အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ အစားအသောက်ကောင်းတွေ ကြိုက်နှစ်သက်တဲ့ Kwee ပရိသတ်တွေအတွက် ဒီတစ်ခေါက် ရသာဆန်းထူး ကွီး Review အစီအစဉ်ကနေ စမ်းချောင်းမြို့နယ်ထဲက အေးအေးဆေးဆေးနဲ့ ထိုင်လို့ ကောင်းတဲ့ Hidden Place လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီဆိုင်လေးက မြေနီကုန်း ၊ ရှမ်းကုန်းလမ်းထဲမှာရှိတဲ့ Nice Mini Bar & Snacks ဆိုတဲ့ ဆိုင်လေးပါ။ စမ်းချောင်း ဘက်ရောက်ရင် ထိုင်စရာဆိုင်တွေ တော်တော်ပေါတယ်ဆိုပေမယ့် အေးအေးဆေးဆေးနဲ့ နားအေးပါးအေးထိုင်လို့ ရတဲ့ ဆိုင်ကတော်တော် ရှားတယ်။ ဒီဆိုင်လေးက ၁၉၉၅ ဝန်းကျင်လောက်ကတည်းက ဖွင့်လာတာဆိုတော့ ဆိုင် ရဲ့ သက်တမ်းက နှစ်ပေါင်း ၃၀ နီးပါးရှိပြီဆိုပေမယ့် ဆေးဆေးဆေးဆေး Chill ချင်တဲ့ သူတွေလောက်သာ သိတဲ့ ကွက်ပျောက်ဆိုင်လေး။

ပြောရရင် ဒီဆိုင်လေးက ဟောလိဝုဒ် ရုပ်ရှင်တွေထဲမှာ တွေ့ဖူးနေကျ ရပ်ကွက်ထဲက အဖိုးကြီးတွေနဲ့ ကဗျာတွေ စာတွေ အကြောင်း ၊ ရှေးဟောင်းနှောင်းဖြစ်တွေအကြောင်း ထိုင်ပြောဖြစ်ကြတဲ့ Vintage ဆန်တဲ့ Bar ပုံစံလေး။ ဆိုင်ရဲ့ အပြင်အဆင်က Mini Bar ဆိုပေမယ့်လို့ အရမ်းလည်းမကျဉ်း အရမ်းလည်းမကျယ်ဘူး။ တစ်ဆိုင်လုံးက မီးရောင် ဝါကျင့်ကျင့် မီးလေးတွေ သုံးထားတာဆိုတော့ သက်တောင့်သက်သာနဲ့ အေးအေးဆေးဆေးရှိတဲ့ Cozy Vibe လေးရတယ်။

ဆိုင်ထဲဝင်ဝင်ချင်းမှာ ပုလင်းပေါင်းများစွာ စီခြယ်ထားတဲ့ Bar ကောင်တာကြီးတစ်ခုက ဆီးကြိုနေတယ်။ Bar ကောင်တာမှာ ထိုင်သောက်လို့ရအောင်လည်း Bar ထိုင်ခုံအရှည်လေးတွေ ထားပေးထားတယ်။ လွတ်လွတ်လပ် လပ်ထိုင်ချင်တဲ့ သူတွေအတွက်ကတော့ Table ဝိုင်းတွေမှာ ထိုင်လို့ရတယ်။ ဒီထပ်ပိုပြီး Privacy ရှိချင်တယ်ဆိုရင် ဆိုင်ရဲ့အနောက်ဘက်မှာ Room ပုံစံ သီးသီးသန့်သန့်လေးထိုင်လို့ရတဲ့ ဝိုင်လေးတွေ စီစဉ်ပေးထားတယ်။ ဆိုတော့ ရုံးအဖွဲ့တွေနဲ့ TGIF လုပ်မလား ၊ ဘော်ဒါတွေအများကြီးနဲ့ သီးသန့်လေး ထိုင်မလား အဆင်ပြေတယ်။

နောက်ထပ် ထူးခြားတာတစ်ခုက ဆိုင်ရဲ့အနောက်ဘက်ကနေပဲ ဝင်သွားရတဲ့ သီးသန့်ကမ္ဘာလေးတစ်ခု ထပ်ရှိနေ တာပါ။ ဒီနေရာလေးက နောက်ပိုင်းမှ ထပ်ချဲ့လိုက်တဲ့ ဆိုင်ရဲ့ နေရာအသစ်လေး။ အပြင်အဆင်နဲ့ Decoration ပိုင်း ကတော့ လုံးဝ လူငယ်ဆန်ဆန်ပဲ။ ဒီဘက် အခန်းလေးထဲမှာ Bar ကောင်တာတစ်ခု ထပ်ရှိတယ်။ သူက Cocktail သီးသန့်ဖျော်စပ်တဲ့ Cocktail Bar ကောင်တာလေးပါ။ ပြောရမယ်ဆိုရင် တစ်ဆိုင်တည်းမှာပဲ ဆေးဆေးအေးအေး ထိုင်လို့ရမယ့် နေရာလေးတွေရယ် ၊ လူငယ်ဆန်ဆန် Chill လို့ရမယ့် နေရာလေးတွေရယ်ဆိုပြီး စိတ်ကြိုက်ရွေးလို့ ရတာဆိုတော့ တော်တော်လေး မိုက်တယ်။

အစားအသောက်ပိုင်းကို ပြောရမယ်ဆိုရင် ဒီဆိုင်မှာ အရသာရှိတဲ့ ဟင်းပွဲတွေ တော်တော်လေး စုံစုံလင်လင်ရ တယ်။ ထိုင်းစတိုင် ၊ European စတိုင် ၊ BBQ ၊ အကြော်အလှော်အသုပ် ဟင်းလျာတွေ အစုံပဲ။ ပေါ့ပေါ့ပါးပါးနဲ့ မြည်းလို့ကောင်းတဲ့ Snacks တွေလည်း ရတယ်။ နောက်ပြီး ဒီမှာ အမဲသားနဲ့ ပတ်သတ်တဲ့ ဟင်းပွဲတွေ တော် တော်လေး ထူးခြားတယ်။ ကြွပ်ကြွပ်ရွရွနဲ့ စားလို့ အရမ်းကောင်းတဲ့ အမဲချဉ်ငံကြွပ်ကြော် ၊ ချဉ်ငံစပ် ထိထိမိမိရှိတဲ့ အရသာနဲ့ထိုင်းစတိုင် အမဲသားသုပ် ၊ အမဲအူကြမ်းသုပ် ၊ အမဲပင်စိမ်း ဟင်းပွဲတွေ တော်တော်လေးမိုက်တယ်။

ဝက်သားထဲမှာဆိုရင် ဝက်နံရိုးကြော် ၊ ဝက်သားလုံးကြော် ၊ ဝက်ခေါက်ကင်သုပ် ၊ သုံးထပ်သားကြော်တွေ အစုံပဲ။ ဒီဆိုင်ရောက်ရင် မဖြစ်မနေ မြည်းကြည့်သင့်တဲ့ ဟင်းပွဲတွေထဲမှာ ငါးခဲပတ်ကင်နဲ့ ငါးသံပုရာပေါင်းလည်းပါတယ်။ ဘီယာ ၊ ဝီစကီ ကြိုက်တဲ့ Drinks နဲ့ မြည်း တော်တော်လေး လိုက်တယ်။ ချဉ်ချဉ်ငံငံစပ်စပ် အရသာ ပုစွန်အစိမ်း သုပ် ၊ ငါးရှဉ့်ခြောက်စပ်ကြော် ၊ ပုစွန်တန်ပူရာကြော် ၊ ပင်လယ်စာအစုံသုပ် ဟင်းပွဲတွေအပြင် ဆာတေးအကင်တွေ လည်း ရွေးချယ်စရာ တော်တော်စုံတယ်။ European အစားအစာတွေထဲမှာ ဘာဂါ ၊ ပီဇာ နဲ့ Pasta တွေ အစုံရ တယ်။ Soup နဲ့ Desserts တွေလည်း အစုံပဲ။

Drinks တွေထဲမှာဆို Heineken ၊ Tiger ၊ ABC စည်ဘီယာ ၃ မျိုးရတယ်။ ပုလင်းဘီယာတွေကတော့ Brand တော်တော်စုံစုံ ရတယ်။ ကိုရီယားဆန်မယ်ဆိုတဲ့ Lady တို့အတွက် Soju ပါရသေးတယ်။ အပြင်းထဲမှာတော့ ရွေး ချယ်စရာတွေက တော်တော်ကြီးကို စုံတယ်။ တချို့အရက်တွေဆို ဒီမှာ သိပ်ပြီး တွေ့လေ့တွေ့ထမရှိတဲ့ Brand တွေပါ ရတယ်။ ဒီဆိုင်မှာ မိုက်တာတစ်ခုက ဝီစကီကို ပတ်ချိန်နဲ့ မှာလို့ရတယ်။ ပုလင်းလိုက်မှာ မယ်ဆိုလည်း ရတယ်။ ပေါ့ပေါ့ပါးပါးလေး Chill မယ်ဆိုရင်တော့ အရသာဆန်းတဲ့ Cocktail တွေ အစုံရတယ်။

ဒီဆိုင်လေးကို အားလုံးခြုံပြီး ပြောရရင် တကယ်ကို အေးအေးဆေးဆေးရှိပြီး Relax လုပ်လို့ ကောင်းတယ် ၊ ချစ်သူစုံတွဲတွေ အေးအေးဆေ းဆေး ဒိတ်လို့အဆင်ပြေတယ် ၊ ဘော်ဒါတွေနဲ့ ပျော်ပျော်ပါးပါး Chill ချင်တဲ့ သူတွေအတွက်လည်း သီးသန့် နေရာလေးရှိတယ် ၊ အရသာရှိပြီး ဈေးနှုန်းသင့်တင့်တဲ့ အစားအသောက်တွေ တော်တော်စုံတယ် ၊ အပြင်းအပျော့ သောက်စရာ Drinks တွေ အမယ်စုံရတယ် ၊ ဘောလုံးပွဲရှိတဲ့ ရက်တွေဆို ဘောလုံးပွဲ ပြပေးသေးတယ်။

ဒီကာလမှာ Cash အများကြီး မကိုင်ချင်တဲ့ သူတွေအတွက် Kpay နဲ့ ရှင်းလို့ရ အောင် စီစဉ်ထားပေးတယ် ၊ ဒီဆိုင်လေးက နေ့လည် ၁၂ နာရီကနေ ည ၉ နာရီလောက် အထိ တစ်ပတ်လုံး ပိတ်ရက်မရှိ ဖွင့်တယ်။ ဒါဆို ကွီးတို့ အေးအေးဆေးဆေးနဲ့ Private ဖြစ်တဲ့ ဆိုင်လေးမှာ Chill ချင်တယ် ဆိုရင် မြေနီကုန်း ၊ ရှမ်းကုန်းလမ်းထဲက Nice Mini Bar & Snacks ဆိုင်လေးကို သွားရောက်မြည်းစမ်း ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်ခင်ဗျာ။