မင်္ဂလာပါ ကွီးတို့ရေ။။ ဘော်ဒါတွေနဲ့အတူတူပဲ ဖြစ်ဖြစ်၊ တစ်ယောက်တည်းပဲ ဖြစ်ဖြစ် ဘားထိုင်ရင်း အချိန်ကုန်ဆုံး ချင်သူများအတွက် ဒီတစ်ခါမှာတော့ ရန်ကုန်မြို့ Downtown ဧရိယာထဲက ထိုင်လို့ကောင်းတဲ့ ဘား နှင့် စားသောက်ဆိုင်များဆီသို့ အလည်ခေါ်သွားချင်ပါတယ်။

Jazz Café & Bar

Jazz Café & Bar

ဒီဆိုင်လေးရဲ့ တည်နေရာကတော့ ရန်ကုန် ညဈေးအနီးတစ်ဝိုက်တွင် တည်ရှိတာပဲဖြစ်ပါတယ်။ ကမ်းနားလမ်းနှင့် မဟာဗန္ဓုလ ပန်းခြံထောင့်တွင် တည်ရှိပြီး မွန်းလွဲ ၂ နာရီကနေ ည ၁၀ နာရီအထိ ဖွင့်ပါတယ်။

ရန်ကုန်မြို့ရဲ့ Nightlife ကို ပျော်ပျော်ပါးပါးကြီး ကုန်ဆုံးချင်တယ်ဆိုရင်တော့ Downtown ဧရိယာထဲမှာ ဖွင့်လှစ်ထားတဲ့ Jazz Café & ဘား သို့ သွားရောက်သင့်ပါတယ်။ ကော့တေးမျိုးစုံကို မြည်းစမ်းသောက်သုံးနိုင်တဲ့အပြင် အရသာရှိတဲ့ အမြည်းမျိုးစုံကိုလည်း မြည်းစမ်းစားသုံးနိုင်ပါသေးတယ်။

BOT Rooftop Restaurant & Box Service

BOT Rooftop Restaurant & Box Service

အမှတ် (၁၅၃) ၊ ဗိုလ်တထောင်ဘုရားလမ်း၊ အလယ်ဘလောက်၊ မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းကြား၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့မှာ တည်ရှိပါတယ်။ လတ်တလောမှာလည်း ဘီယာချစ်သူများအတွက် ဘီယာပရိုမိုးရှင်းလေး ချပေးနေပါသေးတယ်။ ထို ပရိုမိုးရှင်းလေးကတော့ ကမ္ဘာ့ဖလားပွဲလည်းကြည့်ရင်း ဘီယာအေးအေးလေး သောက်ချင်သူများအတွက် အသင့်တော်ဆုံးပါပဲ။ ထိုပရိုမိုးရှင်းလေးကတော့ Buy 2 Get 1 ပရိုမိုးရှင်းဖြစ်ပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့အထိ ပြုလုပ်ပေးသွားမှာပဲ ဖြစ်ပါတယ်။

50th Street Restaurant & Bar

Downtown ဘား

ဒီဆိုင်လေးရဲ့ တည်နေရာကတော့ အမှတ် (၉/၁၃)၊ လမ်း ၅၀၊ ဗိုလ်တစ်ထောင်မြို့နယ်မျာ တည်ရှိပါတယ်။ ဒီဆိုင်လေးသည်လည်း ဘီယာ ချစ်သူများအတွက်ရော၊ ဘီယာသောက်ရင်း အမြည်း ကောင်းကောင်းလေးတွေ မြည်းစမ်းချင်သူတွေအတွက်ရော သင့်တော်ပါတယ်။ ဘီယာများ၊ ကော့တေးများကို အကင်နဲ့ပဲ မြည်းမြည်း၊ ကင်ချီ ထမင်းကြော်နဲ့ပဲ မြည်းမြည်း မိမိ စိတ်ကြိုက် မြည်းစမ်းစားသုံးနိုင်ပါတယ်။

V Hangout – 36th Street Branch

Downtown ဘား

ဘောလုံးချစ်သူတွေအတွက် V Hangout – 36th Street Branch ကလည်း ပရိုးမိုးရှင်းလေး ချပေးနေပါသေးတယ်။ လေးနှစ်မှာ ၁ ကြိမ်သာ ကျင်းပတဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲစဥ်တွေကို LED Screen အကြီးကြီးနဲ့ တိုက်ရိုက် Live ကြည့်ရင်း ဘီယာနှင့် အမြည်းများကို မြည်းစမ်းစားသုံးနိုင်ပါတယ်။ တစ်ဝိုင်းလျှင် တစ်ယောက် ကိုယ်တိုင် ဘောလုံးဝင်ကန်နိုင်မယ့် အစီအစဥ်လေးလည်း ပြုလုပ်ပေးထားပြီး တစ်ဂိုးဝင်ရင် ကော့တေးတစ်ခွက် လက်ဆောင်ရရှိမှာပဲ ဖြစ်ပါတယ်။

ဆိုင်ခွင့်တွေကတော့ ဗိုလ်တစ်ထောင် ကမ်းနားလမ်းမှာတစ်ဆိုင် ၊ ၃၆ လမ်းနှင့် မဟာဗန္ဓုလမ်း လမ်းထောင့်မှာ တစ်ဆိုင်၊ ဆိုင်နှစ်ဆိုင် ရှိတဲ့အနက် မိမိကြိုက်နှစ်သက်ရာ ဆိုင်တစ်ဆိုင်မှာ သွားရောက်အားပေးနိုင်ပါတယ်။

Featured Image: Jazzcafebaryangon