ အခန်းတွေနဲ့ အယောက် ၂၀ အထိဆန့်တဲ့ Vip Room တွေရယ်ဆိုပြီး စုစုပေါင်း  ၅ ခန်း ရှိ တာဆိုတော့ သူငယ်ချင်းတွေနဲ့ မွေးနေ့ပါတီပဲ လုပ်မလား ၊ အရေးကြီးတဲ့ မိတ်ဆွေတွေနဲ့ Meeting လုပ်မလား စိတ်ကြိုက်ရွေးလို့ရတယ်။

Asahi_Dishes

အစားအသောက်ပိုင်းမှာလည်း ရွေးချယ်စရာ Menu တွေက တော်တော်စုံတယ်။ BBQ အကင်တွေ အစုံရတယ် ၊ နောက်ပြီး ပင်လယ်စာ အထူး ဟင်းလျာတွေ ၊ ယိုးဒယားစတိုင် ဟင်းပွဲတွေ ၊ စီချွမ်အရသာ ၊ တရုတ် ၊ မလေးရှား ၊ European စတိုင် ဟင်းပွဲ တွေနဲ့ အကြော် ၊ အလှော် ၊ အထောင်း အရသာကောင်းတဲ့ စားစရာတွေ တော်တော်စုံ စုံကို ရတာဆိုတော့ အစားတလိုင်းလေးတွေအတွက်က လုံးဝအကြိုက်ပါပဲ။ဟင်းလျာမျိုးစုံထဲကမှ ဒီဆိုင်ကို ရောက်ရင်မဖြစ်မနေ မြည်းစမ်းကြည့်သင့်တဲ့ ရှယ် ကောင်းတဲ့ အထူးဟင်းပွဲတွေနဲ့ မိတ်ဆက်ပေးမယ်။ စားစရာဆို မာလာအနံ့လေးပါမှ ထုံထုံစပ်စပ်လေးမှဆိုသူ တွေအတွက် ဒီဆိုင်ရဲ့မာလာအရသာ ၊ တရုတ်ရိုးရာ စီချွမ်အရသာ ဟင်းပွဲတွေက တော်တော်လေး ခံတွင်းတွေ့  စေမှာ သေချာတယ်။

Asahi_sichuansteamedporkleg

ပထမဆုံး ပြောပြချင်တဲ့ ဟင်းပွဲက စီချွမ်ဝက်လက်ပေါင်း။ ဒီဟင်းပွဲက ဝက်တစ်ကောင်လုံးမှာ အဆီအသားမျှပြီး အနူးညံဆုံးနဲ့ စားလို့အကောင်းဆုံးဆိုတဲ့ ဝက်လက်အရင်းပိုင်းက အသားတုံးကြီးကို စီချွမ်ဆောစ့်နဲ့ သေချာလေး နှပ်ပြီး ပေါင်းပေးထားတယ်။ အသားတုံးကြီးရဲ့ အရွယ်အစားက အနည်းဆုံး လူသုံးလေးယောက်အဝဆွဲ လို့ရတဲ့ ဟဲဗီးဆိုဒ်ကြီးရယ်။ အသားတုံးကြီး ကြီးလို့ဝက်လက်ရဲ့ အတွင်းပိုင်းအထိ အရသာမဝင်ဘူးလို့တော့ မထင်လိုက်နဲ့။ တကယ်ကို နူညံ့အိစက်ပြီး ဝက်လက်ရဲ့အတွင်းပိုင်း အသားတွေအထိကို စီချွမ်အရသာ ထိထိမိမိ ၊ ချိုချိုစပ်စပ် လေးနဲ့ တကယ် စားကောင်းတယ်။

Asahi_sichuansteamedchicken

နောက်ဟင်းပွဲက စီချွမ်ဗမာကြက်ပေါင်းဆော့စ်။ အသားရဲ့အရသာ လေးလေးနက်နက်ရှိတဲ့ ဗမာကြက်ကိုမှ တရုတ်ရိုးရာစတိုင် စီချွမ်အရသာနဲ့ ပေါင်းစပ်ပြီး သေချာလေးပေါင်းထားတာဆိုတော့ ဟင်းပွဲရဲ့ ရနံ့ကတော်တော် ကြီးကို မွှေးပြီး ဆွဲဆောင်မှုရှိတယ်။ ဗမာကြက်ရဲ့အသားက လုံးဝမာမနေပဲ  တကယ်ကို နူးနူးအိအိလေးနဲ့ စီချွမ်စ တိုင်ရဲ့ ထုံစပ်ပူမွှေး အရသာနဲ့ ပေါင်းစပ်ထားမှုက တကယ်လျှာလည်စေတယ်။

Asahi_sichuanporkribs

နောက်ထပ် ဟင်းပွဲကြီး ကတော့ ရှယ်နံရိုးစီချွမ်ဟော့ပေါ့။ ဒီဟင်းပွဲရဲ့ ထူးခြားချက်က မီးဖိုလေးနဲ့ လုပ်ပေးထားတာဆိုတော့ ဟော့ပေါ့လို ဟင်ရည်း ကို ပူပူလေးသောက်လိုက် အရသာ ထုံထုံစပ်စပ်နဲ့ နူးအိပြီး အသားအပြည့်ပါတဲ့ ဝက်နံရိုး အသားလေး စားလိုက် ပေါ့။ နံရိုးအသားတုံးကြီးကလည်း တကယ့်ကို အကြီးကြီးတွေ။ လူလေးငါးယောက်လောက် အသာလေး အဝ ကြိတ်လို့ရတယ်။  နောက်ထပ် မာလာအရသာ တရုတ်ရိုးရာ စီချွမ်အရသာ ဟင်းပွဲတွေလည်း တော်တော်စုံစုံ ရသေးတယ်။

Asahi_lamb

ဒီဆိုင်မှာ နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ ဟင်းပွဲက သိုးသားဟင်း။ သိုးသားဆို တော်တော်များများက ညှီလို့ လက်ရှောင်ကြတယ်။ ဒီဆိုင်မှာက သိုးသားဟင်းလျာတွေ တော်တော်လေးနိုင်တယ်ပြောရမယ်။ လုံးဝညှီနံ့မရှိပဲ လတ်ဆတ်ပြီး နူးအိနေတဲ့ သိုးသားဟင်းပွဲတွေ တော်တော်လေး စားကောင်းပြီး ခံတွင်းတွေ့တယ်။

Asahi_Seafoodtray

ပင်လယ်စာထဲမှာဆိုရင်လည်း ပူပူစပ်စပ်နဲ့ ပွင့်ထွက်သွားစေမယ့် ပင်လယ်စာချဉ်စပ်ဗန်းတွေ ၊ ဘီယာနဲ့ လိုက် သလို ဝီစကီ လေးနဲ့လည်း မြည်းလို့ကောင်းတဲ့ ပုဇွန်ကင်တွေ ၊ ပုဇွန်စားချင်ပေမယ့် အခွံလည်းမခွာတက် အခွံခွာ ပေးမယ့် တစ်ယောက်သောသူကလည်း မရှိ ဆိုသူတွေအတွက် ပုဇွန်အသားချည်းသီးသန့်နွာပြီး ချက်ထားပေးတဲ့ ကျောက်ပုဇွန်အသားလုံးအစပ်ချက် ဟင်းပွဲတွေ၊ ၁၀၀ % ထက်ပိုတဲ့ အသားရဲ့နူးညံ့မှုနဲ့ အရိုးလုံးဝမပါတဲ့ လတ် လတ်ဆတ်ဆတ် Dory ငါးအစပ်ချက်ဟင်းပွဲ ၊

Asahi_Dori

အရသာစပ်စပ်လေးနဲ့ လျှာနှိုးပေးမယ့် လယ်ခရုရခိုင်ချက် ၊ ဆီနည်း နည်းနဲ့ အရသာ ဆန်းဆန်းလေး စားချင်သူတွေအတွက် ချဉ်ငံစပ် ဗမာကြက်ရေခူသုပ် ဟင်းပွဲတွေအပြင် BBQ အကင်တွေဆိုလည်း ကောင်တာလိုက်ကြီးနဲ့ကို ရွေးချယ်စရာ အမယ်စုံရှိတယ်။ နောက်ပြီး ဒီဆိုင်မှာ နိုင်ငံခြားက တင်သွင်းတဲ့ အသားဟင်းပွဲတွေ ၊ ယိုးဒယားစတိုင် ၊ တရုတ် ၊ မလေးရှား ၊ European စတိုင် ဟင်းပွဲတွေနဲ့ အကြော် ၊ အလှော် ၊ အထောင်း အရသာ ကောင်းတဲ့ စားစရာတွေ တော်တော်ကြီးကို စုံစုံလင်လင် ရတာဆိုတော့ အစားတ လိုင်းလေးတွေအတွက်က လုံးဝအကြိုက်ပါပဲ။

Asahi_Dishes

သောက်စရာတွေထဲမှာဆိုရင် ဘီယာ Brand တော်တော်စုံစုံရတယ် ၊ ဘီယာ (၁၀) ဂေါက် ၊ စည်ဘီယာနဲ့ တခြား နိုင်ငံခြားဖြစ် ၊ ပြည်တွင်းဖြစ် ဝီစကီတွေ အစုံရတယ်။  ဝိုင်ချစ်သူတွေအတွက်လည်း ဝိုင်တံဆိပ် အစုံရှိတယ်။ ပေါ့ပေါ့ပါးပါးလေး Chill ချင်သူတွေနဲ့ မိန်းကလေးတွေအတွက်လည်း အရသာမိမိုက်တဲ့ Cocktail တွေအစုံ  ရသေးတာဆိုတော့ အသောက်တလိုင်းဆိုသူတွေအတွက် ရှယ်သောက်ပလန်နဲ့ သောက်လို့ရတယ်။

Asahi_Drinks

နောက်ပြီး ဒီဆိုင်မှာက အပတ်စဉ် အင်္ဂါနေ့နဲ့  သောကြာနေ့တွေဆိုရင် Unplugged အစီအစဉ်တွေ ရှိသေးတယ်။  Projector ခပ်ကြီးကြီးနဲ့ ဘောလုံးပွဲ ပြသေးတာဆိုတော့ သီချင်းတွေနားထောင်ရင်း အပန်းဖြေမလား ၊ ဝါသနာတူ ဘော်ဒါတွေနဲ့ ပျော်ပျော်ပေါးပါး ဘောလုံးပွဲအားပေးမလား ကွီးတို့ စိတ်ကြိုက်ပါပဲ။

Asahi_Unplugged

ဒီဆိုင်လေးကို အားလုံးခြုံပြီး ပြောရမယ်ဆိုရင် ဆိုင်နေရာ ကျယ်ဝန်းတယ် ၊ သန့်ရှင်းသပ်ရပ်ပြီး လွတ်လွတ်လပ် လပ် အေးဆေးထိုင်လို့ ကောင်းတယ်။ Hall Room ၊ Rooftop နဲ့ Private Room ဆိုပြီး ပုံစံမျိုးစုံ စီစဉ်ပေးထား တော့ မိသားစုနဲ့ Lunch / Dinner  သုံးဆောင်မလား ၊ ဘော်ဒါတွေနဲ့ အေးအေးဆေးဆေး Chill မလား ၊ အရေးကြီး တဲ့ မိတ်ဆွေကို ဧည့်ခံမလား တစ်နေရာတည်းမှာ အားလုံးအဆင်ပြေတယ်။ နောက်ပြီး ဒီမှာက ကားပါကင်နေရာ လုံလုံလောက်လောက် ရှိတယ်ဆိုတော့ အေးဆေးပါပဲ။ အရသာရှိတဲ့ ဟင်းပွဲတွေ စားစရာတွေလည်း ရွေးချယ်စရာ မှ အများကြီး။  သောက်စရာထဲမှာဆိုလည်း ဘီယာတံဆိပ် အမယ်စုံရတယ် ၊ တခြား ဝိုင် နဲ့ နိုင်ငံခြားဖြစ် ပြည် တွင်းဖြစ် အရက်အစုံအပြင် Cocktail တွေ ပါရသေးတယ်။

Asahi_entertianment

ဘောလုံးပွဲ ကြည့်မလား Unplugged နားထောင်မလား အပန်းဖြေစရာတွေ စိတ်ကြိုက်ရွေးလို့ရတယ်။ Wi-Fi ပါ Free ပေးထားတာဆိုတော့ Data တွေဈေးကြီးနေတဲ့အချိန် သောက်ရင်းစားရင်း အွန်းလိုင်းလေး သုံးရင်း ကွက်တိ ပါပဲ။ အခုလို မီးတွေပျက် ရာသီဥတုကပူတဲ့ ကာလကြီးမှာ ဘီယာအေးအေးလေး တစ်ခွက်ရယ် ၊ အစားအသောက် ကောင်းတွေရယ်နဲ့ ကျယ်ကျယ်ဝန်းဝန်း အေးအေးဆေးဆေးရှိတဲ့ ဆိုင်လေးမှာ Relax လုပ်ချင်တယ် ဆိုရင်တော့ အမှတ် 1,2 / ဗိုလ်မှုး ဗထူးလမ်းနှင့် အနော်ရထာလမ်းထောင့် ,မြောက်ဒဂုံ မှာရှိတဲ့ Asahi 1 Beer Pub & BBQ ဆိုင်လေးကို သွားရောက် မြည်းစမ်းကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်ခင်ဗျာ။