ရန်ကုန်မြို့တခွင်က ထိုင်လို့ကောင်းတဲ့ Restaurants တွေ Bar တွေအကြောင်း စုစည်းတင်ဆက်ပေးနေ တဲ့ “ရသာဆန်းထူး ကွီး Review အစီအစဉ်” ကနေ ပြန်လည်ကြိုဆို လိုက်ပါတယ်နော်။ ဒီတစ်ခေါက်  Review လုပ်ပေးသွားမယ့် ဆိုင်လေးကတော့ ဘူတာရုံလမ်းတဝိုက်က အေးအေးဆေးဆေး ထိုင်ချင်စရာနေရာလေးတစ်ခု ဖြစ်တဲ့ KYAW Bar, B.B.Q & Restaurant ဆိုတဲ့ ဆိုင်လေးပါ။

KYAW_OUTDOOR

ဒီဆိုင်လေးက လေကောင်းလေသန့်ရပြီး လွတ်လွတ်လပ်လပ် အေးအေးဆေးဆေးထိုင်ချင်တဲ့ ကွီးတို့ အတွက်တော့ ရွေးချယ်ဖို့ အသင့်တော်ဆုံးပါပဲ။ ပထမဆုံးဒီဆိုင်လေးမှာ အကြိုက်ဆုံးအချက်ကကား ပါကင် နေရာကျယ်ကျယ်ဝန်းဝန်း ရှိတာပဲ။ ကားပါကင်အတွက် နေရာအလုံအလောက်ရှိတော့ ဆိုင်ထိုင် မယ်ဆို ကားပါကင်ရှာရတဲ့ ပြဿနာလည်း တစ်ပူအေးတာပေါ့။

 

နောက်ထပ် ထူးခြားတဲ့အချက်က ညနေဘက်ဆို အမိုးဖွင့်ပေးထားတာဆိုတော့ Outdoor ဖီလင်ကို အပြည့်အဝ ခံစားရတယ်။ ဆိုင်အတွင်း ဘက် Decoration က ရောင်စုံမီးလေးတွေနဲ့ ပေါ့ပေါ့ပါးပါး လူငယ်ဆန်တဲ့ ပုံစံလေးဘက်သွားတယ်။ ညနေဆည်းဆာမှာ လေတဖြူးဖြူးနဲ့ လွတ်လပ်မှုရဲ့ အရသာကို ငြိမ်ငြိမ့်လေးခံစားရင်း Chill ချင်တဲ့သူတွေ အတွက်တော့ ကွက်တိပါပဲ။

KYAW_OUTDOOR_ROOF

မွေးနေ့ပါတီ ၊ Staff ပါတီတွေ လုပ်ချင်သူတွေအတွက်လည်း  သီးသန့် VIP Room နှစ်ခန်းရှိသေးတယ်။ VIP ခန်းက အနည်းဆုံး လူ ၂၀ ကနေ ၂၅ ယောက်လောက် အေးအေးဆေးဆေး ဆန့်တယ်ဆိုတော့ သူငယ်ချင်းတွေနဲ့ သီးသီးသန့်သန့်လေး ပါတီ လုပ်မလား ၊ ရုံးသမားတွေအတွက် Staff ပါတီပဲ လုပ်မလား တော်တော်လေးကို အဆင်ပြေတယ်။ နေရာအကျယ်အဝန်းနဲ့ ဆိုင်အပြင်အဆင်ကတော့ လုံးဝ Perfect ပဲ ၊  ကဲဒါဆို စားစရာ သောက်စရာတွေရော စုံရဲ့လား ?

ထုံးစံအတိုင်း ဘီယာတွေထဲမှာတော့ Heineken ၊ Tiger ၊ ABC, Tuborg စည်ဘီယာ အစုံရတယ် ၊ ပုလင်းဘီယာ တွေလဲ တော်တော်လေးကို စုံစုံလင်လင်ရတယ်။ အပြင်းကစ်ချင်တဲ့ ကွီးတို့အတွက်လည်း ပြည်တွင်း ဖြစ် ဝီစကီတွေ ၊ နိုင်ငံခြားအရက် အစုံအလင်လည်းရတယ်။

Sky_salad

ဒီဆိုင်လေးမှာ စားစရာနဲ့ ပတ်သတ်ပြီး ရွေးချယ်စရာ တော်တော့်ကို များတယ်။ ကြက်သားထဲမှာဆိုရင် ကြက်ဘီးစတိတ် ၊ ကြက်စတူး ၊ ကြက်သားမျှင်ခြောက်စပ် ၊ ချဉ်ငံစပ် ကြက်ရခိုင်သုပ် ၊ ကြက်မြေအိုး။ ဝက်သားထဲမှာ ဝက်သားလုံးချိုချဉ် ၊ ဝက်ဂုတ်သားကင် ၊ ဝက်နံရိုးချဉ်ငံကြွပ် ၊ ဝက်လက်ပေါင်း ၊ ဝက်ပြည်လုံးချမ်းသာ ၊ ဝက်သားတောချက် အပြင် တခြား ကြက် ၊ ဝက် ၊ ဆိတ် ဟင်းလျာတော်တော်လေးကို စုံစုံလင်လင်ရတယ်။

Kyaw_porklayer_fried

ပင်လယ်စာအနေနဲ့က ဂဏန်း ၊ ပုစွန် ၊ ပြည်ကြီးငါး ၊ ငါးကင် အစုံပဲ။ BBQ အကင်တွေဆိုရင်လည်း အမျိုးပေါင်း ၅၀ နီးပါးလောက်အထိကို ရွေးချယ်စရာ အစုံရှိတယ်။

တရုတ်၊ ယိုးဒယား ဟင်းလျာတွေနဲ့ ဟင်းချို ၊ အသီးအရွက် အကြော်အလှော်အပြင် အကင် ၊ အထောင်း ၊ ငါးကင်  အစုံရပါတယ်။ အဲဒီထဲကမှငါးရှဥ့်ဂွှေးသီးချက်နဲ့  မာလာရှမ်းကော ဟင်းလျာတွေကတော့ ဒီဆိုင်ရဲ့ လူကြိုက်အများဆုံး ဟင်းလျာဖြစ်တဲ့အတွက် မြည်းစမ်းကြည့်ဖို့ တိုက်တွန်းချင်ပါတယ်ဗျ။ ဒီလို စုံလင်တဲ့ စားစရာတွေ အားလုံးတစ်နေရာ တည်းမှာရနိုင်တာဆိုတော့ Foodies တို့အတွက်တော့ ရှယ်ဆွဲပလန်နဲ့ စိတ်ကြိုက် ဆွဲရုံပါပဲ။

kyaw_mala

အားလုံးခြုံငုံပြီး ပြောရမယ်ဆိုရင် ဒီဆိုင်လေးမှာ သောက်စရာစုံတယ် ၊ အရသာ တော်တော်ကောင်းတဲ့ စားစရာတွေ ရွေးချယ်စရာမှ အများကြီး ၊ နောက်ပြီး ကားပါကင်နေရာ လုံလုံလောက်လောက်ရှိတယ် ၊ ဆိုင် အပြင်အဆင် ကျယ်ဝန်းသပ်ရပ်ပြီး လွတ်လွတ်လပ်လပ်နဲ့ အေးအေးဆေးဆေး သောက်လို့ရတယ် ၊  ဆိုင်ဝန်ထမ်းတွေကလည်း ဖော်ရွေပြီး ဝန်ဆောင်မှုတော်တော်လေးကောင်းတယ် ၊ ဘောလုံးပွဲကြည့် ချင်တဲ့ ကွီး တို့အတွက်လည်း ၅၄ လက်မ TV နဲ့ ဘောလုံးပွဲပြသေးတယ်ဗျာ။ ဆိုင်တည်နေရာလေးကလည်း ဘူတာရုံမှတ်တိုင်နားတင်ဆိုတော့ အချက်အချာကျပြီး သွားရေးလာရေးလည်း လွယ်ကူတယ်။

Kyaw_Featured

ဆိုင်လိပ်စာအပြည့်အစုံကတော့ အမှတ် (၅၆) ၊ လှိုင်မြင့်မိုရ် (၄) လမ်း ၊ ၁၀ ရပ်ကွက် ၊ လှိုင်မြို့နယ်ပါ။ ဘူတာရုံမှတ်တိုင်အနီးက KBZ ဘဏ်ဘေးက လမ်းကနေဝင်သွားလို့ ရပါတယ်။ ကဲဒါဆို အေးအေးဆေး ဆေးနဲ့ လွတ်လပ်မှုအရကို အပြည့်အဝခံစားရင်း Chill ချင်တဲ့ ကွီးတို့အတွက်တော့ KYAW Bar, B.B.Q & Restaurant သေချာပေါက် သွားသင့်တဲ့ ဆိုင်လေးပဲ ဖြစ်ပါတယ်ခင်ဗျာ။