အတွေးအခေါ်ရင့်သန်တဲ့ မိန်းကလေးအများစုက ယောကျ်ားတစ်ယောက်ကိုရွေးချယ်တဲ့အခါမှာ အပေါ်ယံရုပ်ရည် သွင်ပြင်တွေကို ဂရုမစိုက်တတ်ကြပါဘူး။ သူတို့အာရုံစိုက်တတ်ကြတာက ယောကျ်ားတွေရဲ့ အတွင်းစိတ်နေသဘောထားပဲဖြစ်ပါတယ်။ တည်ငြိမ်ရင့်ကျက်တဲ့မိန်းကလေးတွေက ဘယ်လိုယောကျ်ားမျိုးကို စိတ်ဝင်စားတတ်ကြတယ်ဆိုတာ မသိချင်ဘူးလား။

စိတ်သဘောထားပြည့်ဝသူ

Source: Esther De Wolde – Phantom Screens

တချို့အမျိုးသားတွေဟာ ပြင်ပရုပ်လက္ခဏာနဲ့ အတွင်းစိတ်သဘောထားဟာ များစွာကွာခြားနေတတ်ကြပါတယ်။ ရုပ်ရည်က ဆွဲဆောင်မှုမရှိပေမယ့် သူတို့ရဲ့စိတ်နေသဘောထားပြည့်ဝမှုက ဆွဲဆောင်မှုတစ်ခုဖြစ်နေတတ်ပါတယ်။

နားလည်ခွင့်လွှတ်ပေးတတ်သူ

Source: gazetadopovo.com.br

လူ့လောကမှာ အမှားအယွင်းတွေများတတ်ကြတယ်လေ။ နားလည်ခွင့်လွှတ်ပေးတတ်ခြင်းဟာလည်း ယောကျ်ားတစ်ယောက်ရဲ့ စတိုင်ကျတဲ့စိတ်ဓာတ်ပါပဲ။

ကြင်နာတတ်သူ

Source: LoveToKnow Horoscopes

မိန်းကလေးတွေဟာ ကြင်နာယုယမှုတွေကို အမြဲလိုချင်ကြပါတယ်။ ယောကျ်ားအများစုကလည်း အမြဲယုယကြင်နာဖို့ ဝန်လေးတတ်ကြပါတယ်။ ဒီအခါမှာ နှစ်ဦးနှစ်ဖက်ကြား ပဋိပက္ခတွေဖြစ်ရပြီပေ့ါ။ သင်ဟာကြင်နာယုယတတ်တဲ့ ယောကျ်ားတစ်ယောက်ဆိုရင် မိန်းကလေးတွေရဲ့ အထင်ကြီးစိတ်ဝင်စားမှုတွေကို လက်ယက်ခေါ်လိုက်တာပါပဲ။