အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ရန်ကုန်မြို့တခွင်က ထိုင်လို့ကောင်းတဲ့ Restaurants တွေ Bar တွေအကြောင်း စုစည်းတင်ဆက်ပေးနေတဲ့ “ရသာ ဆန်းထူး ကွီး Review”  အစီအစဉ်လေးကနေ ပြန်လည်ကြိုဆို လိုက်ပါတယ်။ ဒီတစ်ခေါက်တော့ မရမ်းကုန်းမြို့နယ်ထဲက Oasis Vibe လေး ခံစားရမယ့် ဆိုင်လေးတစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင် ပါတယ်။ဒီဆိုင်လေးက အင်းစိန်လမ်းမပေါ် ခဝဲခြံမှတ်တိုင်အနီးမှာရှိတဲ့ Exotic BBQ & Restaurant ဆိုင်လေးပါ။

Exotic BBQ & Restaurant

ဒီဆိုင် လေးရဲ့ ထူးခြားချက်က ဆိုင်ထဲဝင်လိုက်တာနဲ့ နေရာအသစ်တစ်ခုကို ရောက်သွားသလို Refreshing ဖြစ်စေတဲ့ ခံစားမှုလေး ရတယ်။တစ်ဆိုင်လုံးက စိမ်းစိမ်းစိုစို အပင်လေးတွေနဲ့ Decoration လုပ်ထားတာဆိုတော့ စိမ်းလန်း ပြီး စိတ်ထဲလန်းဆန်းအေးမြတဲ့ ခံစားချက်လေး ရတယ်။ အထူးသဖြင့် နွေအပူရှိန် တရိပ်ရိပ်မြင့်လာတဲ့ ဒီလိုကာ လမှာ အပူရှောင်လို့ ကောင်းတဲ့ နေရာလေးတစ်ခုလို့ ပြောရင် မမှားဘူး။

Exotic BBQ & Restaurant_Interior2

ဆိုင်အပြင်အဆင်ကတော့ ကျယ်ကျယ်ဝန်းဝန်းနဲ့  ခန့်ခန့်ထည်ထည် ရှိတယ်။

Exotic BBQ & Restaurant_Interior3

ကားပါကင်လည်းရှိတော့ တော် တော်လေး အဆင်ပြေတယ်။ ဆိုင်ရဲ့ အဝင်ဝက စပြီး အတွင်းပိုင်း အထိ စိမ်းစိမ်းစိုစို အပင်လေးတွေရယ် ၊ တစ် ဆိုင်လုံး လင်းလင်းထင်းထင်း ဝါကျင့်ကျင့် မီလေးတွေရယ် နဲ့ ထိုင်ချင်စဖွယ် Table ဝိုင်းလေးတွေရယ် အမိုက်စား ပြင်ဆင်ပေးထားတာဆိုတော့ ကျယ်ကျယ်ပြန့်ပြန့် အေးအေးဆေးဆေး နဲ့ သက်တောင့်သက်သာ Chill ချင်သူတွေ အတွက်တော့ ကွက်တိပဲ။

Exotic BBQ & Restaurant_Interior1

ဆိုင်အပြင်ဘက်မှာ လွတ်လွတ်လပ်လပ်၊လေတဖြူဖြူး နဲ့အေးအေးဆေးဆေးထိုင်ချင်တဲ့ ကွီးတို့အတွက်လည်း စားပွဲလေးတွေလည်း စီစဥ်ပေးထားပါတယ်။ဒီဆိုင်လေးမှာ ညနေခင်းအချိန်တွေက ထိုင်လို့ အကောင်းဆိုတော့ တချို့ရက်တွေ ဆို ဝိုင်းရဖို့တောင် သိပ်မလွယ်ဘူးရယ်။ ဖုန်းကြိုဆက်ပြီး ဟယ်လို လုပ်ထားရင်တော့ ပိုစိတ်ချရတာပေါ့နော်

Exotic_Outside

နောက်ပြီး ဒီမှာက အစားအသောက် တော်တော်လေးစုံပြီး အရသာကောင်းသလို ဈေးလည်းတော်တော်လေး သင့် တယ်။  ဘီယာ အေးအေးလေးနဲ့ အလိုက်ဖက်ဆုံး  မာလာအရသာ ကြွပ်ကြွပ်ရွရွ ငါးအရေခွံ‌‌ကြော် ၊ ကြွပ်မွ နူးအိ နေအောင် အဆင့်ဆင့်ကင်ထားတဲ့ ဝက်သုံးထပ်သားကင် ၊ ဝါးလိုက်ရင် ထုတ်ထုတ်‌ ထုတ်ထုတ်‌နဲ့ စီချွမ် အရသာ ဝက်သုံးထပ်သား ၊ ရှူးရှူးရှဲရှဲ ထိမိတဲ့အရသာနဲ့ လျှာနှိုးပေးမယ့် ငါးခေါင်းဟင်းချို ၊ ငရုပ်သီး ဂဏန်း ၊ ချိုချဉ်ငံစပ် အစပ်အဟပ်တည့်တဲ့ အထောင်းတွေ ၊ အရသာရှိတဲ့ ထိုင်း အစားအစာတွေ ၊ ဂဏန်း မဆာလာ ၊ တရုတ်ရိုးရာ စတိုင် တို့ဟူးအစပ်ချက် ၊ ပင်လယ်ရေညှိသုပ်နဲ့ ဆားဘဲဥ ဟင်းနုနွယ်လို ဆန်းဆန်းပြားပြား Appetizer ဟင်းပွဲ လေးတွေလည်း ရတယ်။ Sandwich ၊  Burger တို့လို အနောက်တိုင်း အစားအစာ တွေအပြင် BBQ အကင်တွေ လည်း စုံနေအောင်ရတယ်။

Exotic BBQ & Restaurant_Dishes

Exotic BBQ & Restaurant ရောက်ရင် မဖြစ်မနေ မြည်းစမ်းကြည့်သင့်တဲ့ Signature Menu တွေ လည်းရှိတယ်။ ပထမဆုံးတစ်ခုက အနောက်တိုင်းဆန်တဲ့ Platting ဆန်းဆန်းလေးနဲ့ Sausage Platter လို့ခေါ်တဲ့ ဟင်းပွဲ။ သူက Smoke လုပ် ထားတဲ့ Sausage ကို အ​နောက်တိုင်း ဟင်းခတ်အ​မွှေးကြိုင်တွေနဲ့ရောပြီး Grilled လုပ်ထားတာကိုမှ Home Made သခွားချဥ် ၊  မုန်လာဥချဥ်နဲ့ အီတလီဆလပ်ရွက်သုပ်​လေးနဲ့ တွဲစားရတဲ့ အရသာ ချို​မွှေး​ ဟင်းပွဲလေး။

Exotic BBQ & Restaurant_Sasuage Platter

နောက်တစ် ခုက ရှူးရှဲ ဝက်ဂုတ်သားကင်သုပ်။ ဒီဟင်းပွဲလေးကျတော့ ထိုင်း Taste ဘက်သွားတယ်။ ထိုင်းငွေ့အသက် အမွှေး အကြိုင်လေးတွေနဲ့ ရောစပ်ပြီး  ဆန်လှော်မှုန့်အနံ့ သင်းသင်းလေးမွှေးတဲ့ ချိုစပ်မွှေး ရှူးရှဲ ဝက်ဂုတ်သားကင်သုပ် ဟင်းပွဲ လေးပါ။

Exotic BBQ & Restaurant_GriledPorkNeckSalad

နောက်ထပ် Signature Menu တွေဖြစ်တဲ့ ချဉ်စပ်အရသာနဲ့ အအီပြေစေမယ့် ဝက်သားချဉ်သုပ် ၊

Exotic BBQ & Restaurant_Sour&SpicyPorkSalad

ပင်လယ်စာ ချစ်သူတွေအတွက် ရှူးရှဲပင်လယ်စာ ကိုင်းမြောင် ဟင်းပွဲတွေအပြင်

Exotic_SeaFood

နောက်ထပ်… နောက်ထပ်.. အရသာ ရှိတဲ့ စားစရာတွေ ၊ အမြည်းဟင်းလျာတွေလည်း Exotic BBQ & Restaurant မှ အစုံအလင်ရသေးတယ်ဗျ။

Exotic_PineappleFriedRice

သောက်စရာတွေထဲမှာတော့ ဘီယာ Brand အစုံ ၊ နိုင်ငံခြားဖြစ် ပြည်တွင်းဖြစ် ဝီစကီ Brand အစုံနဲ့ အရသာ ထူး ကဲတဲ့ အမိုက်စား Cocktail တွေ အများကြီး ရတယ်။ Cocktail တွေထဲမှာဆိုရင် Rum နဲ့ Vodka ကို Based လုပ် ထားပြီး စတော်ဘယ်ရီ အသီးအရသာစွက်တဲ့ ပြင်းရှချိုမွှေး Simply Irresistible Cocktail ၊

Exotic_Simply Irresistible Cocktail

နောက်တစ်ခုက အား လုံးနဲ့ ရင်းနှီးပြီးသားဖြစ်ပေမယ့် ဒီဆိုင်မှာတော့ တွေ့ဖူးနေကျ ပုံစံထဲက လုံးဝကွဲထွက်နေတဲ့ စတိုင်ဆန်းဆန်းလေးအပြင်  သောက်လိုက်တဲ့အခါ ကြက်ဥအနှစ်လေးပေါက်သွားတဲ့ အရသာလေးနဲ့ လူကြိုက်များတဲ့ Jägerbomb Cocktail  အပြင် Cocktail ချစ်သူတွေ သေချာပေါက် မြည်းစမ်းကြည့်သင့်တဲ့ အရသာဆန်းတဲ့ Cocktail အမယ်တွေ အများကြီး ရပါသေးတယ်။

Exotic_JagerBomb

Exotic BBQ & Restaurant ကို အားလုံးခြုံပြီး ပြောရမယ်ဆိုရင် ဆိုင်နေရာ ကျယ်ကျယ်ဝန်းဝန်းနဲ့ ကျစ်ကျစ်လစ်လစ်ရှိတယ် ၊ သန့်ရှင်းသပ်ရပ်ပြီး သက်တောင့်သက်သာနဲ့ အေးဆေးထိုင်လို့ ကောင်းတယ်။ ကျယ်ဝန်းတဲ့ ကားပါကင်လည်း ရှိတယ်။ စိမ်းစိုတဲ့ အပင်လေးတွေနဲ့ ဆိုင်ရဲ့ Decoration ပိုင်းကို ပြင်ဆင်ပေးထားတာဆိုတော့ မျက်စိအေးပြီး လန်းဆန်း​ အေးမြ​တဲ့ ခံစားမှုလေး ရတယ်။  တစ်ဆိုင်လုံးက အပင်လေးတွေ ၊ မီးရောင်လှလှလေးတွေ ထွန်းပေး ထားတော့ ဓာတ်ပုံလှလှ ရိုက်ချင်သူတွေ အတွက်လည်း အဆင်ပြေတယ်။

Exotic_Interior

 

နောက်ပြီး အရသာရှိပြီး ဈေးနှုန်းသင့်တင့်တဲ့ အစားအသောက်တွေ အစုံရတော့ Foodie တွေရော အသောက်တ လိုင်း ကွီးတို့အတွက်ပါ တစ်နေရာတည်းမှာ အားလုံးပြီးတယ်။ ဒါ့အပြင် Cash နဲ့ရော K Pay နဲ့ပါ ရှင်းလို့ ရတာဆို တော့ အရမ်းမိုက်ပဲ။ ကွီးတို့ လကုန်  Pay Day ရက်လည်းရောက်လာပြီ ၊ အပူရှောင်ရင်း အေးအေးဆေးဆေး Relax လုပ်မယ်လို့ တွေးနေတယ်ဆိုရင်တော့ မရမ်းကုန်း မြို့နယ် အင်းစိန်လမ်းမပေါ် ခဝဲခြံမှတ်တိုင်အနီးမှာရှိတဲ့ Exotic BBQ & Restaurant ဆိုင်လေးကို သွားရောက် မြည်းစမ်းကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်။