ရိုးရိုးဘားဆို မထိုင်ချင်ဘူး၊ Luxury ဆန်ဆန်လေးကိုမှ ဇိမ်ကျ ကျလေးနဲ့ ဘား ထိုင်ချင်တဲ့ ကွီးတို့အတွက် ရန်ကုန်မြို့အတွင်းရှိ ဘားများအကြောင်းကို ဝေမျှပေးသွားချင်ပါတယ်။ ကွီးတို့လည်း အားလပ်ရက်တွေမှာ ကိုယ့်ရဲ့ မိတ်ဆွေ အပေါင်းအသင်းများနှင့် အတူတူ ဘားထိုင်ရင်း တန်ဖိုးရှိတဲ့အချိန်လေးကို ပျော်ပျော်ပါးပါး ကုန်ဆုံးနိုင်ပါတယ်။

50th Street Restaurant & Bar

50th Street Restaurant & Bar

Photo: Facebook

ဒီနေရာလေးကတော့ ၉/၁၃ ၊ လမ်း ၅၀၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့မှာ တည်ရှိပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၀ နာရီခွဲကနေ စဖွင့်တာဖြစ်ပါတယ်။​ ကမ္ဘာ့ဖလားအချိန်ဖြစ်တဲ့အတွက်ကြောင့် ဘောပွဲအချိန်မှာ ဘောလုံးလာကြည့်ရင်း ဘားလာထိုင်ချင်သူများအတွက်လည်း အထူးအစီအစဥ်လေးတွေ ရှိပါသေးတယ်။ ဒါတင်ပဲလားဆိုတော့လည်း မဟုတ်သေးပါဘူး။ တနင်္လာနေ့နဲ့ အင်္ဂါနေ့တိုင်းမှာ Mojito ၊ Rum Sour ၊ Whiskey Sour ၊ Basil Frizz နှင့် Mai Tai ကို Pitcher လိုက်မှ ၂၅၀၀၀ ထဲ ကုန်ကျမှာ ဖြစ်ပါတယ်။

Malibu Bar

Luxury ဇိမ်ကျ ဘား

Photo: Facebook

နေရာထိုင်ခင်းလေးက Luxury ဆန်ပြီး ဇိမ်ကျ ကျ ထိုင်နိုင်တဲ့ နောက်ထပ် ဘား တစ်ခုကတော့ Malibu Bar ပဲဖြစ်ပါတယ်။ တည်နေရာကတော့ အမှတ် (၉) ၊ အင်းယားရိပ်သာလမ်း၊ မရမ်းကုန်မြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၁ နာရီမှ ည ၁၁ နာရီအထိဖြစ်ပါတယ်။

အရသာ ရှိတဲ့ အမြည်းမျိုးစုံကိုလည်း မှာယူစားသုံးနိုင်ပါတယ်။ ပရော်ဖက်ရှင်နယ် ဒီဂျေသမားများရဲ့ ဖျော်ဖြေတင်ဆက်မှုနဲ့ အတူတူ လိုက်ပါစီးမျောနိုင်ပြီး မိမိ ကြိုက်နှစ်သက်ရာ ကော့တေး၊ ဝီစကီ၊ ဘီယာများကိုလည်း စိတ်ကြိုက် မှာယူသောက်သုံးနိုင်ပါတယ်။ အင်းယားကန်ရဲ့ ကန်ရေပြင်လေးကို ငေးမောကြည့်ရှုရင်း အထာကျကျနဲ့ ဘားထိုင်ချင်သူများအတွက်ကတော့ Malibu Bar က အသင့်တော်ဆုံးပါပဲ။

Crush Bar

Luxury ဇိမ်ကျ ဘား

Photo: Facebook

နောက်ထပ် Luxury ဆန်တဲ့ ဘား ကတော့ Crush Bar ပဲ ဖြစ်ပါတယ်။ တည်နေရာကတော့ အမှတ် (၈၈/အေ) ၊ တက္ကသိုလ်ရိပ်သာလမ်း၊ ရန်ကုန်မြို့မှာ တည်ရှိပါတယ်။ အကောင်းဆုံး ဝန်ဆောင်မှုနဲ့အတူ ပျော်စရာကောင်းတဲ့ အချိန်ကို ပိုင်ဆိုင်နိုင်ဖို့အတွက် Crush Bar က ကြိုဆိုနေပါတယ်။

နေ့အလိုက် ဖျော်ဖြေတင်ဆက်မှုများကလည်း အမျိုးမျိုး ပြောင်းလဲကာ ဖျော်ဖြေပေးနေတဲ့အတွက်ကြောင့် စိတ်ပင်ပန်းစရာများ၊ စိတ်ဖိစီးစရာများကို ဖျောက်ဖျက်ပေးနိုင်မယ့် ဘားတစ်ခုပဲ ဖြစ်ပါတယ်။ ဝိုင်းတွေကတော့ ကြိုတင်ဘိုကင် ချိတ်ထားမှ သေချာမှာဖြစ်တဲ့အတွက်ကြောင့် ၀၉ ၂၅၂၀ ၂၂၂၂ ၁ ၊ ၀၉ ၂၅၂၀ ၂၂၂၂ ၃ နှင့် ၀၉ ၇၇၇၇ ၈၀၀ ၆၈ တို့ကို ဆက်သွယ်နိုင်ပါတယ်။

Featured Image: 50thstreetyangon