အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ။ Kwee ချန်နယ်ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်။ ကျွန်တော်တို့ ဒီတစ်ခေါက် ရသာဆန်းထူး ကွီး Review အစီအစဉ်ကနေ သူမတူတဲ့ ဂီတဖျော်ဖြေမှု အစီအစဉ်တွေနဲ့ စိတ်လွတ်လက်လွတ် အနားယူ အပန်းဖြေလို့ရမယ့် အမိုက်စား ဆိုင်လေးတစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်လေးကတော့ အရှေ့ဒဂုံမြို့နယ် ၊ ဗိုလ်မှူးဗထူးလမ်းပေါ်မှာရှိတဲ့ Jaguar Bar ဆိုတဲ့ ဆိုင်လေးပဲ ဖြစ်ပါတယ်ဗျ။ဒီဆိုင်လေးကတော့ ဂီတနဲ့ သီချင်းတွေကို ချစ်မြတ်နိုးသူတိုင်း သေချာပေါက် လာရောက်သင့်တဲ့ ဆိုင်လေးတစ် ဆိုင်လို့ ပြောရင်မမှားဘူး။ Bar ထိုင်ပြီဆိုရင် ဆိုင်နေရာ အခင်းအကျင်း ကျယ်ကျယ်ဝန်းဝန်းရှိမှ ၊ အရသာရှိတဲ့ အစားအသောက်တွေ စုံလင်မှ ၊ အမိုက်စား ဖျော်ဖြေရေး အစီအစဉ်တွေလည်းပါဦးမှဆိုတဲ့ ကွီးတို့အတွက်ကတော့ ဒီဆိုင်လေးက လုံးဝအကြိုက်နဲ့ ထပ်တူကျစေမှာ သေချာပါတယ်။

Jaguar Bar_Outside

ပထမဦးဆုံး ဒီဆိုင်လေးကို သဘောကျတဲ့အချက်တစ်ခုက အလုံပိတ် Bar တွေလို မဟုတ်ပဲ Open Type လေးဖြစ် လို့ ထိုင်ရတာ တော်တော်လေး လွတ်လွတ်လပ်လပ်နဲ့ သက်တောင့်သက်သာ ရှိတယ်။ ဆိုင်အပြင်အဆင်က ပေါ့ ပေါ့ပါးပါးနဲ့ လူငယ်ဆန်တဲ့ဘက်ကို သွားတယ်။ ဆိုင်အတွင်းမှာတော့ မီးရောင်ခပ်မှိုင်းမှိုင်းလေးအောက်မှာ သပ်ရပ် ကျယ်ဝန်းတဲ့ Table ဝိုင်းတွေ ပြင်ဆင်ပေးထားတာဆိုတော့ ဘော်ဒါတွေနဲ့အဖွဲ့လိုက် Chill မလား ၊ ချစ်သူလေးနဲ့ပဲ နှစ်ယောက်တည်း ဒိတ်မလား လုံးဝအဆင်ပြေတယ်။

 Jaguar Bar_Indoor

နောက်ပြီး ဒီဆိုင်မှာက မွေးနေ့ပါတီ ကျင်းပချင်သူတွေ ၊ ချစ်သူလေးနဲ့ Anniversary နေ့ရက်လေးကို ရိုမန်တစ် ဆန်ဆန် ဖြတ်သန်းချင်သူတွေနဲ့ Staff Party လို Special Event တွေ ကျင်းပချင်သူတွေအတွက်လည်း သီးသန့် VIP Room တွေ စီစဉ်ပေးထားတယ်။ ပိုမိုက်တာတစ်ခုက VIP Room ထဲမှာ Karaoke ပါအပီအပြင်ဟဲလို့ရအောင် ပြင်ဆင်ပေးထားတာဆိုတော့ KTV တကူးတက သွားစရာမလိုပဲ တစ်နေရာတည်းမှာ အားလုံးအငြိမ်းပါပဲ။ဒါတင်မကသေးပါဘူး တစ်ရက်နဲ့တစ်ရက် မတူညီတဲ့ Music Band တွေရဲ့ အမိုက်စား Unplugged ဖျော်ဖြေ တင် ဆက် အစီအစဉ်လေးတွေလည်းရှိတော့ ညနေခင်းအချိန်တွေမှာ သာယာငြိမ့်ငြောင်းတဲ့ ဂီတသံစဉ်လေးတွေနဲ့ လွင့် မြောချင်သူတွေ အတွက်လည်း ကွက်တိပဲပေါ့။

Jaguar Bar

ကဲဒါဆို ဆိုင်အပြင်အဆင် ၊ ဖျော်ဖြေရေး အစီအစဉ်တွေအကြောင်း ပြောပြီးပြီ ဆိုတော့ ဒီဆိုင်မှာ ဘယ်လိုမျိုးအရသာရှိတဲ့ Signature Menu တွေရလဲဆိုတာ ကျွန်တော်တို့အတူတူ မြည်းစမ်း ကြည့်လိုက်ရအောင်ဗျာ။

Jaguar_SteamedPorkဒီဝက်လက်ပေါင်းဟင်းပွဲလေးရဲ့ အသားကနူးအိနေပြီး ငရုတ်ကောင်းအနံ့မွှေးမွှေးလေးကြောင့် ချိုပြီးပူရှိန်းရှိန်းအရသာလေးဆိုတော့ မအီဘဲစားရတာ တော်တော်ခံတွင်းတွေ့တယ်ဗျ။

Jaguar_Seafood

ပင်လယ်စာအစုံထောင်းဟင်းပွဲလေးကတော့ Jaguar Bar ရောက်ရင် မှာကိုမှာသင့်တဲ့ဟင်းပွဲလေးပါ။ ပုစွန်၊ရေဘဝဲ၊ဂဏန်း၊ပြည်ကြီးငါး၊ကင်းမွန် အမယ်အစုံပါပြီးစျေးကလည်း တော်တော်လေးတန်တယ်။ ထိုင်းစတိုင်ချဥ်ငံစပ်အရသာလေးနဲ့ မိမိုက်နေတဲ့ ဟင်းပွဲလေးပါပဲဗျ။

Jaguar_BBQ

နောက်တစ်မျိုးကတော့ အကင်ဗန်းကြီး။ ဘီယာနဲ့ဘဲသောက်သောက် ဝီစကီပဲကစ်ကစ် အလိုက်ဖက်ဆုံး အမြည်းကတော့ အကင်တွေပါပဲ။ ဒီအကင်ဗန်းထဲမှာတော့ ကြက်အသဲအမြစ်၊ကြက်တောင်ပံ၊ကြက်ဖင်ဆီဖူး၊ဝက်နားရွက်၊ဝက်သုံးထပ်သား၊ဝက်လျှာ၊ဆိတ်ဆာတေး၊ငါးရှဥ့်စသဖြင့် အမယ်စုံလင်လှတယ်။ ဒီအကင်ဗန်းကြီးမှာမယ်ဆိုရင် အောက်မှာပြထားတဲ့ ငါးကချင်ပေါင်းလေးကိုပါ လက်ဆောင်ဟင်းပွဲအဖြစ်ရသေးတယ်ဗျ။

Jaguar_KachinStyleFish

ငါးကချင်ပေါင်းလေးကတော့ အသားကနူးအိနေပြီး ကချင်စတိုင်မို့လို့ အနံ့လေးကတော့ မွှေးကြိုင်ပြီး ဆွဲဆောင်မှုရှိလှတယ်။

Jaguar_SeafoodSoup

ဒီဟင်းပွဲလေးကတော့ ပင်လယ်စာတံငါဟင်းချိုလို့ခေါ်တယ်ဗျ။ ပင်လယ်စာအစုံပါဝင်ပြီး မျှစ်လေးနဲ့ အရည်ကျဲကျဲလေးလို့ သူကတော့ ခံတွင်းရှင်းပြီး အအီပြေစေမယ့် ဟင်းရည်လေးပါ။ဒီဆိုင်မှာက ပြောရရင် ပင်လယ်စာဟင်းပွဲလေးတွေကတကယ်ကိုပဲအရသာရှိပြီး စားရတာ အဆင်ပြေပြီးပေးရတဲ့စျေးနဲ့ တန်တယ်လိုပြောလို့ရတယ်ဗျ။

ဂဏန်းမဆလာချက်လေးကတော့ အနှစ်တွေများများ အသားအပြည့်နဲ့ အနံလေးကမွှေးကြိုင်ပြီး စားရတာ ဆိမ့်ဆိမ့်လေး၊ ထမင်းနဲ့တွဲစားလိုက်ရင် ရှယ်မိုက်ပဲဗျာ။

Jaguar_FrenchFries

ဒါလေးကတော့ ကွီးတို့ အမြဲမှာနေကျ French Fries လေး။သူလေးကတော့ ပေါ့ပေါ့ပါးပါးနဲ့လိုက်ဖက်တဲ့ အမြည်းအမယ်လေးပေါ့.

 Jaguar Barအသောက်ပိုင်းမှာဆိုရင်လည်းတော်တော်လေးစုံလင်တယ်ဗျ။ Mac Arthur ဝီစကီအပြင် ဘီယာထဲမှာဆိုလည်း ဒီအနီးနားတစ်ဝိုက်မှာမရတဲ့ Heineken စည်ဘီယာပါရသေးတယ်ဗျ။ Cocktailထဲမှာဆိုရင်လည်း ဒီ Jaguar Sour လေးကတော့ ချဥ်ပြုံးပြုံးအရသာလေးနဲ့ စားသမျှအအီပြေသွားစေတယ်ဗျ။

ဒီဆိုင်လေးကို အားလုံးခြုံပြီး ပြောရမယ်ဆိုရင် ဆိုင်နေရာ ကျယ်ကျယ်ဝန်းဝန်းနဲ့ လွတ်လွတ်လပ်လပ် အေးဆေး Chill လို့ကောင်းတယ်။ ဆိုင်အပြင်အဆင် Decoration က ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်တယ်။ ဆိုင်ရဲ့ နံရံပေါ်မှာ အလှဆင်ထားတဲ့ ဓာတ်ပုံကားချပ်လေးတွေက ဓာတ်ဖမ်းချင်သူတွေအတွက် ကွက်တိပဲ။ မွေးနေ့ပါတီ ၊ Staff ပါ တီနဲ့ သီးသန့် ပွဲအခမ်းအနားတွေ ကျင်းပချင်သူတွေအတွက်လည်း သီချင်းတွေပါ အပီအပြင်ဟဲလို့ရမယ့် Karaoke ပါပြီးသား VIP Room တွေ ငှားလို့ရတယ်။ နောက်ပြီး ဒီဆိုင်မှာ အရသာရှိတဲ့ အစားအသောက်တွေ စုံလင်ပြီး ရွေး ချယ်စရာ အတော်လေးများတယ်။ တစ်ရက်နဲ့တစ်ရက် လုံးဝမထပ်တဲ့ Unplugged Music Band တွေရဲ့ ဖျော် ဖြေရေး အစီအစဉ်တွေကလည်း လုံးဝအလန်းစားပဲ။ သီချင်းအေးအေးလေးတွေ နားသောတဆင်ရင်း အေးအေး ဆေးဆေး အနားယူအပန်းဖြေချင်သူတွေအတွက် ဒီဆိုင်လေးက လုံးဝအကြိုက်တွေ့စေမှာ သေချာပါတယ်။ ကဲ ဒါဆို ညနေခင်းအချိန်တွေမှာ ဘော်ဒါတွေနဲ့ အစားအသောက်ကောင်းတွေ မြည်းစမ်းရင်း မွန်းကြပ်မှုတွေ ဖြေဖျော က်ချင်တယ်ဆိုရင်တော့ အမှတ်(၁၅၁) ၊ ဗိုလ်မှူးဗထူးလမ်း ၊ အရှေ့ဒဂုံမြို့နယ် ၊ ရန်ကုန်မြို့မှာရှိတဲ့ Jaguar Bar လေးကို အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။