ပါတီတခု ဖြစ်မြောက်ဖို့ဆိုတာ လွယ်တဲ့အလုပ်တခုတော့မဟုတ်ပါဘူး။ အခုဖော်ပြပေးမဲ့ အချက်တွေကတော့ ပါတီတစ်ခုကိုဖိအားမရှိဘဲ လွယ်လွယ်ကူကူ ဖြစ်မြောက်စေဖို့အတွက် အထောက်အကူပြုပါလိမ့်မယ်။

ပါတီရက် မတိုင်ခင် လေးပတ်မှခြောက်ပက်အတွင်း လုပ်ရမည့်အရာများ

  • ပါတီလုပ်မဲ့နေရာ၊ နေ့ရက်နဲ့ အချိန်ကိုရွေးပါ။
  • ပါတီအတွက် ဖိတ်မဲ့လူစာရင်းပြုလုပ်ပါ။
  • ပါတီမှာပါဝင်မဲ့ အစီစဉ်တွေ(ဥပမာ ဘာဂိမ်းတွေဆော့မလဲ၊ ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ ဖျော်ဖြေပွဲတွေ ပြုလုပ်မလဲစသဖြင့်) ကို ရေးချထားပါ။
  • ပါတီအတွက်လိုအပ်မဲ့အရာတွေကို (အိုးခွက်ပန်းကန်၊ မီးအလှဆင်တာတွေ စသဖြင့်) ကြိုတင်မှာယူထားပါ။
  • ကိုယ်ရဲ့ပါတီမှာ ဖျော်ဖြေရေးထည့်ချင်တယ်ဆိုရင်လည်း ကြိုပြီးတော့ ဘိုကင်တင်ထားပါ။ ဒါမှမဟုတ် စီဒီပဲ ဖွင့်မလား ကြိုပြီး စီစဉ်ထားပါ။

Source: www.open-youth.org

ပါတီရက်မတိုင်ခင် သုံးပတ်အတွင်းလုပ်ရမည့်အရာများ

  • ဖိတ်စာ ပို့ပါ (သို့) ဖုန်းနဲ့ ဖိတ်ပါ။ လာနိုင်မဲ့လူစားရင်းကိုသေချာမှတ်ထားပါ။
  • ဂိမ်းဆော့ရင် လိုမဲ့ အရာတွေကို ကြိုဝယ်ထားပါ။
  • ပါတီအတွက် ကူညီပေးဖို့ မိသားစု (သို့) သူငယ်ချင်းတွေဆီကို အကူအညီတောင်းပါ (သန့်ရှင်းလုပ်ဖို့နဲ့ ဂိမ်းတွေစီစဉ်ဖို့အတွက် လူများများလိုပါတယ်)။

Source: Shutterstock

ပါတီရက်မတိုင်ခင် နှစ်ပတ်အတွင်းလုပ်ရမည့်အရာများ

  • ပါတီအတွက်ဖိတ်ထားတဲ့ လူတွေဆီကနေ ပွဲတတ်ဖို့ အဖြေမရသေးရင် ဖုန်းထပ်ခေါ်ပြီး မေးပါ။
  • ပါတီအတွက် ပါဝင်ကူညီပေးမဲ့သူတွေကို သေချာရွေးပါ။ သူတို့လုပ်ရမဲ့တာဝန်တွေကိုလည်း သေချာရှင်းပြထားပါ။
  • ဂိမ်းတွေဆော့ပြီးရင် ပေးမဲ့ဆုတွေကို ကြိုတင်စီစဉ်ထားပါ။
  • ပါတီမှာ ကိက်ခွဲချင်ရင်ကြိုပြီး မှာထားပါ။

Source: Dissolve

ပါတီရက်မတိုင်ခင် တစ်ပတ်အတွင်း လုပ်ရမည့်အရာများ

  • ပွဲတက်မဲ့ လူတွေဆီ ဖုန်းထပ်ဆက်ပြီး လာဖြစ်မလာဖြစ် ထပ်မေးပါ။
  • ပွဲတက်မဲ့လူတွေအတွက် လက်ဆောင်ပစ္စည်းတွေပြင်ထားပါ။
  • ဆော့မဲ့ဂိမ်းတွေ ပြင်ထားပါ။

Source: Mirror

ပါတီရက်မတိုင်ခင် တစ်ရက်အတွင်းလုပ်ရမည့်အရာများ

အစားအသောက်တွေကြိုပြင်ထားပါ။ ပြန်နွေးပြီးစားလို့ရမဲ့ အရာတွေကို ချက်ပြုတ်ထားပါ။

Source: Shutterstock

ဒီအချက်တွေကတော့ ပါတီလုပ်မဲ့သူတွေအတွက် အသုံးဝင်မဲ့ အချက်တွေပါ။ ဒီအချက်တွေကိုသာ တဆင့်ချင်း လုပ်သွားရင် ပျော်ရွှင်စရာကောင်းတဲ့ ပါတီတခုဖန်တီးနိုင်မှာအမှန်ပါ။