ကွီးတို့ရေ…ကိုယ့်ရဲ့ ညီလေး ညီမလေးတွေဖြစ်ဖြစ်၊ သူငယ်ချင်းတွေဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ့်ရဲ့ချစ်သူလေးက ဘွဲ့ယူရတော့မှာလား။ ဒါဆိုရင် သူတို့ကို အမှတ်တရလက်ဆောင်အနေနဲ့ ဘာလေးပေးရင်ကောင်းမလဲဆိုတာရော စဉ်းစားပြီးပြီလား။

ဘာက ဘယ်လိုသင့်တော်မလဲဆိုပြီး အခုထိဦးနှောက်ခြောက်နေသေးရင်တော့ နေရာကောင်းကို ရောက်လာတာပါပဲ။ ကွီးတို့ကို အခုတစ်ခါဝေမျှပေးချင်တာကတော့ အပြင်တွေလည်း သီးသန့်သွားစရာမလိုဘဲ အားလုံးနဲ့အတူတူ ပျော်ပျော်ပါးပါး ကျင်းပနိုင်မယ့် အထူးသဖြင့် လက်ခံရရှိမယ့် ကာယကံရှင်ကိုယ်တိုင် ဘယ်တော့မှမမေ့နိုင်မယ့် ပါတီပွဲလေး စီစဉ်ပေးလိုက်ရအောင်လား။

ပိုက်ဆံဘယ်လောက်ကုန်တယ်ဆိုတာထက် ကိုယ်ကိုယ်တိုင် သေချာအချိန်ကုန်ခံ၊ အားစိုက်ထုတ်ပြီး ဖန်တီးပေးထားတဲ့ ပွဲလေးဖြစ်တာကြောင့် ဘယ်လက်ဆောင်တွေက ပိုသာနိုင်ဦးမှာလဲ။

ကဲ…ဒါဆိုရင် ပါတီပွဲလေးကျင်းပဖို့ ဘာတွေလိုမလဲဆိုတာ အခုပဲကြည့်လိုက်ရအောင်ပါ။

၁။ အကြံဥာဏ်စကားလုံးလေးတွေ

ပါတီပွဲဝင်ပေါက်လေးမှာ ချထားလိုက်ပြီး လာရောက်ကြတဲ့ ဧည့်သည်တစ်ဦးချင်းစီကို ဒီပွဲလေးရဲ့ ကာယကံရှင်အတွက် ဆုတောင်းစကားလေးတွေ၊ အကြံပေးချက်လေးတွေ ရေးသားထည့်သွင်းနိုင်အောင် စီစဉ်ထားပါ။ ပွဲပြီးသွားလို့ ပြန်ဖတ်တဲ့အခါ အလွန်စိတ်ကြည်နူးစရာကောင်းမှာပါ။

၂။ Graduation အောင်လံတံခွန်လေးတွေ

အခုလိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ အောင်လံတံခွန်ဒီဇိုင်းလေးတွေကို ဖန်တီးထားခြင်းက ငယ်စဉ်ကတည်းက တဖြည်းဖြည်းချင်းကြီးပြင်းလာတဲ့အမှတ်တရတွေကို စီတန်းပြီးတော့ ချိတ်ဆွဲပြသထားနိုင်မှာပါ။

၃။ Selfie ဆွဲနိုင်မယ့်နေရာလေးတွေ၊ ပစ္စည်းလေးတွေ

ပါတီပွဲလေးလုပ်ပြီဆိုရင်တော့ လာရောက်ကြမယ့် ဧည့်သည်တွေကတော့ အမှတ်တရအနေနဲ့ ဓာတ်ပုံလေးတွေရိုက်ချင်ကြမှာပါပဲ။ ဒါတွေကို ပြင်ဆင်သူဖြစ်တဲ့ ကိုယ်ကသေချာသိထားပြီးတော့ သူတို့လိုအပ်မယ့် ပစ္စည်းပစ္စယလေးတွေ ကြိုတင်စီစဉ်ထားလိုက်ပေါ့နော်။

၎။ အစားအသောက်တွေ

ဘယ်လိုပါတီမျိုးမှ အစားအသောက်တွေမပါပဲ မပြီးပြည့်စုံနိုင်ပါဘူးနော်။ ကိုယ်တွေက အမှတ်တရဖြစ်စေမယ့် ပါတီပွဲလေးကို စီစဉ်နေပြီဆိုရင်တော့ အစားအသောက်တွေကိုလည်း ဒီအတိုင်းရိုးရိုးကြီးတွေနဲ့ ပြီးသွားလို့မရပါဘူး။ ပုံမှာပြထားသလို ချစ်စရာကောင်းတဲ့ ဒီဇိုင်းလေးနဲ့ ကိတ်မုန့်လေးတွေ ကြိုမှာထားတာမျိုးဖြစ်ဖြစ် စီစဉ်ပါ။

၅။ အမှတ်တရဓာတ်ပုံတွေချိတ်ဆွဲထားတဲ့ ပူဖောင်းလေးတွေ

ပါတီပွဲလေးကို အလှဆင်ဖို့အတွက် ပူဖောင်းလေးတွေကိုလည်း ချန်ထားခဲ့လို့မရပါဘူးနော်။ ပိုပြီးတော့ ထူးခြားသွားစေဖို့အတွက် ဓာတ်ပုံလေးတွေချိတ်ဆွဲထားမယ်ဆိုရင်တော့ ဘာလိုဦးမှာလဲ။

Credit: stayglam.com

Photo Source: Pinterest