ကွီးပရိတ်သတ်တို့ရေ…ပါတီလို့ဆိုရင် ပျော်ပွဲရွှင်ပွဲဆိုတာကို အားလုံးသိကြပါတယ်နော်။ ဒါပေမယ့် အချို့သူတွေကတော့ ပါတီဆိုတာ အပေါင်းအသင်းတွေနဲ့ပဲ လုပ်လို့ရတဲ့အရာလို့ထင်ကြပါတယ်။ ဒါဟာ တစ်ကယ်တော့ မှန်ကန်တဲ့အတွေးမဟုတ်ပါဘူး။

အရွယ်ရောက်ပြီးသားလူတွေမှမဟုတ်ဘဲ ကိုယ့်ရဲ့မိသားစုဝင်တွေလည်း အတူတူ ပျော်ပျော်ပါးပါး ဆင်နွှဲနိုင်တဲ့ ပါတီအမျိုးအစားတွေလည်း အများကြီးရှိပါတယ်။

တစ်ခါတစ်လေ အပြင်မသွားချင်တဲ့အခါ၊ ကိုယ့်ဘာသာအိမ်မှာပဲ သူငယ်ချင်းအပေါင်းအသင်းတွေရော၊ မိသားစုဝင်တွေနဲ့ပါ စည်းစည်းရုံးရုံးနဲ့ ပျော်ပျော်ပါးပါး စားသောက်ချင်သူများအတွက် အခုဖော်ပြပေးသွားမယ့် ပါတီပွဲလေးတွေကို အိမ်မှာဖန်တီးယူနိုင်ပါတယ်။

ဟောလိုးဝင်းပါတီ

Source: moephosis.com

ဟောလိုးဝင်းပါတီကတော့ ကလေးတွေရော၊ လူကြီးများပါ အားလုံးသဘောကျတဲ့ ပွဲလေးတစ်ခုပါ။ မျက်နှာပေါ်မှာ ဆေးရောင်စုံခြယ်ပြီး ကိုယ်ကြိုက်နှစ်သက်တဲ့ ဇာတ်ကောင်တစ်ခုခုပုံစံအတိုင်း ဝတ်ဆင်ကြတဲ့ ပွဲတစ်ခုဖြစ်ပါတယ်။

Easter ပါတီ

Source: Giggles Galore

မြန်မာနိုင်ငံမှာတော့ တွင်တွင်ကျယ်ကျယ် သိပ်ပြီးမကျင်းပဖြစ်သေးတဲ့ Easter ပါတီပွဲလေးကတော့ ကလေးတွေသာမဟုတ်ဘဲ လူကြီတွေပါ အတူပါဝင်ပြီးတော့ ဆေးရောင်ခြယ်ကြသလို အစားအသောက်တွေလည်း ပြင်ဆင်ကာစားသောက်ကြတဲ့ ပွဲလေးတစ်ခုပါ။

ခရစ္စမတ်ပါတီ

Source: parenting.firstcry.com

ခရစ္စမတ်ပါတီကတော့ ဗုဒ္ဓဘာသာဝင်များနဲ့ သိပ်ပြီးရင်းရင်းနှီးနှီးမရှိပေမယ့်လည်း ယခုအချိန်မှာတော့ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပလာကြပါပြီ။ တစ်ယောက်နဲ့လက်ဆောင်တွေလဲလှယ်ပြီး ချက်ပြုတ်ထားတဲ့အစားအစာတွေကို ပျော်ပျော်ပါးပါးနဲ့ စားသုံးကြတာဖြစ်ပါတယ်။

နှစ်သစ်ကူးအကြိုပါတီ

Source: Whats New Indonesia

နှစ်သစ်ကူးပါတီကတော့ မကြာခင်အချိန်ပိုင်းအတွင်းမှာ ကူးပြောင်းသွားတော့မယ့် နှစ်သစ်ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ အစားအသောက်တွေ၊ သောက်စရာဖျော်ရည်တွေစုံစုံလင်လင်နဲ့ အားလုံးစုဝေးပြီး သိုက်သိုက်ဝန်းဝန်းကျင်းပကြတဲ့ ပွဲတစ်ပွဲပဲဖြစ်ပါတယ်။

လူပျိုပါတီ

Source: cypresstxpartybus.com

လူပျိုပါတီကတော့ မကြာခင်မှာအိမ်ထောင်ပြုတော့မယ့် သူငယ်ချင်းအတွက် ရည်ရွယ်ပြီး ကျင်းပတဲ့ ပါတီတစ်ခုဖြစ်ကာ အမျိုးသားတွေချည်းပဲ တက်ရောက်ကြတာဖြစ်ပါတယ်။

ကော့တေးလ်ပါတီ

Source: digitavia.com

ဘီယာကတော့ အလွယ်တကူ ရှာသောက်ရတာ လွယ်ပေမယ့် ကော့တေးလ်ကတော့ သီးသန့်ဆိုင်ကောင်းကောင်းတစ်ခုကိုရောက်မှသာသောက်နိုင်တာပါ။ ဒါပေမယ့် ဒီလိုအရသာထူးကဲတဲ့ ကော့တေးလ်လုပ်နည်းတွေကို သေချာမှတ်သားပြီးတော့ အိမ်ကမိသားစုဝင်တွေရော၊ သူငယ်ချင်းတွေနဲ့ပါ အတူတူ ပြုလုပ်ပြီး သောက်သုံးလိုက်ပါ။

အသားကင်ပါတီ

Source: topline.ie

BBQ ပါတီကတော့ New Year ရက်မှမဟုတ်ဘဲ ကိုယ်အပါအဝင် သူငယ်ချင်းမိတ်ဆွေတွေရော၊ အိမ်ကမိသားစုဝင်တွေရော ရုံးပိတ်တဲ့အခါ တပျော်တပါး စားသောက်ရင်း စကားလက်ဆုံပြောဖို့အတွက် ပြုလုပ်နိုင်ပါတယ်။

အိမ်သစ်တက်ပွဲပါတီ

Source: millerandsmith.com

အိမ်သစ်တက်ပွဲကတော့ ကိုယ်နဲ့သိပ်မရင်းနှီးသေးတဲ့ အိမ်နီးနားချင်းတွေရော၊ အိမ်သစ်ကိုမရောက်ဖူးသေးတဲ့ သူငယ်ချင်းမိတ်ဆွေတွေကို အတူဖိတ်ခေါ်ပြီး ဧည့်ခံကျွေးမွေးတာပဲဖြစ်ပါတယ်။

ကာရာအိုကေပါတီ

Source: Mixcity Inc

ဒီပါတီအမျိုးအစားကတော့ ပုံမှန်အချိန်တွေမှာလည်း ကာရာအိုကေထည့်သွင်းပြီး သီချင်းတွေကို လွတ်လွတ်လပ်လပ်သီဆိုနိုင်တယ်ဆိုပေမယ့် တခါတလေမှာတော့ စိတ်ထွက်ပေါက်ရှာဖို့အတွက် သူငယ်ချင်းတွေ၊ မိသားစုဝင်တွေအားလုံးစုပြီး အားရပါးရ သီချင်းတွေသီဆိုကြနိုင်ပါတယ်။