ပါတီပွဲကျင်းပတဲ့အခါ အရေးကြီးဆုံးအရာကတော့ Decoration အပြင်အဆင်ပဲဖြစ်ပါတယ်။ အစားအသောက်တစ်ခုတည်းကောင်းရုံနဲ့တင် ပါတီကောင်းတစ်ခုဖြစ်မသွားပါဘူး။ ဒါ့ကြောင့် သက်ဝင်လှုပ်ရှားပြီး ပါတီပွဲတက်မယ့် ဧည့်သည်တွေရဲ့ရင်ထဲမှာ အမှတ်တရအဖြစ်ထင်ကျန်ရစ်အောင် လှလှပပအလှဆင်နည်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

ရေခဲမုန့်ဗူဖောင်းနဲ့ အလှဆင်ခြင်း

အရင်ဆုံး ကတ္ထူစက္ကူကြီးကြီးတစ်ခုကို စက်ဝိုင်းပုံသဏ္ဍာန်ညှပ်ပြီး ကတော့ပုံသဏ္ဍာန်လိပ်ပေးလိုက်ပါ။ ပြီးရင် နှစ်ဖက်ကပ်တိပ်နဲ့ကပ်ပြီး ကြိုးနဲ့အောက်ဘက်မှာချည်ထားပါ။ ထို့နောက် ဗူဖောင်းကိုလေမှုတ်ပြီး စောစောကကြိုးနဲ့ချည်ပေးလိုက်ပါ။ ပြီးရင် ကတော့ခွက်လေးကို ဗူဖောင်းအောက်ခြေနားထည့်ပေးလိုက်ပါ။ ဒါဆိုရင်တော့ သင့်ရဲ့ပါတီပွဲလေးကို ရေခဲမုန့်ဗူဖောင်းလေးနဲ့ အလှဆင်လို့ရပါပြီ။

ရောင်စုံစက္ကူစတွေနဲ့ တွဲလောင်းချိတ်ပြီး အလှဆင်မယ်

လိုအပ်မယ့် ပစ္စည်းလေးတွေကတော့ ရောင်စုံစက္ကူစလေးများနဲ့ ကြိုးတစ်ချောင်းပဲဖြစ်ပါတယ်။ အရင်ဆုံးစက္ကူကို ထက်ခြမ်းခေါက်ထားပြီး ကတ်ကြေးနဲ့ အခုလိုပဲညှပ်ပေးလိုက်ပါ။ ပြီးရင် စက္ကူကို ဖြန့်လိုက်ပါ။ အလယ်က မညှပ်ဘဲထားထားတဲ့နေရာကို အခုလိုပဲလိမ်ပေးလိုက်ပါ။ ပြီးရင် ကွင်းပုံသဏ္ဍာန်ပြုလုပ်ပြီး ကြိုးကို ကွင်းလေးထဲထည့်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ရောင်စုံစက္ကူလေးတွေ တွဲလောင်းကျပြီးလှပတဲ့ ပါတီပွဲလေးတစ်ခုကို ဖန်တီးနိုင်ပါပြီ။

နောက်နည်းလမ်းတစ်မျိုးကတော့ ပန်းပွင့်ပုံစက္ကူစလေးတွေနဲ့ ပါတီပွဲကို အလှဆင်ခြင်းဖြစ်ပါတယ်။

ရောင်စုံစက္ကူစများကို စက်ဝိုင်းပုံသဏ္ဍာန်ညှပ်ပြီး အတွန့်လေးတွေပြုလုပ်ကာ နံရံပေါ်မှာ ကပ်ထားလိုက်မယ်ဆိုရင် အင်မတန်လှပသွားမှာပဲဖြစ်ပါတယ်။

အစားအသောက်ပြင်ဆင်တဲ့အခါ

အစားအသောက်အပြင်အဆင်ကလည်း ပါတီပွဲရဲ့အသက်တစ်ခုပဲဖြစ်ပါတယ်။ အစားအသောက်ပြင်ဆင်တဲ့အခါ စားပွဲပေါ်မှာ ဗန်းလိုက်ချထားတာထက် လှလှလေးပြင်ဆင်ခင်းကျင်းခြင်းက သင့်ရဲ့ပါတီကို အသက်ဝင်လာအောင် ကူညီပေးနိုင်ပါတယ်။

အအေးဘူးတွေနဲ့ ဘယ်လိုအလှဆင်မလဲ

အရင်ဆုံး ဇလုံကို ဆေးသုတ်ဖို့လိုပါမယ်။ ဒါမှအရောင်လှလှလေး ထွက်မှာကိုး။ ပြီးရင် အခုလိုပဲ အအေးဘူးလေးတွေထည့်ပြီး တိုင်နှစ်တိုင်စိုက်ထူထားကာ ဧည့်သည်စိတ်ကြိုက်သုံးဆောင်နိုင်အောင် ပြုလုပ်လို့ရပါတယ်။

ခြံဝန်းလေးကို မီးလုံးများနဲ့ အလှဆင်ပါ။

ညဘက်မှာ ပါတီပွဲကျင်းပမယ်ဆိုရင် ခေါင်းအရှုပ်ခံစဉ်းစားမနေပါနဲ့တော့။ မီးအိမ်လေးတွေသာ ချိတ်ဆွဲထားလိုက်ပါ။ သစ်ကိုင်းတွေ ခြံပုတ်ငယ်လေးတွေပေါ်မှာ မီးသီးသေးသေးလေးတွေ ချိတ်ဆွဲထားမယ်ဆိုရင် ဓာတ်ပုံရိုက်ချင်တဲ့ဧည့်သည်တွေ အကြိုက်တွေ့မှာ အမှန်ပါပဲ။

Source: Hgtv.com