Restaurants တွေ Bar တွေက ကွီးတို့လို့ အရွယ်ရောက်ပြီးသား ယောကျ်ားလေးတွေနဲ့ အတွက် အလုပ်အကြောင်း ဆွေးနွေးတိုင်ပင်ရာနေရာ ၊ ဘော်ဒါတွေ နဲ့ စုပြီး တော်ကီပွားလို့ကောင်းတဲ့နေရာ နောက်ပြီး အနားယူအပန်းဖြေဖို့ အကောင်းဆုံး ဘုံဗိမာန်လေးတွေလို့ပြော ရင်ငြင်းနိုင်မယ် မထင်ပါဘူး။ဆိုင်ထိုင်တော့မယ်ဆိုရင်လည်း အရသာ၊ဝန်ဆောင်မှု၊ဆိုင်အကျယ်အဝန်း၊အပြင်အဆင် အကုန်ကောင်းတဲ့ ဆိုင်ကို ရွေးမှသာ ဘော်ဒါတွေအကုန်လုံးနဲ့ ပျော်စရာအချိန်လေးကို ဖန်တီးနိုင်မှာပေါ့။ ဒါကြောင့် KWEE က ကွီးပရိသတ်တွေအတွက် ရန်ကုန်မြို့တခွင်က ထိုင်လို့ကောင်းတဲ့ Restaurants တွေ Bar တွေအကြောင်း ရသာဆန်းထူး ကွီး Review အစီအစဉ် အနေနဲ့ စုစည်းတင်ဆက်ပေးနေပါပြီ။

Green_Restuarant

ဒီတစ်ပတ်မှာတော့ အင်းစိန်မြို့နယ် ကြို့ကုန်းမှာ ရှိတဲ့ Green ဆိုတဲ့ Restaurants လေးကိုရွေးချယ်ထားပါတယ်။ ဒီဆိုင်လေးရဲ့ ပထမထူးခြားချက်ကတော့ အင်းစိန်မြို့နယ်မှာ တခုတည်းသော burbrit (Nevana , Rangoon blondle, Burma Pale) ရရှိတဲ့ဆိုင်ဖြစ်ပြီး Infused drink ကောက်ညှင်းဆန်အရက် (ရှမ်းပြည်အရက်) များ၊ ချဥ်ဇော်ခါးသီးစိမ်အရက်၊ ပိန္နဲသီးစိမ်အရက်၊ စပျစ်ခြောက်နဲ့ဇီးသီးစိမ်အရက်၊ မက်မန်းသီးစိမ်အရက် နှင့် ဂွေးသီးစိမ်အရက် စသဖြင့် နိုင်ငံခြားအရက်မျိုးစုံ၊ ရိုးရာအရက် ဖျော်ရည်အပြင် စိတ်ကြိုက်ဘီယာပုလင်း၊သံဗူး လိုလေသေးမရှိ ရနိုင်တဲ့ဆိုင်ဖြစ်တာကြောင့် အပြင်းသောက်မလား ၊ ပေါ့ပေါ့ပါးပါး ဘီယာနဲ့ပဲ Chill မလား စိတ်ကြိုက်ရွေးချယ်စရာ အစုံအလင်ပါပဲ။။

Green_Burbrit&InfusedDrink

အပြင်းပဲကစ်ကစ် ဘီယာပဲသောက်သောက် အလိုက်ဖက် ဆုံးရွေးချယ် စရာ အမြည်းက အကင်လေးတွေပါ။ ဒီဆိုင်လေးမှာက အရသာရှိတဲ့ အကင်တွေကို ဈေးအနည်းဆုံးကနေ အများဆုံးအထိကို ရွေးချယ်စရာ စုံလင်လှတာမို့ အမြည်း ကောင်းကောင်းစားတတ်တဲ့ ကွီးတို့နဲ့ အံကိုက်ပဲဗျ။

ဝန်ဆောင်မှုပေးနေတဲ့ ဆိုင်ဝန်ထမ်းအားလုံးကလည်း ကိုဗစ်ကာကွယ်ဆေးထိုးထားပြီးသားဖြစ်ပြီး ဆိုင်လာရောက်အားပေးတဲ့ ကွီးတို့ကိုလည်း ကိုဗစ်စည်းကမ်းနှင့်အညီ ဝင်ပေါက်မှာ ပိုးသတ်ဆေးဖြန်းပေးပြီး လက်သန့်ဆေးရည် များကိုလည်း ဝန်ဆောင်မှုပေးထားတာမို့ စားသုံးသူရဲ့ကျန်းမာရေးဘေးကင်းလုံခြုံစိတ်ချမှုကို  ထည့်သွင်းစဥ်းစားပေးထားတာပဲဖြစ်ပါတယ်။

Green_VIP

နောက်ပြီး ဒီဆိုင်လေးရဲ့နောက်ထပ်ထူးခြားချက်တစ်ခုက အမျိုးသမီး Waitress တွေ Service ပေးတာဖြစ်လို့ ယောကျာ်းလေးဘော်ဒါတွေနဲ့ပဲ စုလာမလား ၊ မိန်းကလေးသူငယ်ချင်းတွေနဲ့ လာမလား ရှိန်နေစရာမလိုပဲ တော်တော်လေးကို အဆင်ပြေတယ်။ ဒါဆို ဟင်းပွဲတွေကလည်းစုံ၊အကင်အပြင် အထောင်းမျိုးစုံပါ ရတယ်ဆိုတော့ အကြိုက်တွေမတူလို့ ခေါင်းခဲနေစရာမလိုဘဲ တစ်နေရာတည်းမှာ ပျော်ပျော်ပါးပါး စိတ်ကြိုက်စားသောက်နိုင်ပြီပေါ့။ မိသားစုနဲ့ပဲဖြစ်ဖြစ် အလုပ်ကိစ္စအတွက်ပဲဖြစ်ဖြစ် နားအေးပါးအေး အေးအေးဆေးဆေး စကားစမြည်ပြော ချင်တာ မျိုးဆိုရင်လည်း သီးသန့်အခန်းလေး သပ်သပ်ကန့်ထားပေးပါသေးတယ်။ အဲကွန်းခန်းဆိုတော့ ဆေးလိပ်သောက် လို့တော့ မရဘူးပေါ့ဗျာ။ အပြင်ဘက်ကတော့  ကျယ်ကျယ်ဝန်းဝန်းရှိတယ် ၊ လွတ်လွတ်လပ်လပ်နဲ့ သောက်ရင်း စားရင် အနားယူလို့ ရတယ်။

ဒီဆိုင်လေးကိုရောက်ရင် ကွီးတို့ကို မဖြစ်မနေ မှာစားဖို့ညွှန်းချင်တာက Green Restaurant ရဲ့  အထူးဟင်းလျာဖြစ်တဲ့ ပင်လယ်ကမ္ဘာ (Seafood ကမ္ဘာ)ဆိုတဲ့ ဂုံး၊ပန်းဂဏန်း၊ပြည်ကြီးငါး အစရှိသည့်ပင်လယ်စာအစုံကို နို့ထည့်ပြီး အချဥ်နဲ့အစိမ့်ကို ရသာထူးကဲစွာ ပေါင်းစပ်ထားတဲ့ ဟင်းပွဲလေးပဲဖြစ်ပါတယ်။

ချဥ်ငံစပ်ရူးရူးရှဲရှဲနဲ့ ခံတွင်းရှင်းစေမယ့် ဟင်းရည်လေးဆိုရင်တော့ ကိုတံငါပာင်းရည်ကိုသာ မြည်းစမ်းကြည့်လိုက်ပါ။

ဝက်သားကြိုက်တတ်တဲ့ကွီးတို့ဆိုရင်တော့ လျှာပေါ်မှာ နူးညံ့ပျော်ဝင်ပြီး မအီပဲ ရှယ်ဆိမ့်ပြီး စားကောင်းစေမှာကတော့ ဝက်လက်စတူး ဟင်းပွဲပါပဲ။

ဝက်သားကြိုက်တတ်တဲ့ကွီးတို့ဆိုရင်တော့ လျှာပေါ်မှာ နူးညံ့ပျော်ဝင်ပြီး မအီပဲ ရှယ်ဆိမ့်ပြီး စားကောင်းစေမှာကတော့ ဝက်လက်စတူး ဟင်းပွဲပါပဲ။

နာမည်နဲ့လိုက်ဖက်အောင် အရသာထိထိမိမိနဲ့ မွှေးပြီးမွနေတဲ့ ဆိတ်မွထောင်းလေးကလည်း ကွီးတို့အကြိုက်နဲ့ထပ်တူကျမယ်ဆိုတာ အသေအချာပါပဲ။

ဆိုင်ရဲ့အပေါ်ထပ်မှာ Foot Reflexology လို့ခေါ်တဲ့ ခြေထောက်အဆိပ်ထုတ်တာ ၊ ခေါင်းလျော်တာ စတဲ့ အပန်း ဖြေစရာ Spa လေးလဲ ရှိသေးတယ်။

Green_FootReflex

ဒီတော့ သောက်ရင်စားရင် Spa မှာအနားယူရင်း အကောင်းဆုံး အပန်းဖြေ နိုင်မှာဆိုတော့  ကွီးတို့အတွက်ကတော့ တစ်နေရာထဲမှာ ရေမီးအစုံနဲ့ လေထီးခုန်ရုံပဲပေါ့ဗျာ။

ချုံပြီးပြောရမယ်ဆိုရင် Green Restaurants လေးက အေးအေးဆေးဆေးရှိတယ် ၊ သောက်စရာစုံတယ် ၊ အကင် တွေလည်းစုံတယ် ၊ ဈေးနှုန်းလည်း သက်သာတော့ နေ့တိုင်းသောက်ချင်တဲ့ ကွီးတို့အတွက်လည်း အဆင် ပြေတယ် ၊ ဖော်ရွေတဲ့ Waitress တွေနဲ့ Service ပိုင်းကလည်း ပြောစရာမလိုဘူး ၊ အနားယူအပန်းဖြေဖို့ Spa လည်းရှိတယ်၊ Kpay , AYApay , Wavemoney, JCB MPU Card Payment တွေနဲ့လည်း ရှင်းလို့ရတယ် ၊ Percentage ထပ်ပေး စရာ လည်းမလိုဘူးဆိုတော့ ဆိုင်ထိုင်ဖို့စဉ်းစားနေတဲ့ ကွီးတို့ သေချာပေါက် ရွေးချယ်သင့်တဲ့ Restaurants လေး လို့ ညွှန်းဆိုပေးလိုက်ပါရစေခင်ဗျာ။