[Zawgyi]

စိတ္ညစ္စရာေတြကို အစားအေသာက္နဲ႔ ေျဖေဖ်ာက္လို႔ရတယ္ဆိုတာ သိၿပီးၿပီလား။ ေပ်ာ္ရႊင္တဲ့အခါ အစားေကာင္းေသာက္ေကာင္းေတြစားၾကသလို စိတ္ညစ္စရာေတြ ႀကံဳလာတဲ့အခါတိုင္းမွာလည္း အစားအေသာက္ေတြနဲ႔ ေျဖရွင္းလို႔ရပါတယ္ေနာ္။ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ စိတ္ညစ္မႈေတြခံစားေနရရင္ေတာ့ အခုေျပာျပေပးမယ့္ စိတ္ဖိစီးမႈ ေလ်ာ့က်ေစမယ့္အစားအစာေလးေတြသာ အျမန္ဆံုးေျပးစားလိုက္ပါ။

(၁) ငွက္ေပ်ာသီး

Source : unsplash.com

ငွက္ေပ်ာသီးမွာ ဗီတာမင္ဓာတ္မ်ားၾကြယ္ဝစြာပါဝင္တဲ့ အျပင္ပိုတက္စီယမ္ဓာတ္ သံဓာတ္နဲ႔ ကာဗိုဟိုက္ဒရိတ္ဓာတ္မ်ားျပည့္ျပည့္ဝဝပါဝင္ပါတယ္။အဆိုပါဓာတ္ေတြဟာ ခႏၶာကိုယ္အတြက္ အားအင္ေတြ မ်ားစြာျဖစ္ေစႏိုင္သလို စိတ္ညစ္စရာေတြ စိတ္ဖိစီးေတြကို ေလ်ာ့က်ေစဖို႔ ကူညီေပးပါတယ္။ စိတ္ညစ္ေနရင္ေတာ့ နီးစပ္ဆိုင္ကေန ငွက္ေပ်ာသီး အျမန္ဝယ္စားလိုက္ပါ။

(၂) ေခ်ာကလက္

Source : financialexpress.com

ေခ်ာကလက္တစ္ခုမွာ အနည္းဆံုး ကိုကိုးပါဝင္မႈ ၆၅ ရာခိုင္ႏႈန္းရွိတာေၾကာင့္ စိတ္တည္ျငိမ္မႈ လန္းဆန္းတက္ၾကြမႈေတြကို ေပးစြမ္းႏိုင္ပါတယ္။ ဒါ့အျပင္ မဂၢနီဆီယမ္ဓာတ္မ်ားလည္း ၾကြယ္ဝစြာပါတာျဖစ္ၿပီး ေခ်ာကလက္တစ္ကိုက္စားရံုျဖင့္ ခႏၶာကိုယ္အတြက္ ေပ်ာ္ရႊင္ဖြယ္ေဟာ္မုန္းဓာတ္ေတြကိုလည္း ထုတ္လႊတ္ေပးတယ္လို႔ ဆိုပါတယ္။ ေခ်ာကလက္ဟာ စိတ္မၾကည္လင္တာေတြ စိတ္ဖိစီးတာေတြကို အျမန္ဆံုးသက္သာေစတဲ့အတြက္ အမ်ဳိးသမီးေတြ ရာသီလာစဥ္မွာ စားသံုးေပးသင့္တဲ့ အစားအစာတစ္ခုအျဖစ္ ေဆးပညာရွင္ေတြက လမ္းညႊန္ထားတာ ျဖစ္ပါတယ္။

(၃) ဟင္းႏုႏြယ္

Source : Organic Facts

အစိမ္းေရာင္ဟင္းႏုႏြယ္ေတြဟာ ဗီတာမင္ဓာတ္ၾကြယ္ဝစြာ ပါဝင္တဲ့ အသီးအရြက္တစ္မ်ဳိးျဖစ္ပါတယ္။ စိတ္ညစ္ျခင္း စိတ္က်ေရာဂါျဖစ္ျခင္းေတြဟာ ဗီတာမင္ဓာတ္ အလံုအေလာက္မရရွိတဲ့သူေတြမွာ အမ်ားဆံုးျဖစ္ပြားေလ့ရွိတာေၾကာင့္ စိတ္ညစ္လာတဲ့အခါ ဟင္းႏုႏြယ္ရြက္သာ စားလိုက္ပါ။

(၄) ေရ

Source : www.self.com

ေရဓာတ္အလံုအေလာက္မရသူေတြမွာလည္း ေမာပန္းႏြမ္းနယ္ျခင္း၊ စိတ္အလိုမက်ျခင္းမ်ား အမ်ားဆံုးျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ လူတစ္ေယာက္တစ္ေန႔ကို ေသာက္သံုးေပးသင့္တဲ့ ေရပမာဏအတိုင္း ျပည့္ဝစြာေသာက္သံုးေပးဖို႔လိုပါတယ္။ တစ္ေန႔ကိုအနည္းဆံုး ေရ ၆ လီတာခန္႔ ေသာက္သံုးေပးရမွာျဖစ္ပါတယ္။

[Unicode]

စိတ်ညစ်စရာတွေကို အစားအသောက်နဲ့ ဖြေဖျောက်လို့ရတယ်ဆိုတာ သိပြီးပြီလား။ ပျော်ရွှင်တဲ့အခါ အစားကောင်းသောက်ကောင်းတွေစားကြသလို စိတ်ညစ်စရာတွေ ကြုံလာတဲ့အခါတိုင်းမှာလည်း အစားအသောက်တွေနဲ့ ဖြေရှင်းလို့ရပါတယ်နော်။ အကြောင်းအမျိုးမျိုးကြောင့် စိတ်ညစ်မှုတွေခံစားနေရရင်တော့ အခုပြောပြပေးမယ့် စိတ်ဖိစီးမှု လျော့ကျစေမယ့်အစားအစာလေးတွေသာ အမြန်ဆုံးပြေးစားလိုက်ပါ။

(၁) ငှက်ပျောသီး

Source : unsplash.com

ငှက်ပျောသီးမှာ ဗီတာမင်ဓာတ်များကြွယ်ဝစွာပါဝင်တဲ့ အပြင်ပိုတက်စီယမ်ဓာတ် သံဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ်ဓာတ်များပြည့်ပြည့်ဝဝပါဝင်ပါတယ်။အဆိုပါဓာတ်တွေဟာ ခန္ဓာကိုယ်အတွက် အားအင်တွေ များစွာဖြစ်စေနိုင်သလို စိတ်ညစ်စရာတွေ စိတ်ဖိစီးတွေကို လျော့ကျစေဖို့ ကူညီပေးပါတယ်။ စိတ်ညစ်နေရင်တော့ နီးစပ်ဆိုင်ကနေ ငှက်ပျောသီး အမြန်ဝယ်စားလိုက်ပါ။

(၂) ချောကလက်

Source : financialexpress.com

ချောကလက်တစ်ခုမှာ အနည်းဆုံး ကိုကိုးပါဝင်မှု ၆၅ ရာခိုင်နှုန်းရှိတာကြောင့် စိတ်တည်ငြိမ်မှု လန်းဆန်းတက်ကြွမှုတွေကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် မဂ္ဂနီဆီယမ်ဓာတ်များလည်း ကြွယ်ဝစွာပါတာဖြစ်ပြီး ချောကလက်တစ်ကိုက်စားရုံဖြင့် ခန္ဓာကိုယ်အတွက် ပျော်ရွှင်ဖွယ်ဟော်မုန်းဓာတ်တွေကိုလည်း ထုတ်လွှတ်ပေးတယ်လို့ ဆိုပါတယ်။ ချောကလက်ဟာ စိတ်မကြည်လင်တာတွေ စိတ်ဖိစီးတာတွေကို အမြန်ဆုံးသက်သာစေတဲ့အတွက် အမျိုးသမီးတွေ ရာသီလာစဉ်မှာ စားသုံးပေးသင့်တဲ့ အစားအစာတစ်ခုအဖြစ် ဆေးပညာရှင်တွေက လမ်းညွှန်ထားတာ ဖြစ်ပါတယ်။

(၃) ဟင်းနုနွယ်

Source : Organic Facts

အစိမ်းရောင်ဟင်းနုနွယ်တွေဟာ ဗီတာမင်ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ အသီးအရွက်တစ်မျိုးဖြစ်ပါတယ်။ စိတ်ညစ်ခြင်း စိတ်ကျရောဂါဖြစ်ခြင်းတွေဟာ ဗီတာမင်ဓာတ် အလုံအလောက်မရရှိတဲ့သူတွေမှာ အများဆုံးဖြစ်ပွားလေ့ရှိတာကြောင့် စိတ်ညစ်လာတဲ့အခါ ဟင်းနုနွယ်ရွက်သာ စားလိုက်ပါ။

(၄) ရေ

Source : www.self.com

ရေဓာတ်အလုံအလောက်မရသူတွေမှာလည်း မောပန်းနွမ်းနယ်ခြင်း၊ စိတ်အလိုမကျခြင်းများ အများဆုံးဖြစ်တတ်ပါတယ်။ ဒါကြောင့် လူတစ်ယောက်တစ်နေ့ကို သောက်သုံးပေးသင့်တဲ့ ရေပမာဏအတိုင်း ပြည့်ဝစွာသောက်သုံးပေးဖို့လိုပါတယ်။ တစ်နေ့ကိုအနည်းဆုံး ရေ ၆ လီတာခန့် သောက်သုံးပေးရမှာဖြစ်ပါတယ်။