[Zawgyi]

Relationship တစ္ခုမွာ ျပႆနာေတြ အဆင္မေျပမႈဆိုတာေတာ့ရွိၾကစျမဲပါပဲ။ဒါေပမဲ့ တစ္ခ်ဳိ႕ေသာ စံုတြဲေတြမွာ ေန႔တိုင္းနီးပါးအဆင္မေျပမႈႀကံဳေတြ႕ေနရေပမဲ့လည္း ခ်စ္တဲ့စိတ္ သံေယာဇဥ္ႀကိဳးေတြနဲ႔ ခ်ည္ေႏွာင္ေနမိတာေၾကာင့္ တစ္ေန႔ ေတာ့ျပႆနာေတြေျပလည္သြားမွာပဲဆိုတဲ့စိတ္နဲ႔ အဆင္မေျပတဲ့ အခ်စ္ေရးမွာဆက္လက္နစ္မြန္းေနၾကပါတယ္။ဒီလိုအဆင္မေျပမႈေတြေန႔စဥ္ရက္ဆက္ႀကံဳေတြ႕ေနရတဲ့ အခ်စ္ေရးမွာ နစ္မြန္းေနျခင္းက ဘယ္လိုဆိုးက်ဳိးေတြရွိလဲဆိုတာ ေျပာျပေပးခ်င္ပါတယ္။

(၁) လွပတဲ့မနက္ခင္းေတြေပ်ာက္ဆံုးေနမယ္

Source : Gelbe Seiten

လူတိုင္းလူတိုင္း တစ္ေန႔တစ္ေန႔ရဲ႕အစ မနက္ခင္းကို ေကာင္းမြန္ျခင္းေတြနဲ႔သာႏိုးထခ်င္ၾကတာပါ။ဒါေပမဲ့ သင္ဟာအဆင္မေျပတဲ့အခ်စ္ေရးတစ္ခုပိုင္ဆိုင္ထားရၿပီဆိုရင္ေတာ့ မနက္ခင္းေတြဟာလည္းလွပႏိုင္ေတာ့မွာမဟုတ္ပါဘူး။ဒီေန႔မွာေရာဘယ္ လိုျပႆနာေတြနဲ႔ ရင္ဆိုင္ရအုန္းမွာလည္းဆိုတဲ့ ေၾကာက္စိတ္ ေတြကသင့္ရဲ႕စိတ္ကိုလြမ္းမိုးေနမွာျဖစ္ပါတယ္။မနက္ခင္းအိပ္ယာႏုိးတဲ့အခ်ိန္မွာစိတ္ညစ္ညူးစြာႏိုးထလာရရင္ေတာ့ အဲ့ဒီ တစ္ေန႔လံုးကအဆိုးေတြနဲ႔ ရင္ဆိုင္သြားရဖို႔ မ်ားပါတယ္။

(၂) ေန႔ရက္တိုင္းမေပ်ာ္မရႊင္ျဖစ္လာမယ္

Source : siliconvalleymarriagecounseling.com

ဘယ္သူပဲျဖစ္ျဖစ္ ကိုယ္႔ရဲ႕ တစ္ေန႔တာေပ်ာ္ရႊင္မႈေတြနဲ႔ သာျဖတ္သန္းခ်င္ၾကတာပါ။အကယ္၍မေပ်ာ္ရႊင္ရဘူးဆိုရင္ေတာ့ ျပႆနာေတြနဲ႔ေတာ့ မျဖတ္သန္းခ်င္ၾကပါဘူး။ဒါေပမဲ့ အဆင္မေျပတဲ့အခ်စ္ေရးတစ္ခုပိုင္ဆိုင္ထားရၿပီဆိုရင္ေတာ့ ေသခ်ာပါတယ္ ေန႔တိုင္းလိုလိုစိတ္ညစ္စရာေတြနဲ႔ စိတ္ဖိစီးမႈေတြက ကိုယ့္ကိုသတ္ေနမွာျဖစ္ပါတယ္။ထိုအခါေနထိုင္ရတဲ့ဘဝႀကီး ကလည္းအဓိပၸါယ္မဲ့လာမွာျဖစ္သလို ေပ်ာ္ရႊင္မႈဆိုတာလည္း တျဖည္းျဖည္းေပ်ာက္ဆံုးလာမွာျဖစ္ပါတယ္။

(၃) လုပ္ငန္းခြင္မွာပါသက္ေရာက္မႈေတြရွိလာမယ္

Source : collective-evolution.com

စာဖတ္သူသာရံုးဝန္ထမ္းတစ္ေယာက္ဆိုရင္ အဆင္မေျပတဲ့ အခ်စ္ေရးေၾကာင့္ ကိုယ့္ရဲ႕ အလုပ္ခြင္မွာပါသက္ေရာက္မႈေတြ ရွိလာမွာျဖစ္ပါတယ္။လူတစ္ေယာက္ရဲ႕ စိတ္ဟာအရမ္း Powerful ျဖစ္တယ္လို႔ဆိုႏိုင္ပါတယ္။တစ္ဘက္မွာစိတ္ခံမႈ မေကာင္းရင္အလုပ္မွာလည္းအာရံုစူးစိုက္ဖို႔ခက္ခဲပါလိမ့္မယ္။အခ်စ္ကအခ်စ္ အလုပ္ကအလုပ္ သက္သက္စီခြဲထားသင့္တယ္လို႔ေျပာၾကေပမယ့္ ေန႔ရက္တိုင္းႀကံဳေတြ႕ေနရတဲ့ျပႆနာေတြရဲ႕ဒဏ္ကိုဘယ္သူမွၾကာရွည္သည္းမခံႏိုင္ပါဘူး။ ဒါေၾကာင့္အလုပ္မွာပါထိခိုက္မႈေတြရွိလာၿပီး ေနာက္ဆံုးအလုပ္ျပဳတ္တဲ့အထိ ဆိုးရႊားသြားႏိုင္ပါတယ္။

(၄) တစ္ေယာက္နဲ႔ တစ္ေယာက္သတ္သလိုျဖစ္လာမယ္

Source : Higher Perspective

အဆင္မေျပမႈေတြရွိေပမယ့္ အခ်စ္ေရးကိုခ်က္ခ်င္းအဆံုးသတ္ဖို႔ခက္ခဲမယ္ဆိုတာနားလည္ပါတယ္။ဒါေပမဲ့ ဘယ္လိုမွ ေရွ႔ ဆက္လို႔ မျဖစ္တဲ့အခ်စ္ေရးမွာ ဆက္လက္ရွင္သန္ေနျခင္းဟာ တစ္ေယာက္ရဲ႕ လည္ပင္းကိုတစ္ေယာက္ကႀကိဳးကြင္းစြပ္ၿပီး အျပန္အလွန္ဆြဲေနတာနဲ႔တူပါတယ္။ကိုယ္ဘက္ပါလိုပါညားဆြဲေပမယ့္ တစ္ဖက္ကလွည္ပင္းအစ္တဲ့အခါ ျပန္ဆြဲမိတာေၾကာင့္ အျပန္အလွန္ဆြဲၾကရင္း အခ်ိန္ၾကာလာတဲ့အခါ တစ္ေယာက္နဲ႔တစ္ေယာက္သတ္သေနသလိုျဖစ္လာမွာျဖစ္ပါတယ္။ဒါေၾကာင့္လံုးဝေရွ႔ဆက္လို႔မျဖစ္ေတာ့ဘူးထင္ရင္အခ်ိန္မွီအဆံုးသတ္လိုက္ပါ။အသည္းကြဲတာအခ်ိန္းအတိုင္းအတာတစ္ခု အရခံစားရမွာျဖစ္ေပမယ့္ အဆင္မေျပလက္ကိုအတင္းဆုပ္ ကိုင္ထားျခင္းက ဆုပ္ကိုင္ေနစဥ္ကာလပတ္လံုးခံစားေနရမွာျဖစ္ပါတယ္။

[Unicode]

Relationship တစ်ခုမှာ ပြဿနာတွေ အဆင်မပြေမှုဆိုတာတော့ရှိကြစမြဲပါပဲ။ဒါပေမဲ့ တစ်ချို့သော စုံတွဲတွေမှာ နေ့တိုင်းနီးပါးအဆင်မပြေမှုကြုံတွေ့နေရပေမဲ့လည်း ချစ်တဲ့စိတ် သံယောဇဉ်ကြိုးတွေနဲ့ ချည်နှောင်နေမိတာကြောင့် တစ်နေ့ တော့ပြဿနာတွေပြေလည်သွားမှာပဲဆိုတဲ့စိတ်နဲ့ အဆင်မပြေတဲ့ အချစ်ရေးမှာဆက်လက်နစ်မွန်းနေကြပါတယ်။ဒီလိုအဆင်မပြေမှုတွေနေ့စဉ်ရက်ဆက်ကြုံတွေ့နေရတဲ့ အချစ်ရေးမှာ နစ်မွန်းနေခြင်းက ဘယ်လိုဆိုးကျိုးတွေရှိလဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) လှပတဲ့မနက်ခင်းတွေပျောက်ဆုံးနေမယ်

Source : Gelbe Seiten

လူတိုင်းလူတိုင်း တစ်နေ့တစ်နေ့ရဲ့အစ မနက်ခင်းကို ကောင်းမွန်ခြင်းတွေနဲ့သာနိုးထချင်ကြတာပါ။ဒါပေမဲ့ သင်ဟာအဆင်မပြေတဲ့အချစ်ရေးတစ်ခုပိုင်ဆိုင်ထားရပြီဆိုရင်တော့ မနက်ခင်းတွေဟာလည်းလှပနိုင်တော့မှာမဟုတ်ပါဘူး။ဒီနေ့မှာရောဘယ် လိုပြဿနာတွေနဲ့ ရင်ဆိုင်ရအုန်းမှာလည်းဆိုတဲ့ ကြောက်စိတ် တွေကသင့်ရဲ့စိတ်ကိုလွမ်းမိုးနေမှာဖြစ်ပါတယ်။မနက်ခင်းအိပ်ယာနိုးတဲ့အချိန်မှာစိတ်ညစ်ညူးစွာနိုးထလာရရင်တော့ အဲ့ဒီ တစ်နေ့လုံးကအဆိုးတွေနဲ့ ရင်ဆိုင်သွားရဖို့ များပါတယ်။

(၂) နေ့ရက်တိုင်းမပျော်မရွှင်ဖြစ်လာမယ်

Source : siliconvalleymarriagecounseling.com

ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ရဲ့ တစ်နေ့တာပျော်ရွှင်မှုတွေနဲ့ သာဖြတ်သန်းချင်ကြတာပါ။အကယ်၍မပျော်ရွှင်ရဘူးဆိုရင်တော့ ပြဿနာတွေနဲ့တော့ မဖြတ်သန်းချင်ကြပါဘူး။ဒါပေမဲ့ အဆင်မပြေတဲ့အချစ်ရေးတစ်ခုပိုင်ဆိုင်ထားရပြီဆိုရင်တော့ သေချာပါတယ် နေ့တိုင်းလိုလိုစိတ်ညစ်စရာတွေနဲ့ စိတ်ဖိစီးမှုတွေက ကိုယ့်ကိုသတ်နေမှာဖြစ်ပါတယ်။ထိုအခါနေထိုင်ရတဲ့ဘဝကြီး ကလည်းအဓိပ္ပါယ်မဲ့လာမှာဖြစ်သလို ပျော်ရွှင်မှုဆိုတာလည်း တဖြည်းဖြည်းပျောက်ဆုံးလာမှာဖြစ်ပါတယ်။

(၃) လုပ်ငန်းခွင်မှာပါသက်ရောက်မှုတွေရှိလာမယ်

Source : collective-evolution.com

စာဖတ်သူသာရုံးဝန်ထမ်းတစ်ယောက်ဆိုရင် အဆင်မပြေတဲ့ အချစ်ရေးကြောင့် ကိုယ့်ရဲ့ အလုပ်ခွင်မှာပါသက်ရောက်မှုတွေ ရှိလာမှာဖြစ်ပါတယ်။လူတစ်ယောက်ရဲ့ စိတ်ဟာအရမ်း Powerful ဖြစ်တယ်လို့ဆိုနိုင်ပါတယ်။တစ်ဘက်မှာစိတ်ခံမှု မကောင်းရင်အလုပ်မှာလည်းအာရုံစူးစိုက်ဖို့ခက်ခဲပါလိမ့်မယ်။အချစ်ကအချစ် အလုပ်ကအလုပ် သက်သက်စီခွဲထားသင့်တယ်လို့ပြောကြပေမယ့် နေ့ရက်တိုင်းကြုံတွေ့နေရတဲ့ပြဿနာတွေရဲ့ဒဏ်ကိုဘယ်သူမှကြာရှည်သည်းမခံနိုင်ပါဘူး။ ဒါကြောင့်အလုပ်မှာပါထိခိုက်မှုတွေရှိလာပြီး နောက်ဆုံးအလုပ်ပြုတ်တဲ့အထိ ဆိုးရွှားသွားနိုင်ပါတယ်။

(၄) တစ်ယောက်နဲ့ တစ်ယောက်သတ်သလိုဖြစ်လာမယ်

Source : Higher Perspective

အဆင်မပြေမှုတွေရှိပေမယ့် အချစ်ရေးကိုချက်ချင်းအဆုံးသတ်ဖို့ခက်ခဲမယ်ဆိုတာနားလည်ပါတယ်။ဒါပေမဲ့ ဘယ်လိုမှ ရှေ့ ဆက်လို့ မဖြစ်တဲ့အချစ်ရေးမှာ ဆက်လက်ရှင်သန်နေခြင်းဟာ တစ်ယောက်ရဲ့ လည်ပင်းကိုတစ်ယောက်ကကြိုးကွင်းစွပ်ပြီး အပြန်အလှန်ဆွဲနေတာနဲ့တူပါတယ်။ကိုယ်ဘက်ပါလိုပါညားဆွဲပေမယ့် တစ်ဖက်ကလှည်ပင်းအစ်တဲ့အခါ ပြန်ဆွဲမိတာကြောင့် အပြန်အလှန်ဆွဲကြရင်း အချိန်ကြာလာတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်သတ်သနေသလိုဖြစ်လာမှာဖြစ်ပါတယ်။ဒါကြောင့်လုံးဝရှေ့ဆက်လို့မဖြစ်တော့ဘူးထင်ရင်အချိန်မှီအဆုံးသတ်လိုက်ပါ။အသည်းကွဲတာအချိန်းအတိုင်းအတာတစ်ခု အရခံစားရမှာဖြစ်ပေမယ့် အဆင်မပြေလက်ကိုအတင်းဆုပ် ကိုင်ထားခြင်းက ဆုပ်ကိုင်နေစဉ်ကာလပတ်လုံးခံစားနေရမှာဖြစ်ပါတယ်။