ဒီနေ့တော့ kwee page က ကွီးတို့ မသိသေးတဲ့ လေယာဉ် ပေါ် မှာရှိတဲ့ လျှို့ဝှတ်ချက်လေးတွေပြေပြပေးမှာပါ။နောက်တခေါက် လေယာဉ်စီးတော့မယ်ဆိုရင် သတိထားပြီး ကြည့်ကြပါ။

လက်ရန်း

Source: Daily Express

တယောက်ယောက်က အိမ်သာသွားဖို့အတွက်မှာ သင့်ရဲ့ ခုံကိုလှမ်းကိုင်ပြီး အားပြုတာကို မုန်းမိမှာအမှန်ပါပဲ။ ဒါက အနှောက်အယှက် အရမ်းဖြစ်စေပါတယ်။ သင်ကိုယ်တိုင်လည်း လေယာဉ်ပေါ်မှာ အိမ်သာသွားတဲ့အချိန်မှာ တခြားသူတွေရဲ့ခုံကို လှမ်းကိုင်ပြီး သွားရမှာပါပဲ။

လေယာဉ်မယ်/မောင်တွေကို ကြည့်လိုက်ပါ။ သူတို့ လမ်းလျှောက်တဲ့အချိန်မှာ လေယာဉ်မျက်နှာကြက်ကို ကိုင်ပြီးသွားတာ တွေ့ပါလိမ့်မယ်။ နောက်တခေါက် လေယာဉ်စီးရရင် မျက်နှာကြက်နှစ်ဖက်ကို လက်နဲ့တွန်းပြီး လျှောက်ကြည့်ပါ။

ပြတင်းပေါက်နားမှာ အပေါက်ရှိတယ်

Source: The Telegraph

လေယာဉ်ပြတင်းပေါက်တွေကို သေသေချာချာ နီးနီးကပ်ကပ် ကြည့်လိုက်ပါ။ အောက်နားလေးမှာ အပေါက် သေးသေးလေးရှိတာကို သင်သတိထားမိပါလိမ့်မယ်။ လေယာဉ် ပြတင်းပေါက်တွေက မှန်သုံးချပ်နဲ့ ပြုလုပ်ထားတာပါ။

အပေါက်သေးသေးလေးကတော့ အလယ်မှန်ချပ်မှာ ရှိပါတယ်။ ရည်ရွယ်ချက်ကတော့ လေယာဉ်အမြင့် ပျံသန်းတဲ့အချိန်မှာ လေဖိအားလျှော့ကျခြင်းကနေ ကာကွယ်ဖို့ပါ။ အပြင်ဘက်ဆုံးက မှန်ချပ်ကတော့ လေဖိအားကို အများဆုံးခံရတာဖြစ်ပြီး အလယ် တချပ်ကတော့ အပြင်နဲ့အတွင်းက လေဖိအားတွေကို ညှိပေးဖို့အတွက် တပ်ဆင်ထားတာပါ။

အတွင်းပိုင်းက မှန်ချပ်ကတော့ အလယ်က မှန်ချပ်ကို ကာကွယ်ပေးဖို့အတွက် တပ်ဆင်ထားတာပါ။

လျှို့ဝှတ်အိပ်ယာ

Source: Business Insider

လေယာဉ်အကြာကြီး စီးရတာဟာ အရမ်းပင်ပန်းတာ စီးဖူးတဲ့သူတိုင်းသိပါတယ်။ ဒါဆိုရင် တရက်ကို ၁၄ နာရီလောက် လေယာဉ်ပေါ်မှာ အလုပ်လုပ်နေရတဲ့ လေယာဉ်မှုးတွေနဲ့လေယာဉ်မယ် တွေဆိုရင် ဘယ်လောက်ထိပင်ပန်းလိမ့်မလဲနော်။

ဒါကြောင့် ဘိုးရင်း ၇၇၇ နဲ့ ၇၈၇ တို့လိုလေယာဉ်ကြီးတွေမှာ လေယာဉ်ဝန်ထမ်းတွေ အနားယူလို့ရအောင် လျှို့ဝှတ်နေရာလေးတွေလုပ်ပေးထားပါတယ်။

ဒီလျှို့ဝှတ်နေရာလေးကတော့လေယာဉ်ရှေ့ခန်းတံခါးနားရဲ့အပေါ်နားလေးမှာ ရှိပါတယ်။ ဒီနေရာကို လေယာဉ် ဝန်ထမ်းတွေပဲ သွားခွင့်ရှိပါတယ်။

လက်ထိပ်

Source: Youtube

တကယ်လို့ ခရီးသည်တွေ လေယာဉ်ပေါ်မှာ ထိန်းမရအောင် သောင်းကျန်းနေမယ်ဆိုရင် လေယာဉ်ဝန်ထမ်းတွေမှာ ချုပ်နှောင်ဖို့ အခွင့်အရေးရှိပါတယ်။ တချို့လေယာဉ် တွေမှာတော့ ရဲတွေအသုံးပြုတဲ့ လက်ထိပ်ကို အသုံးပြုကြပါတယ်။ဒါပေမယ့် အများစုကတော့ ပလတ်စတစ် ကြိုးတွေကို ကိုအသုံးပြုကြပါတယ်။

လေယာဉ်တောင်ပံပေါ်က ချိတ်ကောက်များ

Source: Reader’s Digest

Airbus လေယာဉ်ပြတင်းပေါက်ကနေ ကြည့်လိုက်ရင် လေယာဉ်တောင်ပံပေါ်မှာ အဝါရောင် ချိတ်ကောက်လေးတွေကို မြင်နိုင်ပါတယ်။ ရေပေါ်ကို လေယာဉ်အရေးပေါ် ဆင်းသက်ရတဲ့အချိန်မျိုးမှာ ခရီးသည်တွေက လေယာဉ်အတောင်ပံပေါ်တတ်ပြီး အသက်ကယ် လှေပေါ်တတ်ရလေ့ရှိပါတယ်။

ဒီအချိန်မှာ လေယာဉ်တောင်ပံပေါ်ကနေ ခရီးသည်တွေချော်ထွက်မသွားအောင် လေယာဉ်ဝန်ထမ်းတွေက အဝါရောင် ချိတ်ကောက် တွေကို ကြိုးသွယ်တန်း ဖို့အတွက် အသုံးပြုကြတာပါ။

ကြိုးရဲ့တဖက်ကို လေယာဉ်အရေးပေါ်ထွက်ပေါက်မှာ ချည်ပြီးတော့ နောက်တဖက်ကို လေယာဉ်အတောင်ပံ ပေါ်မှာရှိတဲ့ အဝါရောင် ချိန်ကောက်လေးတွေမှာ ချည်ပြီး ခရီးသည်တွေ ချော်ထွက်မသွားအောင် ပြုလုပ်ကြတာပါ။