မန္တလာမြေမှ ကွီးတို့ရေ ညနေခင်းမှာ ဘော်ဒါတွေနဲ့ အေးဆေးထိုင်ပြီး Chill လို့လည်းရ၊ အရသာရှိတဲ့ အစားအသောက်တွေလည်း မြည်းစမ်းဖို့ အေးဆေးထိုင်မဲ့ ဘား နဲ့ စားသောက်ဆိုင်များ ကိုရှာနေပါသလား။ ဒါဆိုရင်တော့ ကွီးတို့အတွက် ထိုင်လို့ကောင်းမဲ့ ဘား နဲ့ စားသောက်ဆိုင်လေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။
Happy Garden Restaurant & BBQ

Photo : Happy Garden Restaurant & BBQ Facebook Page
မန္တလာမြေမှ ညိုကီတို့ အတွက် အေးဆေးထိုင်ပြီး Chill ပြီးထိုင်လို့ကောင်းတဲ့ ဘား နဲ စားသောက်ဆိုင်တွေထဲမှာ အရင်ဆုံးဖော်ပြချင်တဲ့ ဆိုင်လေးကတော့ Happy Garden Restaurant & BBQ ဆိုတဲ့ ဆိုင်လေးပဲ ဖြစ်ပါတယ်။ ဒီဆိုင်လေးရဲ့ ဆိုင်အပြင်အဆင်က တကယ်ကို ကျယ်ဝန်းပြီး သူ့ရဲ့နာမည်လေးအတိုင်း လှပတဲ့ ဥယျာဉ်လေးထဲ ရောက်သွားသလို ခံစားရမှာပါ။ ဒါ့အပြင် ကွီးတို့ အဖျော်ယမကာများကို သောက်ရင်း မြည်းစမ်းဖို့ အရသာထူးကဲလှတဲ့ BBQ တွေနဲ့ တခြားအမျိုးအစား စုံလင်လှတဲ့ ဟင်းပွဲ Menu တွေကလည်း ကွီးတို့ကို သုံးဆောင်ပြီးရင်း သုံးဆောင်ချင်အောင် ဆွဲဆောင်နေမှာပါ။
ဒီဆိုင်လေးရဲ့ လိပ်စာကတော့ ၆၃ လမ်း၊ ၃၈ လမ်း နဲ့ ၃၉ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့ပဲ ဖြစ်ပါတယ်။ နေ့လည် ၁ နာရီကနေ ည ၁၀ နာရီအထိ ဖွင့်ပါတယ်။
Connection Sky Bistro

Photo : Connection Sky Bistro Facebook Page
လေလေးတဖြူးဖြူးနဲ့ ထိုင်လို့ကောင်းတဲ့ Sky ဘားလေးကို ရှာနေတယ်ဆိုရင်တော့ Connection Sky Bistro ဆိုတဲ့ ဘားလေးရှိပါတယ်။ ဒီဘားလေးမှာ လေညှင်းလေးတွေ ခံစားရင်း Outdoor မှာပဲထိုင်မလား၊ ဒါမှမဟုတ် အေးအေးဆေးအောက်ထပ် အတွင်းပိုင်းမှာပဲ ထိုင်မလား ညိုကီတို့ စိတ်ကြိုက်ရွေးချယ်လိုက်ပါ။ ဒီဆိုင်မှာ ကော့လ်တေးတွေအပြင်၊ အဖျော်ယမကာများနဲ့ အရသာရှိတဲ့ အစားအသောက်များကိုပါ သုံးဆောင်နိုင်ပါသေးတယ်။ ဒါ့အပြင် တေးဂီတ ဖျော်ဖြေမှုတွေလည်း ထည့်သွင်းထားပါတယ်။
ဒီဘားလေးရဲ့ လိပ်စာကတော့ အမှတ် ၇၈ ၊ ၄၈ လမ်းနဲ့ ၁၁၀ အီး လမ်းထောင့်၊ ထွန်တုံးရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့ပဲ ဖြစ်ပါတယ်။
BlueMotion Bar & Restaurant

Photo : BlueMotion Bar & Restaurant Facebook Page
နောက်ထပ်ဖော်ပြချင်တဲ့ အေးဆေး Chill လို့ကောင်းမဲ့ ဘား နဲ့ စားသောက်ဆိုင်လေးကတော့ BlueMotion Bar & Restaurant ပဲဖြစ်ပါတယ်။ ဒီဆိုင်လေးမှာ ပင်လယ်စာ Menu တွေနဲ့ အရသာရှိလှတဲ့ ဟင်းပွဲများကိုလည်း တစ်နေရာတည်း ရရှိနိုင်ပါတယ်။ ကော့လ်တေးလေးတွေနဲ့ Chill ချင်တဲ့ ကွီးတို့အတွက်လည်း ဒီဆိုင်ရဲ့ Signature Cocktail တွေကို မြည်းစမ်းလို့ရပါသေးတယ်။ တခြားသော အဖျော်ယမကာတွေလည်း ရတဲ့အပြင် Unplugged တေးဂီတ တွေကိုလည်း နားဆင်နိုင်ပါတယ်။
ဒီဆိုင်လေးရဲ့ လိပ်စာကတော့ ၆၄ လမ်းနဲ့ သိပ္ပံလမ်းထောင့် မန္တလေးမြို့ပဲ ဖြစ်ပါတယ်။
Featured Photo : Connection Sky Bistro Facebook Page
