မတွေ့ရတာ မဆုံရတာ ကြာတဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ ဒါမဟုတ် လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေအသစ်တွေနဲ့ ကွီးတို့ရဲ့ အိမ်မှာပဲ ပျော်ရွှင်စရာကောင်းတဲ့ House Party လေး လုပ်ဖို့ စဉ်းစားနေပါသလား။ ကွီးတို့ရဲ့ အိမ်မှာပဲ လုပ်မယ်ဆိုရင်တော့ နည်းနည်းတော့ ပြင်ဆင်စရာတွေ စဉ်းစားစရာတွေရှိလာပါပြီ။ ဘယ်လို Party မျိုးပဲ ဖြစ်ပါစေ အဆင်ပြေ ချောမွေ့ပြီး ပျော်ရွှင်စိတ်လှုပ်ရှားစရာ ကောင်းတဲ့ House Party မျိုးဖြစ်အောင် ပြင်ဆင်ရမယ့် အချက်လေးတွေရှိပါတယ်။ ဒါကြောင့် ကွီးတို့ရဲ့ အိမ်မှာပဲ House Party လုပ်မယ်ဆိုရင် ပြင်ဆင်ရမယ့် ရိုးရှင်းတဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကိုယ်ဖိတ်မယ့် ဧည့်သည်တွေကို စာရင်းပြုစုပါ

house-party

Photo : Scope Blog

ကွီးတို့ရဲ့ အိမ်မှာဘဲ House Party လုပ်မယ်ဆိုရင် တစ်ယောက်တည်းတော့ လုပ်လို့မရပါဘူး။ ဒါကြောင့် ဖိတ်မယ့် ဧည်သည့်အရေအတွက်ကို ချရေးထားပြီး စာရင်းပြုစုပါ။ ဒီလို စာရင်းပြုစုထားခြင်းဖြင့် ကွီးတို့အိမ် အကျယ်အဝန်း နဲ့ဖိတ်မယ့် ဧည့်သည် အရေအတွက်ကို ချင့်ချိန်နိုင်မှာဖြစ်ပါတယ်။

(၂) ပါတီစမယ့်အချိန်ကို သေချာရွေးချယ်ပါ

house-party

Photo : Eventbrite

ကွီးတို့ Home Party စမယ့် အချိန်ကို သတ်မှတ်ထားဖို့ အရေးကြီးပါတယ်။ ညပိုင်းမှ စမှာလား၊ ညနေပိုင်းကတည်းက Party စမှာလားဆိုတာ ကွီးတို့ သေချာသတ်မှတ်ထားဖို့လိုပါတယ်။ ဒါမှသာ ဧည့်သည်အကုန်လုံး အချိန်မှီ ရောက်ပြီး လူစုံတတ်စုံနဲ့ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနိုင်မှာ ဖြစ်ပါတယ်။

(၃) Theme တစ်ခုရွေးချယ်ပါ

pool

Photo : At Home In Hollywood

ကွီးတို့ အိမ်မှာပဲ Party လုပ်တော့မယ်ဆိုရင် ပြင်ဆင်ရမယ့် နောက်တစ်ခုကတော့ Party Theme ပဲ ဖြစ်ပါတယ်။ ကွီးတို့က Cocktail Party ၊ Games Night ၊ Pool Party ဒါမှမဟုတ် Slient Disco Home Party စသည်ဖြင့် ကွီးတို့လုပ်မဲ့ ပါတီ အမျိုးအစားကိုရွေးချယ်ပြီး လိုက်ဖက်တဲ့ Theme ကို ပြင်ဆင်ရပါမယ်။ ဒီလို Theme တစ်ခုကို သေချာရွေးချယ် ပြင်ဆင်ထားခြင်းဖြင့် ကွီးတို့ရဲ့ ပါတီ ကို ပိုမို အသက်ဝင်လှုပ်ရှားစေမှာ အမှန်ပဲဖြစ်ပါတယ်။

(၄) သီချင်းရွေးချယ်ပါ

DJ

Photo : Digital DJ Tips

ကွီးတို့ ပါတီ တစ်ခုလုပ်တော့မယ်ဆိုရင် အရေးအကြီးဆုံးကတော့ သီချင်းပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ နောက်ခံ တေးဂီတပဲဖြစ်ဖြစ် ကိုယ်ရွေးချယ်ထားတဲ့ ပါတီ အမျိုးအစားနဲ့ လိုက်ဖက်တဲ့ တေးဂီတကို တီးခတ်တာက ပျော်ရွှင်စရာကောင်းတဲ့ ပါတီ အငွေ့အသက်ကို ဖန်တီးပေးနိုင်ပါတယ်။ ကွီးတို့ အိမ်က အသံလုံတယ်ဆိုရင် DJ ပါထည့်သွင်းပြီး ပျော်လိုက်ပါ။

(၅) စားသောက်စရာ များကို ပြင်ဆင်ပါ

drinks

Photo : Thrillist

ကွီးတို့ အိမ်မှာပဲ Home Party လုပ်မယ်ဆိုရင် ပြင်ဆင် ရမယ့်နောက်ဆုံးတစ်ချက်ကတော့ စားစရာတွေ၊ အထူးသဖြင့် သောက်စရာတွေပြင် ဆင်ထားခြင်းပါပဲ။ ကွီးတို့ ဖိတ်မယ့်ဧည့်သည် အရေအတွက်နဲ့ လုံလောက်တဲ့ အစားအသောက်ပြင်ဆင်ထားရှိပါ။

ဒီလို ရိုးရှင်း လွယ်ကူတဲ့ အချက်လေးတွေက ကွီးတို့ အိမ်မှာပဲ House Party လုပ်မယ်ဆိုရင် ပြင်ဆင်ဖို့ အမှန်တကယ် အထောက်အကူ ပြုပါလိမ့်မယ်။

Source : Slient Disco Party

Featured Photo : Bakers