အားလုံးပဲ မင်္ဂလာပါ။ Kwee ချန်နယ်ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ် ခင်ဗျာ။ ကျွန်တော်တို့ ဒီတစ်ခေါက်မှာ တော့ အရသာရှိတဲ့ Cocktail ဆန်းဆန်းလေးတွေ ရနိုင်တဲ့ ရန်ကုန်မြို့ရဲ့ တစ်ဆိုင်တည်းသော ထူးထူးခြားခြား Cocktail Bar လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်လေးကတော့ ဗဟန်းမြို့နယ် ၊ တက္ကသိုလ်ရိပ်သာ လမ်းမှာ ရှိတဲ့ MadameEm’s ဆိုတဲ့ Cocktail Bar လေးပဲ ဖြစ်ပါတယ်။ ဒီဆိုင်လေးမှာ ဘယ်လို အမိုက်စား Cocktail တွေရမလဲ ၊ ဘယ်လို ထူးခြားမှုလေးတွေ ရှိလဲဆိုတာ ကျွန်တော်နဲ့အတူတူလိုက်ပါ ကြည့်ရှု့ ခံစား ပေးပါအုန်း ခင်ဗျာ။

MadameEm's Cocktail Bar Outdoor

ပထမဆုံး ဒီဆိုင်လေးရဲ့ ထူးခြားချက်တစ်ခုက  ကျွန်တော်တို့ ထိုင်ဖူးနေကျဆိုင်တွေလို ဆိုင်ရှေ့မှာ ဆိုင်းဘုတ် ရယ်လို့ ထားတာမျိုး မရှိဘူး။ သူ့ရဲ့ စတိုင်က Prohibition era လို့ခေါ်တဲ့ ၁၉၂၀ ဝန်းကျင်လောက်က အနောက် နိုင်ငံတွေမှာ အရက်မသောက်ရ တားမြစ်ချက်ထုတ်ထားတဲ့အချိန် ဒိုင်လျိုလေး သွားသောက်ရတဲ့ အရက်ဘား သေးသေးလေးတွေလို သီးသီးသန့်သန့်နဲ့ Privilege ဆန်တဲ့ Vibe မျိုး ရတယ်။ဆိုင်ရဲ့ ဖွဲ့စည်းပုံက ကျစ်ကျစ်လစ်လစ်နဲ့ ဆိုင်ထဲကိုဝင်လိုက်တာနဲ့ တကယ်ကို တိတ်ဆိတ် အေးချမ်းပြီး  ရန်ကုန် မြို့ တွင်းမှာတင်  မြို့ပြရဲ့ မွန်းကြပ်မှုတွေ ခဏတာမေ့ပျောက်သွားသလို ခံစားရစေတဲ့ Private ဖြစ်တဲ့‌ နေရာလေး တစ်ခုပါ။ ပြောရမယ်ဆိုရင် တကယ့်ကို သက်တောင့်သက်သာနဲ့ နားအေးပါးအေးရှိပြီး အေးအေးဆေးဆေး Relax လုပ်ချင်တဲ့ သူတွေအတွက်တော့ တကယ် Paradise ပါပဲ။

ဆိုင်ရဲ့ပုံစံက နှစ်ထပ်ရှိပြီးတော့ ဆိုင်ထဲဝင်ဝင်ချင်းမှာမြင်ရတာက MadameEm’s ရဲ့ Cocktail ဆန်းဆန်းလေး တွေ ဖန်တီးရာ ခမ်းနားတဲ့ Bar Counter နဲ့ Bartender တွေရဲ့ Cocktail ဖျော်စပ်ခြင်း အနုပညာကို အနီးကပ် ကြည့်ရှု့ ခံစားလို့ ရအောင် ခုံလေးတွေလည်း ထားပေးထားတယ်ဗျ။ ဆိုင်ရဲ့ ဘေးတစ်ဖက် တစ်ချက်စီမှာဆိုရင် တော့ ခန့်ညားပြီး ကျယ်ဝန်းတဲ့ ဆိုဖာခုံကြီးတွေနဲ့ Table ဝိုင်းတွေ စီစဉ်ပေးထားဆိုတော့ သက်တောင့်သက်သာနဲ့ လွတ်လွတ်လပ်လပ် အေးဆေးထိုင်လို့ ရတယ်။ တစ်ဆိုင်လုံးက မီးရောင်မှိန်မှိန်လေးနဲ့ တကယ့်ကို Classic ဆန်ပြီး ဆိုင်အပြင်အဆင် ၊ Decoration က အနောက်တိုင်းဆန်ဆန်နဲ့ Luxury ဆန်တဲ့ဘက်ကိုသွားတဲ့ ခံစားမှုမျိုးရတယ်။

အစားအသောက်ပိုင်းကတော့ Cocktail Bar လို့ပြောတဲ့အတိုင်း ဒီဆိုင်ရဲ့ Signature Cocktail ၊ Classic Cocktail တွေအပြင် တခြား နာမည်ဆန်းဆန်းနဲ့ အရသာလည်း ထူးကဲဆန်းကြယ်တဲ့ Cocktail အမျိုးအစား စုံစုံလင်လင် ရတယ်။ နောက်ပြီးဒီမှာက ဖော်ရွေပြီး ကျွမ်းကျင်တဲ့ ဝါရင့် Bartender တွေကို သောက်ချင်တဲ့ Cocktail ပုံစံတွေ စိတ်ကြိုက်ဖျော်စပ်ခိုင်းလို့ ရတာဆိုတော့ တကယ်ကို အမိုက်စားပါပဲ။  စားစရာတွေထဲမှာဆိုရင် Cocktail နဲ့ လိုက် ဖက်ပြီး ပေါ့ပေါ့ပါးပါးစားလို့ရတဲ့ Snack တွေ ၊  Steak ၊ Burger နဲ့ မြန်မာ့ရိုးရာ လက်ဖက်ထမင်း စတဲ့ အရသာရှိ ပြီး ခံတွင်းတွေ့စေမယ့် Menu  တော်တော်များများ ရတယ်ဗျ။ ဆိုတော့ ဒီဆိုင်ရဲ့ ထူးခြားတဲ့ Cocktail တွေနဲ့ Signature Menu တွေရဲ့ အရသာတွေက ဘယ်လိုရှိမလဲ ဆိုတာ ကျွန်တော်နဲ့ အတူတူ မြည်းစမ်းကြည့်လိုက်ရအောင်။

MadameEm's_Cocktail_Bar_ToungeAffairs

ဒီဟင်းပွဲလေးရဲ့ နာမည်ကတော့ It’s all about Tongue တဲ့ဗျ။ အမဲလျှာရဲ့ နူးညံ့မှု ကို Soy Sauce, Miso Sauce တို့နဲ့ လိုက်ဖက်ညီစွာ ဖန်တီးထားလို့ အမဲသားကြိုက်တဲ့ ကွီးတို့ကို မြည်းစမ်းကြည့်သင့်တဲ့ ဟင်းပွဲလေးပါဗျ။

MadameEm's_Cocktail_Bar_Ricebowl

ဒီRice Bowl လေးရဲ့အမည်ကတော့ Tai Tai & the Belly ပါတဲ့။ ဆန်းသစ်တဲ့နာမည်လေးအတိုင်း Maxican Sauce တစ်မျိုးဖြစ်တဲ့ chimichurri ဆော့စ်နဲ့ ထမင်းကို နယ်ထားပြီး ထိုင်ဝမ်စတိုင် ဝက်သုံးထပ်သားကြော်လေးနဲ့ တွဲဖက်ဖန်တီးထားတာဖြစ်လို့ အရသာလေးက တမူထူးခြားဆန်းသစ်ပြီး စားမိသူတိုင်းကို ကြွေဆင်းသွားစေမှာ အသေအချာပါပဲ။

MadameEm's_Cocktial_Bar_CrispyPork

Porky Pork ဆိုတဲ့ထိုင်ဝမ်ဝက်သားကြွပ်ကြော်လေးက ကွီးတို့ Cocktail နဲ့တွဲဖက် စားသုံးမယ်ဆို လိုက်ဖက်နေမှာပါ…

MadameEm's_Cocktail_Bar_FriedChicken

နောက်ထပ်ဟင်းပွဲလေးကတော့ K-drama တွေနဲ့ရင်းနှီးတဲ့ ကွီးတို့ သဘောကျမယ့် ကိုရီးယားကြက်ကြော်ကို Inspire ယူထားတဲ့ Hangul Nuggets လေးပါ။ ကိုရီးယားကြက်ကြော်တွေလိုမျိုး ချိုမြပြီးနူးညံ့တဲ့ ကြက်သားအရသာလေးကို ခံစားရစေမှာဖြစ်ပါတယ်ဗျ။

MadameEm's_Cocktail_Bar_burger

ဒါလေးကတော့ MadameEm’s Bar ရဲ့ အထူးခြားဆုံး ကိုယ်ပိုင် home made ပေါင်မုန့်သားနဲ့ ပြုလုပ်ထားတဲ့ ကြက်သားဟမ်ဘာလေးပါ။ နာမည်လေးကတော့ Not your Basic Chick တဲ့ဗျ။

MadameEm's_Cocktail_Bar_MalaFries

Permesan Cheese ဖြူးထားတဲ့ Mala Chips လေးကတော့ မာလာအရသာစပ်စပ်လေးကိုမှ ချိစ်အရသာဆိမ့်ဆိမ့်လေးနဲ့ဆိုတော့ အတွဲအဖက်ကရှယ်မိုက်တာဗျ။

အစားပြီးရင် အသောက်ပိုင်းကို သွားလိုက်ရအောင်။Cocktail Bar ဆိုတဲ့အတိုင်း ခပ်ပြင်းပြင်း Strong ဖြစ်တဲ့ အရသာ (Empathy Cocktail) မှ ချိုမြမြနဲ့ပေါ့ပေါ့ပါးပါး အရသာ (Humor Cocktail) စသဖြင့် ရသမျိုးစုံ ကွီးတို့ကိုပေးစွမ်းနိုင်မယ့် ကော့တေးမျိုးစုံရရှိနိုင်တဲ့အပြင် ကွီးတို့စိတ်ကြိုက် Base နဲ့ ကြိုက်နှစ်သက်ရာ Cocktailတွေကိုလည််း ဖျော်စပ်ခိုင်းပြီး မြည်းစမ်းနိုင်ပါသေးတယ်ဗျ။

MadameEm’s Cocktail Bar လေးကို အားလုံးချုံပြီး ပြန်ပြောရမယ်ဆိုရင် တကယ်ကို ဆိတ်ငြိမ်အေးချမ်းပြီး အေးအေးဆေးဆေး Relax လုပ်လို့ ကောင်းတယ်။ သူငယ်ချင်းအုပ်စုလိုက်ပဲ သွားမလား၊ ချစ်သူလေးနဲ့ Romantic ဆန်ဆန်ပဲ Date မလား တော်တော်လေး အဆင်ပြေတယ်။ ဓာတ်ပုံကောင်းကောင်း ရိုက်တက်သူတွေအတွက်ဆို လည်း တကယ်ကို ပုံလှလှလေးတွေ ရိုက်လို့ကောင်းတဲ့ ဆိုင်လေးပါ။ Cocktail ဆန်းဆန်းလေးတွေ Try ကြည့်ချင် လို့ပဲ ဖြစ်ဖြစ် ၊ မွန်းကြပ်မှုတွေနဲ့ ဝေးရာမှာ အေးဆေး Relax လုပ်ချင်လို့ပဲ ဖြစ်ဖြစ် Cocktail တစ်ခွက်ရဲ့ အရသာ အတိမ်အနက်ကို သေချာလေး စီးမြောခံစားရင်း ဘဝအမောတွေ ဖြေဖျောက်ချင်တယ်ဆိုရင်တော့ MadameEm’s ဆိုတဲ့ Cocktail Bar လေးကို လာရောက်မြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။