အားလုံးပဲ မင်္ဂလာပါ။ ပါတီလို့ဆိုလိုက်တာနဲ့ သီချင်းသံမြူးမြူးကြွကြွတွေ၊ သူငယ်ချင်းတွေစုံစုံလင်လင်နဲ့ လွတ်လွတ်လပ်လပ်ပျော်ရွှင်ရတဲ့ အချိန်ကောင်းတစ်ခုဆိုတာကို ပြေးမြင်ကြမှာပါ။

ပါတီတစ်ခုလုပ်ဖို့ဆိုတာက ပြောရင်တော့ လွယ်မလိုလိုနဲ့ တကယ်တမ်းတော့ ဦးနှောက်စားရတဲ့ကိစ္စတစ်ခုပါ။ ကိုယ်လည်းစိတ်တိုင်းကျမယ်၊ အားလုံးလည်းပျော်ရွှင်ရမယ့် ပါတီပွဲတစ်ခုကို ဖန်တီးနိုင်ဖို့အတွက် ဘာတွေကို အဓိကသိထားရမလဲဆိုတာကို အခုပဲဖတ်ကြည့်လိုက်ရအောင်ပါ။

နေရာထိုင်ခင်း

Source: fuderoso.info

ဘယ်လောက်ပဲ ပိုက်ဆံရှိလို့ နာမည်ကြီးအဆိုတော်တွေငှားငှား၊ အပေါင်းအသင်းတွေများများ ကိုယ်ရွေးချယ်လိုက်တဲ့နေရာက မကောင်းဘူးဆိုရင်တော့ ထိုပါတီပွဲက ဘယ်လိုမှမလှနိုင်တော့ပါဘူး။

ပါတီပွဲအခြေအနေ

Source: www.ramenwasserijromina.be

ကိုယ့်ပါတီပွဲကို ဖိတ်ထားသမျှ ဧည့်သည်တိုင်းဟာ ပြန်သွားပြီဆိုတာနဲ့ ပါတီဘယ်လောက်ကောင်းကြောင်း၊ ဘယ်လောက်ပျော်စရာကောင်းခဲ့သလဲဆိုတာကို ပြန်ပြီးကြွားနိုင်လောက်တဲ့အထိ စိတ်တိုင်းကျအောင် အာရုံစိုက်ပြီး စီစဉ်ပါ။

မီးအပြင်အဆင်

Source: MacGyverisms – WonderHowTo

ကိုယ်ဖန်တီးထားတဲ့ ပါတီပွဲအခြေအနေ၊ ဖွင့်မယ့်သီချင်းပုံစံနဲ့ ကိုက်ညီပြီး လိုက်ဖက်ညီမယ့် မီးအပြင်အဆင်ကို အာရုံထားပြီး ပြင်ဆင်ပါ။

ဂိမ်းတွေ

Source: Baystate Tent & Party Rental

ပါတီပွဲကို လာကြမယ့် လူငယ်အားလုံးက ဂိမ်းတွေကိုလည်း ကြိုက်နှစ်သက်ကြတဲ့ သူတွေဖြစ်နိုင်တာကြောင့် အပြောင်းအလဲလေးဖြစ်စေဖို့အတွက် ပျော်စရာကောင်းတဲ့ ဂိမ်းလေးတွေကိုလည်း စီစဉ်ထားလိုက်ပါ။

ပါတီပွဲပုံစံ

Source: vanwyck.net

ပါတီလို့ဆိုလိုက်တာနဲ့ ပုံမှန်အချိန်တွေနဲ့ လုံးဝမတူဘဲ တဖက်ကနေ ကွဲပြားနေဖို့လိုပါတယ်။ အခြေအနေအချိန်အခါပေါ်မူတည်ပြီး စိတ်ဝင်စားစရာကောင်းမယ့် ပါတီပွဲပုံစံကို ရွေးချယ်ကာ ပြင်ဆင်ပေးပါ။

တေးသီချင်း

Source: ELEVENEWS

ပါတီပွဲပါဆိုကာမှ သီချင်းအေးအေးကြီးတွေ၊ တစ်ပုဒ်ထဲကိုပဲ ဆက်တိုက်ဖွင့်နေလို့မရပါဘူး။ ကိုယ်ပြင်ဆင်ထားတဲ့ ပါတီအမျိုးအစားနဲ့ ကိုက်ညီမယ့် သီချင်းကောင်းတွေကို ရွေးချယ်ဖွင့်ပါ။

သောက်စရာ၊ စားစရာများ

Source: FoodiesFeed

ကဲ…ပါတီအတွက် အပြင်အဆင်တွေအားလုံးကို သေချာစီစဉ်ပြီးရင်တော့ နောက်ဆုံးပိတ်အိတ်နဲ့လွယ် အရေးကြီးကတော့ အစားအသောက်တွေပါပဲ။ ကိုယ်ဖိတ်ထားတဲ့ ဧည့်သည်တွေအကြိုက်၊ လောက်လောက်ငှငှပြင်ဆင်ပေးထားလိုက်ပါ။

Credit: www.eventbrite.co.uk

Featured Image Source: Catering Kvatrić