EDM ဂီတ ပွဲတော်တွေကို အဖော်မပါဘဲနဲ့ တစ်ကိုယ်တည်း သွားခြင်းသည် ရူးမိုက်တဲ့အတွေးပဲလို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ တကယ်တော့ အဖော်မပါဘဲနဲ့လည်း တစ်ယောက်တည်း သွားကဲနိုင်ပါတယ်။ မတူညီတဲ့ စိတ်ခံစားချက်၊ အတွေ့အကြုံသစ်များကို ခံစားရစေမှာ မယုံမရှိပါနဲ့။

သင် တစ်ယောက်တည်းပဲဆိုတော့ အဖော်တွေနဲ့ ကွဲသွားမှာကိုလည်း ကြောက်စရာမလိုသလို သူငယ်ချင်းတွေကို ဦးစားပေးနေစရာမလိုဘဲ ကိုယ့်စိတ်ကြိုက် ပျော်ပျော်ပါးပါး လွတ်လွတ်လပ်လပ် သွားလာလို့ရပါတယ်။ ဘယ်သူ့ကိုမှလည်း စောင့်နေစရာမလိုဘဲ ကိုယ်တစ်ယောက် တည်း စိတ်လွတ်လက်လွတ် ပျောက်ပါးနိုင်ခြင်းကတော့ EDM ဂီတ ပွဲတော်ဆီသို့ တစ်ကိုယ်တည်း သွားကဲခြင်းရဲ့ အားသာချက်တွေပဲဖြစ်ပါတယ်။

တစ်ယောက်တည်း သွားကဲဖြစ်သွားပုံ

EDM ဂီတ တစ်ယောက်တည်း

Photo: Complex

သင့်ဘော်ဒါတွေက သင်နဲ့ မလိုက်ချင်တာပဲဖြစ်ဖြစ်၊ အလုပ်ကိစ္စနဲ့ မအားတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် လက်မှတ် ဝယ်လို့မရတော့တာမျိုး အစရှိတဲ့ အခြေအနေမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုမျိုး တစ်ယောက်တည်းဖြစ်သွားလို့လည်း စိတ်ပူမနေပါနဲ့။ သင့် တစ်ယောက်တည်းသာ လွတ်လွတ်လပ်လပ် သွားကဲလိုက်ပါ။ ဘဝကြီးရဲ့ အနှစ်သာရကို တဝကြီး ရယူပစ်လိုက်ပါ။

တစ်ယောက်တည်း သွားကဲတော့မယ်ဆိုရင် …

ဖက်ရှင်ကျကျ ဝတ်စားသွားပါ

EDM ဂီတ တစ်ယောက်တည်း

Photo: Shopd

မမျှော်လင့်ဘဲနဲ့ သင့်ကို ခရက်ရှ်သွားတဲ့ ကောင်မလေးနဲ့ တွေ့ပြီး ရည်းစားချောချောလေးတောင် ရသွားနိုင်ပါတယ်။ ဆော်ကြည်ဘဲပုံစံမျိုး ပေါက်ချင်တယ်ဆိုရင်တော့ ဖက်ရှင်ကို အမိုက်စားသာ ပြင်ဆင်သွားပါ။ သို့သော် EDM ဂီတ ပွဲနဲ့ လိုက်ဖက်မယ့် ဖက်ရှင်မျိုး၊ တစ်ယောက် တည်း လည်း ဆွဲဆောင်မှုရှိကြောင်း ပြသပေးမယ့် ဖက်ရှင်မျိုး ဖြစ်နေရပါမယ်။ အစည်းအဝေးသွားတက်မယ့် ဖက်ရှင်မျိုးဆိုရင်တော့ သင့်ကို လူထူးလူဆန်းတစ်ယောက်လို ဝိုင်းကြည့်နေကြမှာပါပဲ။ ဘယ်လိုဝတ်စားရမလဲမသိရင် ဖက်ရှင် Tips လေးတွေကို သေချာလေ့လာပြီး အချိန်ယူကာ ပြင်ဆင်သွားသင့်ပါတယ်။

ပျော်ပျော်ကြီးပဲ ဆက်ကဲပါ

EDM ဂီတ တစ်ယောက်တည်း

Photo: iStock

သင်သည် စိတ်ညစ်စရာများ၊ ပင်ပန်းစရာများ၊ စိတ်ဖိစီးစရာများကို ဖြေဖျောက်ဖို့ရန်အတွက် ဂီတပွဲတော်ဆီ ချီတက်တာမဟုတ်လား။ တစ် ယောက်တည်းဖြစ်သွားလို့ဆိုပြီး မှိုင်တွေတွေ မနေပါနဲ့။ အကောင်းမြင်စိတ်နဲ့ပဲ အဆုံးစွန်ထိ ပျော်ရွှင်ပစ်လိုက်ပါ။

လူသစ်များနှင့် တွေ့ဆုံပါ

EDM ဂီတ တစ်ယောက်တည်း

Photo: Edmidentity

မတူညီတဲ့ နေရာဒေသက မတူညီတဲ့ လူငယ်အသီးသီးမှာ တူညီတဲ့အရာတစ်ခုရှိပါတယ်။ ထိုအရာကတော့ EDM ဂီတ ကို နှစ်သက်မြတ်နိုးလို့ ထိုပွဲတော်ကို လာရောက်ကြတာမဟုတ်လား။ သင့်လိုပဲ စိတ်တူကိုယ်တူ လူငယ်တွေပဲဆိုတော့ မိတ်ဖြစ်ဆွေဖြစ် မိတ်ဖွဲ့လိုက်ပါ။ ဘာမှ တွေးကြောက်မနေပါနဲ့။ တစ်ရက်တာ ခင်မင်ခွင့်ရတဲ့ မိတ်ဆွေတွေ ရရှိခြင်းသည်လည်း ရေစက်ပါလို့ပဲ မဟုတ်လား။

သီချင်းသံတွေနဲ့အတူ လိုက်ပါစီးမြောပါ

music party

Photo: Traveltriangle

ကမ္ဘာအနှံ့က အမိုက်စား DJ များက လာရောက်ဖျော်ဖြေကြတဲ့ ဂီတပွဲတစ်ခုဖြစ်တဲ့အားလျော်စွာ သီချင်းများသည်လည်း အမိုက်စားပဲဖြစ်ပါတယ်။ ထိုသီချင်းသံစဉ်များနှင့်အတူ စီးမြောလိုက်ပါရင်း ဘဝအမောတွေကို ဖြေဖျောက်လိုက်ပါ။

သင့်ကိုယ်တွင်းက အိပ်ပျော်နေတဲ့ အကသမားကို လှုပ်နှိုးလိုက်ပါ

music party

Photo: Unsplash

သီချင်းသံနဲ့ အတူတူ လိုက်ပါစီးမြောဖို့ဆိုရင် သင့်ကိုယ်တွင်းက အိပ်ပျော်နေတဲ့ ကာလနဂါးကို လှုပ်နှိုးဖို့လိုပါလိမ့်မယ်။ တစ်ခါမှ အက မသင်ဖူးလည်း ကိုယ် တတ်သလောက် မှတ်သလောက်သာ အလိုက်သင့်လေး လိုက်ပါကခုန်ပစ်လိုက်ပါ။ ထိုဂီတပွဲတော်ဆီ လာရောက်ကြတဲ့ အခြားသောလူငယ်များသည်လည်း မကတတ်ကြပါဘူး။ ဒီလိုပဲ အလိုက်သင့်လေး ခန္ဓာကိုယ်ကို ယိမ်းနွဲ့ ကခုန်ကြတာဖြစ်ပါတယ်။ သင်လည်း ထိုနည်းအတိုင်း ကခုန်ပျော်ပါးပစ်လိုက်ပါ။

ပွဲတော်အချိန်ပြီးလို့ အိမ်ပြန်ရောက်တဲ့အခါ တစ်ကိုယ်လုံးက ရွှင်လန်းတက်ကြွသလို ခံစားနေရပါလိမ့်မယ်။ ထိုကဲ့သို့ လွတ်လပ်ပေါ့ပါးပြီး ပျော်ရွှင်မြူးတူးရတဲ့ ခံစားချက်ကို ကြိုက်လွန်းလို့ နောက်ထပ်ဂီတပွဲတော်တွေကျရင်လည်း တစ်ယောက်တည်း ထပ်သွားပါရစေဆိုပြီး ဖြစ်သွားပါလိမ့်မယ်။

Source: Edmfestivalinsider

Featured Image: Cuitandokter